Back

အလုပ်တွင်ထိခိုက်မှု

စက်ရုံလုပ်ငန်းများသည် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့် လိုအပ်ချက်များအားလုံး လိုက်နာဆောင်ရွက်ထားရန် အလွန်အရေးကြီးပါသည်။

အလုပ်ရှင်၏ ပြစ်မှုပြစ်ဒဏ်ထိုက်သင့်သော ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်ဖြစ်စေ၊ အလုပ်ရှင်က လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများနှင့် အကာအကွယ်များ ပြုလုပ်မထားခြင်းကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော အလုပ်တွင်ထိခိုက်မှုအတွက် ဆေးကုသမှုကုန်ကျစရိတ်များနှင့် ဤဥပဒေအရ ခံစားခွင့်ရှိသည့် အခြားအကျိုးခံစားခွင့်များကို အလုပ်ရှင်က သတ်မှတ်ချက်များနှင့်အညီ ကျခံရမည်ဖြစ်ပြီး ပျက်ကွက်ခြင်း မရှိစေရ။

ဟု ပြဌာန်းထားပါသည်။ ဆိုလိုသည်မှာ အလုပ်ရှင်၏လိုအပ်ချက်ကြောင့် အလုပ်တွင်ထိခိုက်မှုဖြစ်လျှင် အလုပ်ရှင်က တာဝန်ယူရမည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အလုပ်တွင်ထိခိုက်မှု အကြောင်း သိထားရန် လိုအပ်သည်။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် အပိုဒ် ? တွင်လည်း -

Members READMORE →

ဟုပါရှိသည်။ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၊ ပုဒ်မ ? အရ လူမှုဖူလုံရေးအဖွဲ့သည် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်ကို သတ်မှတ်ချက်များနှင့်အညီ အောက်ပါအတိုင်း စီစဥ်ထားရှိရသည်။

Members READMORE →

ဤ စာမျက်နှာတွင် အလုပ်တွင်ထိခိုက်မှုကြောင့်ဖြစ်သော ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်များနှင့် အမြဲတမ်း မသန်စွမ်းမှုနှင့် ဆိုင်သည့် အကျိုးခံစားခွင့်များ အကြောင်း စုစည်းတင်ပြပေးမည်ဖြစ်ပါသည်။

ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်

Members READMORE →

အမြဲတမ်း မသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်

Members READMORE →

ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များ

Members READMORE →

တို့ကို ပြဌာန်းထားပါသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး

Members READMORE →

နိဂုံးချုပ်

အချုပ်အားဖြင့်ဆိုရလျှင် စက်ရုံ အလုပ်ရုံများအနေဖြင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်အတွက် မှတ်ပုံတင်ပြီး သတ်မှတ်ထားသော ထည့်ဝင်ကြေးငွေများ ပေးသွင်းထားကြရန် လိုအပ်သည့်အပြင် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံနှင့် အကာအကွယ်များ ပြုလုပ်ဆောင်ရွက်ထားရန် အရေးကြီးပါသည်။ ထို့အပြင် လူမှုဖူလုံရေးနည်းဥပဒေ ၁၈၀၊ အပိုဒ် (ခ) အရ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ကို မှတ်ပုံတင်ပြီးပါက ထည့်ဝင်ကြေးကာလ အပိုင်းအခြား သတ်မှတ်ချက်မရှိဘဲ ခံစားခွင့်ရှိခြင်းကြောင့် အလုပ်သမားသစ်များအား လူမှုဖူလုံရေးအဖွဲ့ နေပြည်တော်၏ ညွှန်ကြားချက်အမှတ် (၅/၂၀၁၄) အရ ၁၀ ရက်အတွင်း သို့မဟုတ် ထို့ထက် စောနိုင်သမျှ စောလျင်စွာ လူမှုဖူလုံရေး မှတ်ပုံတင်ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

ဖိုင်များရယူရန်