အချိန်ပို ပုံသေနည်း
အခကြေးငွေပေးချေရေး နည်းဥပဒေ ၂၀
| ခြွင်းချက် |
|
(၁) |
အနည်းဆုံးအခကြေးငွေအမိန့်အရ ခံစားခွင့်ပြုထားသည့် အလုပ်သမားသည်
ထိုအမိန့်ပါ တစ်နာရီလုပ်ခနှုန်း၏ (၂) ဆ ခံစားခွင့်ပြုရမည်။ |
|
(၂) |
လျှပ်စစ်ဓါတ်အားပေးလုပ်ငန်း၊ ရေခဲစက်၊ ရေနံချက်စက်၊
သစ်ပေါင်းတင်လုပ်ငန်း၊ ရေနှင့်ဆီမှုတ်စက်၊ လေအား (သို့)
ဓါတ်ငွေ့အားပြုလုပ်သောစက်၊ ဓါတုဗေဒလုပ်ငန်း၊ အသီးအနှံမှ
ထုတ်ယူသောဆီစက်နှင့် သကြားစက်တို့တွင် လုပ်ကိုင်နေသော
အလုပ်သမားများ၏ အချိန်ပို (၁) နာရီလုပ်ခတွက်ချက်ရာ၌
ဖော်ပြပါပုံသေနည်းတွင် ရက်သတ္တပတ်အလုပ်ချိန် (၄၈) နာရီဖြင့်
တွက်ချက်ရမည်။ ထို့ပြင် သက်ဆိုင်ရာတည်ဆဲဥပဒေတစ်ရပ်ရပ်တွင်
ရက်သတ္တပတ်အလုပ်ချိန် သတ်မှတ်ချက်ရှိလျှင် ထိုအလုပ်ချိန်နာရီဖြင့်
တွက်ချက်ရမည်။ |
အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။