Back

WCC ရွေးကောက်ပွဲ သို့မဟုတ် WCC အလုပ်သမားကိုယ်စားလှယ် ရွေးချယ်ခြင်း

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (Workplace Coordination Committee - WCC) ဖွဲ့စည်းရာတွင် အလုပ်သမားကိုယ်စားလှယ်များကို ရွေးချယ်ရန် အများအခေါ် WCC ရွေးကောက်ပွဲ ပြုလုပ်ရမည်၊ မည်သို့ပြုလုပ်ရမည်ကို အလုပ်သမားဥပဒေတွင် ပြဌာန်းထားခြင်းမရှိပါ။ သို့သော် အလုပ်သမားကိုယ်စားလှယ်သည် အလုပ်သမားများက လွတ်လပ်သောသဘောဆန္ဒဖြင့် ရွေးချယ်ခြင်းခံရသည့် စစ်မှန်သောကိုယ်စားပြုနိုင်သူ ဖြစ်ရမည်ဟူသော အခြေခံသဘောတရားအရ အလုပ်သမားကိုယ်စားလှယ်များကို ရွေးချယ်ရန် အများအခေါ် WCC ရွေးကောက်ပွဲ ပြုလုပ်ရမည်သာ ဖြစ်ပါသည်။ WCC ဖွဲ့စည်းခြင်းနှင့်သက်ဆိုင်သော အလုပ်သမားဥပဒေပြဌာန်းချက်များကို အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်း တွင် ကြည့်ရှုနိုင်ပါသည်။

သို့ရာတွင် လုပ်သားအင်အားအများအပြားဖြင့်လုပ်ကိုင်ရပြီး အလုပ်ချိန်တစ်မိနစ်သည်ပင်လျှင် ကုန်ထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှုရှိသော အထည်ချုပ်လုပ်ငန်းများအနေဖြင့် WCC ရွေးကောက်ပွဲကို အမှန်ဆုံးနှင့် အမြန်ဆုံးဖြစ်အောင် စနစ်တကျ ကြိုတင်ပြင်ဆင်၍ ဆောင်ရွက်တတ်ရန် လိုပါသည်။

ထိုသို့ဆောင်ရွက်နိုင်ရန် အောက်ပါအကြံပြုချက်များကို အသုံးပြုနိုင်ပါသည်။

ကြိုတင်ပြင်ခြင်း
၁။ အုပ်စုခွဲခြင်း - စုစုပေါင်း အလုပ်သမားဦးရေကို ခန့်မှန်းခြေ အုပ်စု ၆ စုခွဲပါ။ ဥပမာအားဖြင့် စုစုပေါင်း အလုပ်သမား ၁၂၀၀ ဦးရှိသည်ဆိုလျှင် ခန့်မှန်းခြေ အလုပ်သမား ၂၀၀ ဦးစီပါဝင်သော အုပ်စု ၆ စုခွဲပါ။ စက်ချုပ်လိုင်းများပေါင်းခြင်း၊ Packing ၊ QC ၊ Warehose နှင့် Cutting တို့ကဲ့သို့ အခြားဌာန (Other Dep.) များပေါင်းခြင်းဖြင့် ခွဲပါ။
၂။ Members READMORE →

Members READMORE →

ထိုသို့သော ဆောင်ရွက်ချက်အဆင့်များပြီးလျှင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းခြင်း ပြီးဆုံးပြီဖြစ်ပါသည်။

WCC ဖွဲ့စည်းရာတွင် ရွေးကောက်ပွဲမပြုလုပ်ခင် ကော်မရှင်ဖွဲ့စည်းခြင်း သို့မဟုတ် လျှို့ဝှက်မဲပေးစနစ်ဖြစ်စေရန် အကာအရံများဖြင့် တစ်ဦးချင်းတန်းစီ မဲပေးခိုင်းခြင်း စသည်ဖြင့် တခမ်းတနား ဆောင်ရွက်မှ လက်ခံသော Audit များ ရှိတတ်ပါသည်။ စက်ရုံ၏ စီမံခန့်ခွဲရေးဘက်တွင်မူ ထိုသို့သောကိစ္စများ ဆောင်ရွက်ရသဖြင့် လက်တွေ့မကျခြင်း၊ ပေါကြောင်ကြောင်နိုင်ခြင်းနှင့် Production ၏ အငြိုအငြင်ခံရခြင်း တို့ကို ခံစားကြရလေ့ရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ အော်ဒါလိုချင်လျှင် Audit ပြောသည့်အတိုင်း လိုက်လုပ်ရမည်သာ ဖြစ်ပါသည်။ ကံကောင်းသည်က ဤအချက်ကို သူဌေးကလည်း သိရှိလက်ခံသည်ဟူသော အချက်ပင် ဖြစ်ပါသည်။

WCC ရွေးကောက်ပွဲ မဲလက်မှတ် နမူနာ

WCC Voting Cards Sample

Softcopy:
WCC Voting Cards Sample

WCC ရွေးကောက်ပွဲ မဲပေးခြင်း မှတ်တမ်း ဓါတ်ပုံများ

အောက်ဖော်ပြပါ မှတ်တမ်းဓါတ်ပုံများသည် ရွှေပြည်သာမြို့နယ် Asian Just Co., Ltd. အထည်ချုပ်စက်ရုံတွင် ပြုလုပ်ခဲ့သော အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) ရွေးကောက်ပွဲ မှတ်တမ်းဓါတ်ပုံများ ဖြစ်ကြပါသည်။ မှတ်တမ်းဓါတ်ပုံများအတွက် Asian Just Co., Ltd. အား ကျေးဇူးတင်ပါသည်။

WCC Election Photos

WCC Election Photos

WCC Election Photos

WCC Election Photos

WCC Election Photos

WCC Election Photos

WCC Election Photos

အထက်ဖော်ပြပါ WCC ရွေးကောက်ပွဲ လုပ်ငန်းစဥ်များသည် ဥပဒေအချက်အလက်များမဟုတ်ကြပါ။ အကြံပြုချက်များသာဖြစ်ပါသည်။ မိမိလိုအပ်ချက်နှင့်ကိုက်ညီအောင် ချဲ့ထွင်၍သော်လည်းကောင်း၊ တီးဖြတ်၍သော်လည်းကောင်း၊ အသုံးပြုနိုင်ပါသည်။ ၎င်းအကြံပြုချက်များကို အသုံးပြုခြင်းကြောင့်ဖြစ်သော အကောင်းအဆိုး အကျိုးဆက်ကို အသုံးပြုသူကာယကံရှင်ကသာ ခံစားရမည် သို့မဟုတ် တာဝန်ယူရမည်ဖြစ်ပါသည်။