Employment Contract
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရန် ကြေညာခြင်း၊ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇) အရ အလုပ်သမားဦးရေ (၅) ဦးနှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီများ၊ လုပ်ငန်းများနှင့် အစိုးရဌာန အစိုးရအဖွဲ့အစည်းများ၌ ယာယီခန့်ထားသည့် နေ့စားအလုပ်သမားနှင့် ပုတ်ပြတ်အလုပ်သမားများ တစ်ဦးချင်း ချုပ်ဆိုရမည်ဖြစ်သည်။ ထိုသို့ချုပ်ဆိုရာတွင် အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက် လက်မှတ်ရေးထိုးချုပ်ဆိုပြီးပါက သက်ဆိုင်ရာ မြို့နယ် သို့မဟုတ် ခရိုင်ရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ ပေးပို့၍ အတည်ပြုချက် ရယူရမည် ဖြစ်သည်။
https://docs.mgmaemp.com/members/EC-Notification-2017.pdf
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရန်အတွက် အထက်ပါ အမိန့်ကြော်ငြာစာအရ ထုတ်ပြန်သော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပုံစံ ကို အသုံးပြုရမည်ဖြစ်သည်။ ယင်းစာချုပ်ပုံစံတွင် အချက်ပေါင်း ၂၁ ချက်ပါဝင်သည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုခြင်း ဆိုင်ရာ အကြံပြုချက်များ
လိပ်စာနှင့် အလုပ်ရှင်၊ အလုပ်သမားတို့၏ အမည်များ
စက်ရုံ၊ အလုပ်ရုံ၏ တည်နေရာလိပ်စာပြောင်း၊ ပိုင်ရှင်အမည်ပြောင်းခြင်း ကိစ္စများရှိသည့်အခါ အလုပ်သမားများက လိပ်စာအသစ်တွင် ပြောင်းလဲဖွင့်လှစ်သော သို့မဟုတ် ပိုင်ရှင်အသစ်ဖြစ်သော စက်ရုံတွင် အလုပ်ဆက်လက်လုပ်ကိုင်လိုခြင်းမရှိကြောင်း အကြောင်းပြ၍ လျော်ကြေးပေးအလုပ်ထုတ်ခိုင်းသည့် ဖြစ်စဥ်များ ရှိခဲ့ဖူးသည်။ ဤစာချုပ်ပုံစံပါ အမှတ် ၂၁၊ အထွေထွေအပိုင်းရှိ (ဂ) ကို အားကိုးအားထားပြု ဆောင်ရွက်ပါ။
၁။ အလုပ်အကိုင်အမျိုးအစား
၂။ အစမ်းခန့်ကာလ (သို့မဟုတ်) အလုပ်စတင်ဝင်ရောက်သည့်ရက်စွဲ
စတင်ခန့်အပ်သည့်နေ့မှစ၍ ၃ လပြည့်သည့် နေ့အထိ အစမ်းခန့်ကာလ အဖြစ် သတ်မှတ်နိုင်သည်။ ထို့ထက်နည်း၍ ရသည်။ ပို၍ မရပါ။ အလုပ်စတင်ဝင်ရောက်သည့်နေ့ သည် ဆိုသည့်အတိုင်း အလုပ်စတင်ဝင်ရောက်သည့်နေ့သာ ဖြစ်သည်။ အစမ်းခန့်ကာလအပြီး အမြဲတမ်းဝန်ထမ်းဖြစ်သည့်နေ့ကို အလုပ်စတင်ဝင်ရောက်သည့်နေ့အဖြစ် သတ်မှတ်၍ မရပါ။ ထို့အပြင် သက်တမ်းတိုးစာချုပ် ချုပ်ဆိုသောရက်စွဲကိုလည်း ဖော်ပြ၍မရပါ။ အစမ်းခန့်ကာမတိုင်မီ သင်တန်းကာလ ရှိခဲ့လျှင် ထိုသင်တန်းကာလစတင်သည့်ရက်စွဲကိုပင် အလုပ်စတင်ဝင်ရောက်သည့်ရက်စွဲအဖြစ် ဖော်ပြရမည် ဖြစ်သည်။
၃။ လုပ်ခ၊ လစာ
နေ့စား၊ ပုတ်ပြတ် နှင့် လစား သုံးမျိုးရှိသည်။ အများအားဖြင့် နေ့စား နေရာတွင် တစ်ရက်လုပ်ခကို ဖော်ပြကြသည်။ ရုံးဝန်ထမ်းများအတွက် လစား နေရာတွင် ဖော်ပြသည်များလည်း ရှိသည်။ ထိုသို့ ဖော်ပြရာတွင် တွက်ချက်ပေးမည့် အချိန်ပိုလုပ်ခနှုန်းထား၊ မယူဖြစ်သော လုပ်သက်ခွင့်ရက်များအတွက် ငွေကြေးခံစားခွင့်ပေးမည့် တစ်ရက်နှုန်းထားတို့ကိုပါ ထည့်သွင်းစဥ်းစား၍ လုပ်ခ၊ လစာ နှုန်းထားကို ဖော်ပြသင့်သည်။
၄။ အလုပ်အကိုင်တည်နေရာ
၅။ စာချုပ်သက်တမ်း
၆။ အလုပ်ချိန်
၇။ နားရက်၊ အလုပ်ပိတ်ရက်နှင့် ခွင့်ရက်
ဤအပိုင်းတွင် အများအားဖြင့် ဥပဒေ၊ နည်းဥပဒေများ၏ ပြဌာန်းချက်များကို ပြန်ရေးထားခြင်းသာဖြစ်သည်။ သို့သော် …
၈။ အချိန်ပိုလုပ်ကိုင်ခြင်း
အချိန်ပိုလုပ်ခကို သက်ဆိုင်ရာဥပဒေအရ သတ်မှတ်ထားသည့် ပုံသေနည်းအတိုင်း တွက်ချက်ပေးရမည် ဟု ပါဝင်သည်ကို သတိပြုရမည်။ အလုပ်သမားများအတွက် ပိုမိုသာလွန်ကောင်းမွန်သော သဘောတူညီချက်သည် ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များကို လွှမ်းမိုးသည်ဟူ၍ မှတ်ယူမည်ဆိုလျှင် အချိန်ပိုလုပ်ခနှုန်းထားကို မည်သည့်အခြေအနေတွင်မဆို သတ်မှတ်ထားသည့် ပုံသေနည်းဖြင့် တွက်ချက်ပေးရမည်သာ ဖြစ်တော့သည်။
၉။ အလုပ်ချိန်အတွင်း အစားအသောက် အစီအစဥ်
ရှိလျှင် သီးခြားဖော်ပြသင့်သည်။
၁၀။ နေရာထိုင်ခင်း
အလုပ်သမားများအား နေထိုင်ရန် အဆောင်ပေးခြင်း ရှိမရှိကို မေးခြင်းသည်။ ရှိလျှင် အဆောင်စည်းကမ်းများအား သီးခြားဖော်ပြရန် လိုအပ်သည်။
၁၁။ ဆေးဝါးကုသခြင်း
လုပ်ငန်းခွင် ထိခိုက်မှု၊ ရောဂါရရှိမှု နှင့် ဖျားနာခြင်းများအတွက် ဆေးဝါးကုသခြင်းဆိုင်ရာ ကိစ္စရပ်များဖြစ်သည်။
၁၂။ အလုပ်ခွင်သို့ ကြိုပို့ယာဥ် စီစဥ်ပေးခြင်းနှင့် ခရီးသွားလာခြင်း
ဖယ်ရီကား ကိစ္စဖြစ်သည်။ လိုအပ်သလို သီးခြားဖော်ပြသင့်သည်။ ခရီးသွားလာခြင်းအပိုင်းသည် ရုံးဝန်ထမ်းများနှင့် ပို၍ သက်ဆိုင်လိမ့်မည်။
၁၃။ အလုပ်သမားများ လိုက်နာရမည့် စည်းကမ်းချက်များ
၁၄။ အလုပ်ရှင် စေလွှတ်သည့် သင်တန်းသို့ တက်ရောက်ပါက ယင်းသင်တန်းတက်ရောက်ပြီးနောက် ဆက်လက်တာဝန်ထမ်းဆောင်ရန် အလုပ်သမားက သဘောတူညီသည့်ကာလ ကန့်သတ်ချက် (သင်တန်း)
၁၅။ အလုပ်မှနှုတ်ထွက်ခြင်းနှင့် အလုပ်မှရပ်စဲခြင်း
၁၆။ စာချုပ်ရပ်စဲခြင်း
သဘောတူစာချုပ်ရပ်စဲနိုင်သည့် အချက်များ ဖော်ပြထားခြင်းဖြစ်ပြီး ထိုသို့ရပ်စဲခြင်းအတွက် နစ်နားကြေးရန် မလိုဟု မှတ်ယူ၍ မရပါ။
၁၇။ စာချုပ်ပါစည်းကမ်းချက်အတိုင်း တာဝန်ရှိမှုများ
အလုပ်ရှင်နှင့် အလုပ်သမားများ၏ တာဝန်ဝတ္တရားများကို ဖော်ပြထားသည်။ အလုပ်သမားများ၏ တာဝန်ဝတ္တရားများပါ အချက်များကို စည်းကမ်းထိန်းသိမ်းရေးအတွက် အသုံးပြုနိုင်သည်။
၁၈။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အား အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဦးသဘောတူ ဖျက်သိမ်းခြင်း
နှစ်ဘက်သဘောတူညီချက်ဖြင့် စာချုပ်ဖျက်သိမ်းနိုင်ခြင်း ဖြစ်သည်။
၁၉။ အခြားကိစ္စများ (အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများကို ဖြေရှင်းခြင်း)
၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေနှင့် တည်ဆဲဥပဒေများအတိုင်း ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်သည်။