အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ၊ ပုဒ်မ ၁၈(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။
| ၁။ |
ဤနည်းဥပဒေများကို ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများဟု ခေါ်တွင်စေရမည်။ |
| ၂။ |
ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည့်အပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်- |
|
(က) |
ဥပဒေဆိုသည်မှာ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေကို ဆိုသည်။ |
|
(ခ) |
စစ်ဆေးရေးအရာရှိဆိုသည်မှာ ဥပဒေပုဒ်မ ၁၂ အရ တာဝန်ချထားသည့် သို့မဟုတ် ခန့်ထားသည့် စစ်ဆေးရေးအရာရှိကို ဆိုသည်။ |
|
(ဂ) |
စစ်ဆေးရေးအရာရှိချုပ်ဆိုသည်မှာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။ |
|
(ဃ) |
ဦးစီးဌာနဆိုသည်မှာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနကို ဆိုသည်။ |
|
(င) |
ရက်သတ္တပတ်ဆိုသည်မှာ စနေနေ့ ညဉ့်သန်းခေါင်အချိန်မှ စတင်ရေတွက်သော တစ်ဆက်တည်း ခုနှစ်ရက် ကာလအပိုင်းအခြားကိုဆိုသည်။ |
|
(စ) |
သက်ဆိုင်ရာနှစ်ဆိုသည်မှာ ဥပဒေအရ အလုပ်သမားရထိုက်ခွင့်ရှိသော ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များ ခံစားခွင့်ရှိသည့်နှစ်ကို ဆိုသည်။ |
|
(ဆ) |
ရှောင်တခင်ခွင့်ရက်ဆိုသည်မှာ မမျှော်လင့်သော ရုတ်တရက်အကြောင်းကိစ္စ ပေါ်ပေါက်ခဲ့လျှင် ရထိုက်ခွင့်ရှိသော ခွင့်ရက်ကိုဆိုသည်။ |
|
(ဇ) |
ဆေးလက်မှတ်ခွင့်ရက်ဆိုသည်မှာ မမာမကျန်းဖြစ်သည့်အခါ ရထိုက်ခွင့်ရှိသော ခွင့်ရက်ကိုဆိုသည်။ |
|
(ဈ) |
မီးဖွားခွင့်ရက်
ဆိုသည်မှာ အမျိုးသမီးအလုပ်သမားများ ကိုယ်ဝန်ဆောင်နေစဉ်နှင့် မီးဖွားပြီးချိန်ရထိုက်ခွင့်ရှိသော ခွင့်ရက်ကိုဆိုသည်။ ယင်းစကားရပ်တွင် ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်သော ကိုယ်ဝန်ပျက်ကျမှုလည်း ပါဝင်သည်။ |
|
(ည) |
ရက်သတ္တပတ်အလုပ်ပိတ်ရက်ဆိုသည်မှာ ရက်သတ္တပတ်လျှင်အနည်းဆုံး တစ်ရက်အနားပေးသည့် ရက်ကိုဆိုသည်။ |
|
(ဋ) |
အများပြည်သူအလုပ်ပိတ်ရက်ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာဖြင့် နှစ်စဉ်ထုတ်ပြန်ကြေညာသည့် အများပြည်သူအလုပ်ပိတ်ရက်များကိုဆိုသည်။ |
|
(ဌ) |
ခွင့်မှတ်တမ်းဆိုသည်မှာ ခံစားခွင့်ပေးသော ခွင့်အမျိုးအစားအလိုက် ထားရှိရမည့် မှတ်တမ်းကို ဆိုသည်။ |
|
(ဍ) |
သတ်မှတ်အလုပ်ချိန်ဆိုသည်မှာ လုပ်ငန်းအလိုက်သက်ဆိုင်သည့် အလုပ်သမား ဥပဒေက အလုပ်သမားအမျိုးအစားအလိုက် ခွင့်ပြုထားသည့် တစ်ရက်ခွင့်ပြုအလုပ်ချိန်၊ ရက်သတ္တပတ်ခွင့်ပြုအလုပ်ချိန်တို့ကို ဆိုသည်။ |
|
(ဎ) |
အခြေခံလစာငွေဆိုသည်မှာ ပြက္ခဒိန်လတစ်လတွင် လုပ်ကိုင်ရသည့် အလုပ်တာဝန်နှင့်အညီ ရရှိမည့် လစာငွေကိုဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခ၊ ရှားပါးစရိတ်နှင့် အပိုဆုကြေးငွေများ စသည့် မည်သည့်စရိတ်မျှမပါဝင်။ |
|
(ဏ) |
သက်ဆိုင်ရာရာအခကြေးငွေဆိုသည်မှာ အလုပ်သမားလုပ်ရမည့် အလုပ်တာဝန်နှင့်အညီ အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက်ကြိုတင်သဘောတူညီထားသော နာရီအလိုက်ရရှိသည့် အခကြေးငွေ သို့မဟုတ် တစ်ရက်သတ်မှတ်အလုပ်ချိန်အတွက် ရရှိသည့်နေ့စားခနှုန်း သို့မဟုတ် ထုတ်လုပ်မှုအရေအတွက်နှင့် ဝန်ဆောင်မှုပမာဏပေါ်မူတည်၍ ရရှိသည့် ပုတ်ပြတ်လုပ်ခတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခ၊ ရှားပါးစရိတ်နှင့် အပိုဆုကြေးငွေများစသည့် မည်သည့်စရိတ်မျှမပါဝင်။ |
|
(တ) |
နေ့စားအလုပ်သမားဆိုသည်မှာ တစ်ရက်သတ်မှတ်အလုပ်ချိန်အတွက် အလုပ်လုပ်ကိုင်ရပြီး ထိုနေ့အတွက် လုပ်ခကို အလုပ်ရှင်နှင့် သဘောတူညီထားသည့် နှုန်းဖြင့် ရရှိသည့် အလုပ်သမားကို ဆိုသည်။ |
|
(ထ) |
လစားအလုပ်သမားဆိုသည်မှာ ပြက္ခဒိန်လတစ်လအတွက် ပုံသေလစာသတ်မှတ်လုပ်ကိုင်သည့် အလုပ်သမားကို ဆိုသည်။ |
|
(ဒ) |
ပုတ်ပြတ်အလုပ်သမားဆိုသည်မှာ ထုတ်လုပ်မှုအရေအတွက် သို့မဟုတ် ဝန်ဆောင်မှုပမာဏပေါ် မူတည်၍ အလုပ်ရှင် အလုပ်သမား နှစ်ဦးသဘောတူ ကြိုတင်သတ်မှတ်ထားသည့် အခကြေးငွေနှုန်းဖြင့် လုပ်ကိုင်ရသည့် အလုပ်သမားကို ဆိုသည်။ |
|
(ဓ) |
လုံခြုံရေးဝန်ထမ်းဆိုသည်မှာ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနနှင့် လုပ်ငန်းများရှိ အစောင့်လုံခြုံရေးဝန်ထမ်းကို ဆိုသည်။ ယင်းစကားရပ်တွင် ဥပဒေပါကိစ္စများ အလို့ငှာ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နေအိမ်အစောင့်လုံခြုံရေးဝန်ထမ်းများ မပါဝင်။။ |
|
(န) |
ပုံစံဆိုသည်မှာ ဤနည်းဥပဒေများတွင် သတ်မှတ်ထားသော ပုံစံကိုဆိုသည်။ |
ရက်သတ္တပတ်အလုပ်ပိတ်ရက်
| ၃။ အလုပ်သမားသည် သက်ဆိုင်ရာဥပဒေအရ ရက်သတ္တပတ်သတ်မှတ်အလုပ်ချိန်ပြည့်အောင် လုပ်ခဲ့ပြီးဖြစ်လျှင် ရက်သတ္တပတ်အလုပ်ပိတ်ရက် အနည်းဆုံးတရက်ကို သက်ဆိုင်ရာရာ အခကြေးငွေ သို့မဟုတ် အခြေခံလစာငွေဖြင့် ခံစားခွင့်ရှိသည်။ |
| ၄။ ရက်သတ္တပတ် သတ်မှတ်အလုပ်ချိန်ကို တွက်ချက်ရန်အလို့ငှာ လုပ်ခခံစားခွင့်ရှိသည့် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များကို တရားဝင်အလုပ်လုပ်ရက်အဖြစ် ထည့်သွင်းတွက်ချက်ရမည့်အပြင် အလုပ်ရှင်က အလုပ်မပေးနိုင်၍ အလုပ်နားရသည့်ရက်များလည်း ပါဝင်သည်။ လုပ်ခခံစားခွင့်ရှိသည့် ခွင့်ရက် သို့မဟုတ် အလုပ်ပိတ်ရက်တစ်ရက်အတွက် တစ်ရက်သတ်မှတ် အလုပ်ချိန်ကိုသာ ထည့်သွင်းရန်ဖြစ်သည်။ |
| ၅။ အလုပ်သမားသည် ရက်သတ္တပတ်အလုပ်ပိတ်ရက် ကုန်ဆုံးပြီးနောက်တစ်ရက်မှ စတင်၍ ခွင့်တစ်မျိုးမျိုး ခံစားလျှင် သို့မဟုတ် ခွင့်ရက်ကုန်ဆုံးပြီးနောက်ရက်သည် ရက်သတ္တပတ်အလုပ်ပိတ်ရက်ဖြစ်လျှင် အဆိုပါ ရက်သတ္တပတ် အလုပ်ပိတ်ရက်သည် ခွင့်ရက်နှင့် အကျုံးဝင်သက်ဆိုင်ခြင်း မရှိစေရ။ သို့သော် ရက်သတ္တပတ် အလုပ်ပိတ်ရက်မတိုင်မီက စတင်ပြီး ရက်သတ္တပတ် အလုပ်ပိတ်ရက်ကုန်ဆုံးပြီးသည့် နောက်တစ်ရက်အပါအဝင်ထိ ခွင့်ခံစားခြင်းဖြစ်လျှင် အဆိုပါ ရက်သတ္တပတ်အလုပ်ပိတ်ရက်ကို ခွင့်ရက်အဖြစ် အကျုံးဝင်သက်ဆိုင်စေရမည်။ ထိုရက်သတ္တပတ်အလုပ်ပိတ်ရက်ကို အခြားတစ်ရက်သို့ ပြောင်းလဲတောင်းခံခွင့်မပြုရ။ |
| ၆။ အလုပ်သမားသည် ရက်သတ္တပတ်အလုပ်ပိတ်ရက် ကုန်ဆုံးပြီး နောက်တစ်ရက်မှ စတင်၍ နောင်ရက်သတ္တပတ် အလုပ်ပိတ်ရက်အထိ ခွင့်ခံစားပါက နောက်ရက်သတ္တပတ်အလုပ်ပိတ်ရက်ကို ခွင့်ရက်အဖြစ် သတ်မှတ်ရမည်။ |
| ၇။ အလုပ်သမားသည် ရက်သတ္တပတ်အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရပါက ရက်သတ္တပတ် အလုပ်ပိတ်ရက်မကျရောက်မီ အများပြည်သူအလုပ်ပိတ်ရက်မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင်ဖြစ်စေ၊ ရက်သတ္တပတ်အလုပ်ပိတ်ရက်ကျရောက်ပြီးနောက် အများပြည်သူအလုပ်ပိတ်ရက်မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင် ဖြစ်စေ၊ ထိုရက်သတ္တပတ်အလုပ်ပိတ်ရက်အတွက် ရက်အစားထိုး၍ အနားပေးရမည်။ ထိုသို့ ရက်အစားထိုးအနားရပါက အချိန်ပိုလုပ်အားခ ခံစားခွင့်မရှိစေရ။ |
| ၈။ အလုပ်သမားတစ်ဦးဦးအား အလုပ်ပိတ်ရက် တစ်ရက်လုံးမရစေဘဲ အဆက်မပြတ် တစ်ဆယ်ရက်ထက်ပို၍ အလုပ်လုပ်ရခြင်းကိုဖြစ်စေမည့် မည်သည့်ရက်အစားသွင်းခြင်းကိုမျှ မပြုရ။ |
| ၉။ ရက်သတ္တပတ် အလုပ်ပိတ်ရက်တွင် လုပ်ငန်းသဘာဝအရ မဖြစ်မနေ အလုပ်လုပ်ရန် အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်ပါက အလုပ်သမား၏ ဆန္ဒကိုရယူပြီး ယင်းနေ့မတိုင်မီ ဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုမိန့်တောင်းခံရမည်။ ခွင့်ပြုချက်ရမှသာ အလုပ်ခိုင်းစေရမည်။ |
| ၁၀။ ထိုသို့ ရက်သတ္တပတ် အလုပ်ပိတ်ရက်တွင် အလုပ်လုပ်စေရန် ကြံရွယ်ကြောင်းနှင့် ရက်သတ္တပတ်အလုပ်ပိတ်ရက်ကို မည်သည့်နေ့တွင် ရက်အစားထိုး၍ အနားပေးမည်ဖြစ်ကြောင်း အနည်းဆုံး ၂၄ နာရီအကြိုတင်၍ စစ်ဆေးရေးအရာရှိထံသို့ ကြိုတင်အကြောင်းကြားပြီး ဖြစ်ရမည့် အပြင် အလုပ်ဌာန၌လည်း အလုပ်သမားများမြင်သာအောင် ကပ်ထားရမည်။ |
| ၁၁။ အလုပ်သမားသည် ရက်သတ္တပတ်အလုပ်ပိတ်ရက်၌ အလုပ်လုပ်ရ၍ ထိုနေ့မတိုင်မီ အများပြည်သူအလုပ်ပိတ်ရက် မဟုတ်သည့် သုံးရက်အနက် တရက်ရက်တွင်ဖြစ်စေ၊ ထို့နေ့နောက်အများပြည်သူအလုပ်ပိတ်ရက် မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင်ဖြစ်စေ အစားထိုးအလုပ်ပိတ်ရက်ရပြီးဖြစ်လျှင် အလုပ်သမား၏ ရက်သတ္တပတ် အလုပ်လုပ်သည့်အချိန်ကို တွက်ချက်ရာတွင် ထိုအလုပ်ပိတ်ရက်အတွက် အလုပ်ချိန်ကို အလုပ်သမားအား အစားထိုးအနားပေးသည့် သက်ဆိုင်ရာရက်သတ္တပတ်တွင် ထည့်သွင်းရမည်။ |
| ၁၂။ လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်သူများ၊ အဆိုင်းစနစ်တွင် လုပ်ကိုင်သည့် အလုပ်သမားများသည် အလုပ်ရှင်နှင့် သဘောတူညီထားသည့်အတိုင်း ရက်သတ္တပတ်အလုပ်ပိတ်ရက်ကို အလှည့်ကျသည့် အလုပ်ပိတ်ရက်ပေးသော စနစ်ဖြင့် ခံစားရမည်။ |
| ၁၃။ ရက်သတ္တပတ် အလုပ်ပိတ်ရက်သည် အများပြည်သူအလုပ်ပိတ်ရက်နှင့် တစ်ထပ်တည်းကျရောက်ခဲ့လျှင် ထိုနေ့ကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခံစားခွင့်ပြုရမည်။ |
| ၁၄။ ရက်သတ္တပတ် အလုပ်ပိတ်ရက်အတွက် သက်ဆိုင်ရာရာအခကြေးငွေကို တွက်ချက်ရာတွင် နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့အတွက် လုပ်ခနှုန်းဖြင့် လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် ရက်သတ္တပတ် အလုပ်ပိတ်ရက်မတိုင်မီ ခုနှစ်ရက်အတွင်းရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ် လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ဖြင့် စား၍ ရရှိသော ပျမ်းမျှလုပ်ခနှုန်းဖြင့်လည်းကောင်း တွက်ချက်ရမည်။ |
| ၁၅။ အလုပ်ရှင်သည် ရက်သတ္တပတ် အလုပ်ပိတ်ရက်အတွက် ငွေကြေးခံစားခွင့်များကို မှတ်တမ်းအဖြစ် ထိန်းသိမ်းထားရှိပြီး ဦးစီးဌာနသို့ ပုံစံ (၄)ဖြင့် ငွေကြေးခံစားခွင့်မှတ်တမ်းကို လစဉ်ပေးပို့ရမည်။ |
အများပြည်သူအလုပ်ပိတ်ရက်
| ၁၆။ နေ့စားနှင့် ပုတ်ပြတ်အလုပ်သမားများသည် အများပြည်သူအလုပ်ပိတ်ရက်အပါအဝင်သက်ဆိုင်ရာဥပဒေ အရ ရက်သတ္တပတ်သတ်မှတ်အလုပ်ချိန်ပြည့်အောင် လုပ်ခဲ့ပြီးဖြစ်လျှင် အများပြည်သူအလုပ်ပိတ်ရက်ကို သက်ဆိုင်ရာရာအခကြေးငွေဖြင့် ခံစားခွင့်ရှိသည်။ |
| ၁၇။ အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရမည်ဆိုပါက အလုပ်သမား၏ ဆန္ဒကို ရယူပြီး ယင်းနေ့မတိုင်မီ ဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုမိန့်တောင်းခံရမည်။ ခွင့်ပြုချက်ရမှသာ အလုပ်ခိုင်းစေရမည်။ |
| ၁၈။ အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်စေရန် ကြံရွယ်ကြောင်းကို အနည်းဆုံး ၂၄ နာရီကြိုတင်၍ စစ်ဆေးရေးအရာရှိထံသို့ ကြိုတင်အကြောင်းကြားပြီး ဖြစ်ရမည့်အပြင် အလု့ပ်ဌာန၌လည်း အလုပ်သမားများမြင်သာအောင် ကပ်ထားရမည်။ |
| ၁၉။ အများပြည်သူအလုပ်ပိတ်ရက် အတွက် အခြေခံလစာငွေ သို့မဟုတ် သက်ဆိုင်ရာရာအခကြေးငွေကို တွက်ချက်ရာတွင် လစားအလုပ်သမားများအတွက် တစ်လစာ၏ ၃၀ ပုံ ၁ ပုံနှင့် ညီမျှသော အခကြေးငွေဖြင့်လည်းကောင်း၊ နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့အတွက် လုပ်ခနှုန်းဖြင့်လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် အများပြည်သူအလုပ်ပိတ်ရက်မတိုင်မီ ခုနှစ်ရက်အတွင်း ရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ဖြင့် စား၍ရရှိသော ပျမ်းမျှလုပ်ခနှုန်းဖြင့် လည်းကောင်း တွက်ချက်ရမည်။ |
| ၂၀။ အလုပ်ရှင်သည် အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်သမားအား အလုပ်ခိုင်းစေရာ၌ တစ်ရက်သတ်မှတ်အလုပ်ချိန်ပြည့်အောင် ခိုင်းစေခြင်းမရှိဘဲ အချိန်ပိုင်းမျှသာ ခိုင်းစေသော်လည်းလုပ်ခကို ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း သက်ဆိုင်ရာရာ အခြေခံအခကြေးငွေကိုသော်လည်းကောင်း၊ အခြေခံလစာငွေကိုသော် လည်းကောင်း ပေးမြဲနှုန်း၏ နှစ်ဆပေးချေရမည်။ |
| ၂၁။ အလုပ်ရှင်သည် အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်သမားအား အလုပ်ခိုင်းစေရာ၌ တစ်ရက်သတ်မှတ်အလုပ်ချိန်ပြည့်အောင် ခိုင်းစေသည့်ကိစ္စတွင် ပုတ်ပြတ်အလုပ်သမားများအတွက် ထိုနေ့ရရှိသည့် ထုတ်လုပ်မှုအရေအတွက် သို့မဟုတ် ဝန်ဆောင်မှုပမာဏ ပေါ်မူတည်၍ ရရှိသော လုပ်ခ၏ နှစ်ဆကိုပေးချေရမည်။ |
| ၂၂။ အလုပ်သမားသည် အများပြည်သူအလုပ်ပိတ်ရက် ကုန်ဆုံးပြီးနောက်တစ်ရက်မှ စတင်၍ ခွင့်တစ်မျိုးမျိုးခံစားလျှင် သို့မဟုတ် ခွင့်ရက်ကုန်ဆုံးပြီးနောက်ရက်သည် အများပြည်သူအလုပ်ပိတ်ရက်ဖြစ်လျှင် အဆိုပါအများပြည်သူ အလုပ်ပိတ်ရက်သည် ခွင့်ရက်နှင့် အကျုံးဝင်သက်ဆိုင်ခြင်း မရှိစေရ။ သို့သော် အများပြည်သူအလုပ်ပိတ်ရက်မတိုင်မီက စတင်ပြီး အများပြည်သူအလုပ်ပိတ်ရက်ကုန်ဆုံးပြီးသည့် နောက်တစ်ရက် အပါအဝင်ထိ ခွင့်ခံစားခြင်းဖြစ်လျှင် အဆိုပါအများပြည်သူအလုပ်ပိတ်ရက်ကို ခွင့်ရက်အဖြစ် အကျုံးဝင်သက်ဆိုင်စေရမည်။ ထိုအများပြည်သူအလုပ်ပိတ်ရက်ကို အခြားတစ်ရက်သို့ ပြောင်းလဲ တောင်းခံခွင့်မပြုရ။ |
ရှောင်တခင်ခွင့်ရက်ခံစားခြင်း
| ၂၈။ အလုပ်သမားသည် အလုပ်စတင်ဝင်ရောက်သည့်အချိန်မှ လုပ်သက်နှစ်လပြည့်သည့် အခါတိုင်း ရှောင်တခင်ခွင့် တစ်ရက်နှုန်းကို သက်ဆိုင်ရာနှစ်အတွင်း သက်ဆိုင်ရာရာ အခကြေးငွေ သို့မဟုတ် အခြေခံလစာငွေအပြည့်ဖြင့် ခံစားခွင့်ရှိသည်။ သို့ရာတွင် လုပ်သက်နှစ်လမပြည့်သော်လည်း ခိုင်လုံသော အကြောင်းပြချက်ရှိပါက ရှောင်တခင်ခွင့်ရက်ကို အလုပ်ရှင်က ခံစားခွင့်ပြုရမည်။ |
| ၂၉။ ရှောင်တခင်ခွင့်ရက်ကို တစ်ကြိမ်လျှင် အများဆုံးသုံးရက်ထိ ခံစားနိုင်ပြီး သုံးရက်ထက်ကျော်လွန်ခံစားရန် အကြောင်းထူးရှိပါက အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူထံသို့ ခိုင်လုံသောအကြောင်းပြချက်ဖြင့် တင်ပြပါက သုံးရက်ထက်ကျော်လွန်သည့် ရှောင်တခင် ခွင့်ရက်ကို ခွင့်ပြုနိုင်သည်။ |
| ၃၀။ ရှောင်တခင်ခွင့်ရက်ကို သတ်မှတ်ခွင့်ပုံစံဖြင့် တင်ပြရမည်။ သို့ရာတွင် အကြောင်းကြောင်းကြောင့် အလုပ်ခွင်သို့ လာရောက်နိုင်ခြင်းမရှိလျှင် တယ်လီဖုန်းဖြင့်ဖြစ်စေ၊ ကြေးနန်းဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဖြစ်စေ ခွင့်တိုင်ကြားနိုင်ပြီး ခွင့်ရက်ကုန်ဆုံး၍ အလုပ်ခွင့်သို့ ပြန်လည်ရောက်ရှိသည့်အခါ သတ်မှတ်ထားသော ခွင့်တိုင်ကြားပုံစံကို ဖြည့်စွက်၍ အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့် ရှိသူထံ တင်ပြရမည်။ |
| ၃၁။ ရှောင်တခင်ခွင့်ရက်နှင့် တစ်ဆက်တည်း အခြားခွင့်ရက်တစ်မျိုးမျိုးကို တောင်းခံခဲ့သော်ရှောင်တခင်ခွင့်ရက် ပျက်ပြယ်ပြီး ရှောင်တခင်ခွင့်နှင့် ဆက်၍ တောင်းခံသော အခြားခွင့်ရက် တစ်မျိုးမျိုးကို ရှောင်တခင်ခွင့်ရက် စသည့်နေရက်မှစ၍ သတ်မှတ်ခွင့်ပြုရမည်။ |
| ၃၂။ ရှောင်တခင်ခွင့်ရက် တစ်ရက်အတွက် သက်ဆိုင်ရာရာအခကြေးငွေကို တွက်ချက်ရာတွင် နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့လုပ်ခနှုန်းဖြင့် လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် ရှောင်တခင်ခွင့်ရက်မတိုင်မီ တစ်ဆက်တည်းဖြစ်သော ခုနှစ်ရက်အတွင်း ရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ပေါင်းဖြင့်စား၍ ရရှိသော ပျမ်းမျှလုပ်ခ နှုန်းဖြင့် လည်းကောင်း တွက်ချက်ရမည်။ |
| ၃၃။ အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူသည် ရှောင်တခင်ခွင့်ရက်မှတ်တမ်းများကို သိမ်းဆည်းထားရှိပြီး သတ်မှတ်ပုံစံဖြင့် ဦးစီးဌာနသို့ လစဉ်ပေးပို့ရမည်။ |
လုပ်သက်ခွင့်ရက်ခံစားခြင်း
| ၃၄။ လုပ်ငန်းသဘာဝအရ တစ်ဆက်တည်း တစ်ဆယ့်နှစ်လပြည့်အောင် လုပ်ကိုင်ရခြင်းမရှိသည့် လုပ်ငန်းတစ်ခုခုတွင် လုပ်သက်ခွင့်ကို အချိုးကျခံစားနိုင်သည်။ |
| ၃၅။ လုပ်သက်ခွင့်ရက်တွက်ချက်ရန်အလို့ငှာ လုပ်ခခံစားခွင့်ရှိသည့် ခွင့်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များကို တရားဝင်အလုပ်လုပ်ရန်အဖြစ် ထည့်သွင်းတွက်ချက်ရမည်။ |
| ၃၆။ အလုပ်သမားသည် လုပ်သက်ခွင့်ရက် တစ်ဆက်တည်း တစ်ဆယ်ရက် ခံစားနေသည့် ကာလအတွင်း ကျရောက်သည့် အလုပ်ပိတ်ရက်များကို လုပ်သက်ခွင့်ရက်၌ ထည့်သွင်းတွက်ချက်ရမည်။ |
| ၃၇။ အလုပ်ရှင်သည် မိမိ၏ အလုပ်သမားများ လုပ်သက်ခွင့်ရက် ယူနိုင်စေရန် ထိုသူတို့၏ လုပ်သက်ခွင့်ရက်နှင့် သက်ဆိုင်သည့် တစ်ဆယ့်နှစ်လဖြစ်သော ကာလအပိုင်းအခြား၏ နောက်ဆုံးနေ့မှစ၍ သုံးလအတွင်း အလုပ်သမားခံစားခွင့်ရှိသော လုပ်သက်ခွင့်ရက် မည်မျှရရှိကြောင်း တွက်ချက်မှုစာရင်းကို ထုတ်ပြန်ကြေညာပေးရမည့်အပြင် ထိုစာရင်းပါ မည်သည့်နေ့မှ မည်သည့် နေ့အတွင်း အလုပ်သမားတစ်ဦးစီခံစားရမည့် လုပ်သက်ခွင့်ရက်များစာရင်းကို ထုတ်ပြန်ကြေညာပြီး လုပ်ငန်းခွင်၌ အများမြင်သာသော နေရာတွင် ကပ်ထားရမည်။ |
| ၃၈။ |
(က) |
လစားအလုပ်သမားများ၏ လုပ်သက်ခွင့်ရက်အတွက် ပျမ်းမျှလစာငွေကို လုပ်သက်ခွင့်ရက် စတင်ခံစားသည့် နေ့မတိုင်မီ တစ်ဆက်တည်းဖြစ်သော ရက် ၃၀ အတွင်း ရရှိသည့် လစာငွေကို အမှန်တကယ် အလုပ်လုပ်ရက်ဖြင့် စား၍ရသော တစ်ရက် ပျမ်းမျှလစာငွေဖြင့် ခံစားခွင့်ပြုရမည်။ |
|
(ခ) |
နေ့စားနှင့် ပုတ်ပြတ်အလုပ်သမားများ၏ လုပ်သက်ခွင့်ရက်အတွက် ပျမ်းမျှအခကြေးငွေကို လုပ်သက်ခွင့်ရက်မတိုင်မီ တစ်ဆက်တည်းဖြစ်သော ရက် (၃၀) အတွင်း ရရှိခဲ့သည့် လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ပေါင်းဖြင့် စား၍ရသော ပျမ်းမျှလစာနှုန်းဖြင့် ခံစားခွင့်ပြုရမည်။ |
| ၃၉။ လုပ်သက်ခွင့်ရက်ခံစားသူများအား ခွင့်ရက်ကာလမစမီ လုပ်သက်ခွင့်ရက်အတွက် လစာ သို့မဟုတ် အခကြေးငွေကို ကြိုတင်ထုတ်ပေးရမည့်အပြင် ထိုသို့ ထုတ်ပေးမည်ဖြစ်ကြောင်းကို အလုပ်သမားများအား အသိပေးထားရမည်။ |
| ၄၀။ အလုပ်သမားသည် အလုပ်ရှင်ထံ ကြိုတင်အကြောင်းကြားစာပေးပို့၍ မိမိဆန္ဒအရ အလုပ်မှနုတ်ထွက်ပါက မိမိရထိုက်ခွင့်ရှိသော လုပ်သက်ခွင့်ရက်ကာလအတွက် ငွေကြေးခံစားခွင့်ကို အလုပ်ရှင်ထံ တင်ပြတောင်းဆိုနိုင်သည်။ |
| ၄၁။ အလုပ်ရှင်သည် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်အရဖြစ်စေ၊ လုပ်ငန်းသဘာဝအရ သတ်မှတ်ထားသည့် လုပ်ငန်းခွင်စည်းကမ်းအရဖြစ်စေ အလုပ်ရပ်စဲခံရသော အလုပ်သမား၏ လုပ်သက်ခွင့်ကာလအတွက် ရထိုက်ခွင့်ရှိသော ငွေကြေးခံစားခွင့်ကို ထုတ်ပေးရမည်။ |
| ၅၀။ |
အလုပ်ရှင်သည်- |
|
(က) |
အလုပ်သမား၏ ရှောင်တခင်ခွင့်ရက်၊ ဆေးလက်မှတ်ခွင့်ရက်နှင့် မီးဖွားခွင့်ရက် တို့ကို သက်ဆိုင်ရာရာအခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ၊ လုပ်သက်ခွင့်ရက်ကို သက်ဆိုင်ရာ ပျမ်းမျှအခကြေးငွေဖြင့်ဖြစ်စေ၊ ပျမ်းမျှလစာငွေဖြင့် ဖြစ်စေ ခံစားခွင့်ပြုရမည်။ ရှားပါးစရိတ်ပေးထားလျှင် ထည့်သွင်းခံစားခွင့်ပြုရမည်။ |
|
(ခ) |
အလုပ်သမား၏ လုပ်သက်ခွင့်ရက်ကို ခံစားခွင့်ရှိသည့်နေ့မှစ၍ တစ်ဆယ့်နှစ်လအတွင်း သက်ဆိုင်ရာရာ ပျမ်းမျှအခကြေးငွေဖြင့်ဖြစ်စေ၊ ပျမ်းမျှလစာငွေဖြင့်ဖြစ်စေ ခံစားခွင့်ပြု၍ ရထိုက်ခွင့်ရှိသည့် အခကြေးငွေခံစားခွင့်ကို ခွင့်မခံစားမီ ကြိုတင်ထုတ်ပေးရမည်။ |
|
(ဂ) |
မိမိအလုပ်ဌာနရှိ အလုပ်သမားများ အလှည့်ကျ လုပ်သက်ခွင့်ရက်ခံစားနိုင်ရန် လုပ်သက်ခွင့်ရက်နှင့်သက်ဆိုင်သည့် တစ်ဆယ့်နှစ်လဖြစ်သော ကာလအပိုင်းအခြား၏ နောက်ဆုံးနေ့မှစ၍ သုံးလအတွင်း အလုပ်သမားတစ်ဦးစီ ခံစားခွင့်ရှိသော လုပ်သက်ခွင့်ရက် မည်မျှရရှိကြောင်း တွက်ချက်မှုစာရင်းကို ထုတ်ပြန်ကြေညာပေးရမည့်အပြင် အလုပ်သမားများ လုပ်သက်ခွင့်ရက်ခံစားနိုင်သည့် ကာလအပိုင်းအခြားကိုလည်း သတ်မှတ်ပေးရမည်။ |
|
(ဃ) |
အလုပ်သမားက လုပ်သက်ခွင့်ရက်မခံစားမီ အလုပ်မှနုတ်ထွက်ခြင်း၊ အလုပ်မှ ရပ်စဲခံရခြင်း၊ အလုပ်ထုတ်ပစ်ခံရခြင်း၊ သေဆုံးခြင်းဖြစ်လျှင် ရထိုက်ခွင့်ရှိသည့် လုပ်သက်ခွင့်ရက်ကာလအတွက် ခံစားခွင့်များကို ဖြစ်စဉ်ဖြစ်သည့်နေ့မှအလုပ်ဖွင့်ရက်နှစ်ရက်အတွင်း ငွေကြေးခံစားခွင့်ပေးရမည်။ |
|
(င) |
သေဆုံးသည့်အလုပ်သမား၏ ရထိုက်ခွင့်ရှိသည့် လုပ်သက်ခွင့်ရက် အခကြေးငွေခံစားခွင့်ကို ၎င်း၏တရားဝင်ကိုယ်စားလှယ်အား ထုတ်ပေးရမည်။ |
|
(စ) |
အကြောင်းတစ်ခုခုကြောင့် လုပ်ငန်းယာယီပိတ်သိမ်းရလျှင်ဖြစ်စေ၊ အပြီးပိတ်သိမ်းရလျှင်ဖြစ်စေ၊ အလုပ်သမားကို လုပ်သက်ခွင့်ရက်ကာလအတွက် ရထိုက်ခွင့်ရှိသည့် အခကြေးငွေခံစားခွင့်ကိုဖြစ်စေ၊ လုပ်ငန်းသဘာဝအရ တစ်ဆက်တည်း တစ်ဆယ့်နှစ်လမလုပ်ရသည့် လုပ်ငန်းများတွင် ရထိုက်ခွင့်ရှိသော လုပ်သက်ခွင့်ရက်ကို ဖြစ်စေ တွက်ချက်ခံစားခွင့်ပြုရမည်။ |
|
(ဆ) |
မီးဖွားခွင့်ရက် သို့မဟုတ် ဆေးလက်မှတ်ခွင့်ရက် ခံစားခြင်းကို အကြောင်းပြု၍ အလုပ်သမားအား လက်ရှိရာထူးအဆင့်မှ လျှော့ချခြင်း၊ လစာလျှော့ချခြင်း၊ အလုပ်ဌာနနေရာ ပြောင်းရွှေ့ခြင်း၊ အလုပ်မှ ထုတ်ပယ်ခြင်း မပြုရ။ |
|
(ဇ) |
ဤနည်းဥပဒေများအရ သတ်မှတ်သည့်ပုံစံ (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)နှင့် (၆)တို့ကို ရေးသားဖြည့်စွက်ပြီး စစ်ဆေးရေးအရာရှိက အချိန်မရွေးစစ်ဆေးနိုင်ရန် အသင့်စီမံထားရှိရမည့်အပြင် တစ်ဆယ့်နှစ်လကာလအထိ သိမ်းဆည်းထားရမည်။ |
|
(ဈ) |
ဥပဒေနှင့်အညီ ရထိုက်ခွင့်ရှိသော အလုပ်သမားများ၏ ခွင့်ခံစားမှုမှတ်တမ်းများကို ပုံစံ (၇)ဖြင့် လစဉ်လဆန်း ခုနှစ်ရက်ထက် နောက်မကျဘဲ စစ်ဆေးရေးအရာရှိထံ ပေးပို့ရမည်။ |
|
(ည) |
လုပ်ငန်းလိုအပ်ချက်အရ အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်ကိုင်လိုပါက အလုပ်သမား၏ သဘောဆန္ဒရယူ၍ စစ်ဆေးရေးအရာရှိထံ ပုံစံ(၈)ဖြင့် တင်ပြပြီး ခွင့်ပြုချက်ရယူ လုပ်ကိုင်ရမည်။ |