| ၁။ |
(က) |
ဤဥပဒေကို အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးဥပဒေဟု ခေါ်တွင်စေရမည်။ |
|
(ခ) |
ဤဥပဒေသည် ထုတ်ပြန်ကြေညာပြီး (၃)လ ပြည့်မြောက်သည့်နေ့ရက်မှစတင်၍ အာဏာတည်စေရမည်။ |
| ၂။ |
ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်- |
|
(က) |
အလုပ်ရှင် ဆိုသည်မှာ အစိုးရဌနာ၊ အစိုးရအဖွဲ့အစည်းတွင်လည်းကောင်း၊ အမြဲတမ်း သို့မဟုတ် ယာယီလုပ်ကိုင်သော အလုပ်သမားသတ်မှတ်ဦးရေနှင့် အထက် လုပ်ကိုင်လျက်ရှိသည့် သမဝါယမပိုင်း၊ ပုဂ္ဂလိကပိုင် သို့မဟုတ် ဖက်စပ်ပိုင်းလုပ်ငန်းတွင်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုတွင်လည်းကောင်း၊ ကုမ္ပဏီတွင်လည်းကောင်းအလုပ်သမားခန့်ထားပိုင်ခွင့်ရှိသူ သို့မဟုတ် ယင်းအလုပ်သမားခန့်ထားပိုင်ခွင့်လွှဲအပ်ခြင်းခံရသူကိုဆိုသည်။ |
|
(ခ) |
အလုပ်သမား ဆိုသည်မှာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွင်လည်းကောင်း၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင် သို့မဟုတ် ဖက်စပ်ပိုင်လုပ်ငန်းတွင်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုတွင်လည်းကောင်း၊ ကုမ္ပဏီတွင်လည်းကောင်း၊ ကျွမ်းကျင်မှုလိုသော အလုပ်ကိုဖြစ်စေ၊ အသင့်အတင့် ကျွမ်းကျင်မှုလိုသော အလုပ်ကိုဖြစ်စေ၊ ကျွမ်းကျင်မှုမလိုသောအလုပ်ကိုဖြစ်စေ အခကြေးငွေဖြင့် လုပ်ကိုင်သူကိုဆိုသည်။ ယင်းစကားရပ်တွင် အလုပ်သင်အဖြစ် လုပ်ကိုင်သူလည်းပါဝင်သည်။ |
|
(ဂ) |
စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဤဥပဒေပါ ကိစ္စများအလို့ငှာ ပြဋ္ဌာန်းသတ်မှတ်သည့်လုပ်ငန်းအမျိုးအစားတစ်ခု သို့မဟုတ် အများကိုလည်းကောင်း၊ စက်ရုံ၊ အလုပ်ရုံခွဲ၊ လုပ်ငန်းခွဲ၊ အလုပ်ရုံဌာနခွဲနှင့် လုပ်ငန်းဌာနခွဲ တစ်ခုခု၏ အမျိုးအစားတစ်ခု သို့မဟုတ် အများကိုလည်းကောင်းဆိုသည်။ |
|
(ဃ) |
လုပ်ခ၊ လစာ ဆိုသည်မှာ အလုပ်လုပ်၍ရသော သာမန်လုပ်ခ၊ လစာအပြင် အချိန်ပိုလုပ်ခနှင့် ရှားပါးစရိတ်ရနေလျှင် အချိန်ပိုလုပ်ခနှင့် ရှားပါးစရိတ်များလည်း ပါဝင်သည်။ ယင်းစကားရပ်တွင် အလုပ်သမားအား အလုပ်သဘောအလျောက် ကုန်ကျသည့် အထူးစရိတ်များကာမိစေရန် ခံစားခွင့်ပြုသည့်ငွေမပါဝင်။ |
|
(င) |
သင်တန်း ဆိုသည်မှာ အလုပ်အကိုင်ရှာဖွေသူများနှင့် အလုပ်သမားများအား အသိပညာ၊ အတက်ပညာဆိုင်ရာ အရည်အချင်းနှင့် ကျွမ်းကျင်မှုတိုးတက်စေရန် ဖွင့်လှစ်သော လုပ်ငန်းခွင်အကြိုသင်တန်း၊ လုပ်ငန်းတွင်းသင်တန်း၊ ကျွမ်းကျင်မှုသင်တန်း၊ ကျွမ်းကျင်မှုအဆင့်မြင့်သင်တန်းနှင့် အလုပ်ပြောင်းလဲမှုဆိုင်ရာသင်တန်းများကိုဆိုသည်။ |
|
(စ) |
သင်တန်းကျောင်း ဆိုသည်မှာ အလုပ်အကိုင်ရှာဖွေသူများနှင့် အလုပ်သမားများအား အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုစံများနှင့် ကိုက်ညီမှုရှိစေရေးအတွက် လေ့ကျင့်သင်ကြားပေးရန် တည်ထောင်ဖွင့်လှစ်သော ကျောင်းကိုဆိုသည်။ |
|
(ဆ) |
ကျွမ်းကျင်မှု ဆိုသည်မှာ အလုပ်အကိုင်တစ်ခုခုကို သတ်မှတ်ချက်များနှင့် အညီလုပ်ကိုင်နိုင်ရန်လိုအပ်သော လုပ်ကိုင်မှုစွမ်းရည်ကိုဆိုသည်။ |
|
(ဇ) |
ကျွမ်းကျင်မှုစံ ဆိုသည်မှာ အလုပ်အကိုင်အမျိုးမျိုးအတွက် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဤဥပဒေအရ သတ်မှတ်သော သို့မဟုတ် အသိအမှတ်ပြုသော အလုပ်အကိုင်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုအဆင့်နှင့်အညီ လုပ်ကိုင်ရန်လိုအပ်သည့် လုပ်ရည်ကိုင်ရည်စံသတ်မှတ်ချက်ကိုဆိုသည်။ |
|
(ဈ) |
ဗဟိုအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ကိုဆိုသည်။ |
|
(ည) |
မှတ်ပုံတင်လက်မှတ်ဆိုသည်မှာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က သင်တန်းကျောင်းနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများသို့ ဤဥပဒေအရ ထုတ်ပေးသောလက်မှတ်ကိုဆိုသည်။ |
|
(ဋ) |
ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန ဆိုသည်မှာ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီသဖြင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အသိအမှတ်ပြုပြီး လုပ်ပိုင်ခွင့်အပ်နှင်းထားသော ဌာနကိုဆိုသည်။ |
|
(ဌ) |
ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ဆိုသည်မှာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ အတည်ပြုချက်ဖြင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနက ထုတ်ပေးသောလက်မှတ်ကိုဆိုသည်။ |
|
(ဍ) |
ကျွမ်းကျင်လုပ်သား ဆိုသည်မှာ ဤဥပဒေအရ ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲ့၏ အတည်ပြုချက်ဖြင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနကအလုပ်အကိုင်အမျိုးအစားအလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းခံရသူကိုဆိုသည်။ |
|
(ဎ) |
ရန်ပုံငွေ ဆိုသည်မှာ ဤဥပဒေအရ တည်ထောင်သော ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးရန်ပုံငွေကိုဆိုသည်။ |
|
(ဏ) |
ထည့်ဝင်ကြေး ဆိုသည်မှာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေသို့ သက်ဆိုင်ရာအလုပ်ရှင်က ဤဥပဒေနှင့်အညီ ပေးသွင်းသောငွေကိုဆိုသည်။ |
|
(တ) |
ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကိုဆိုသည်။ |
| ၃။ ဝန်ကြီးဌာနသည် အလုပ်အကိုင်ရှာဖွေသူ၏ အသက်အရွယ်၊ စွမ်းအားနှင့် သင့်လျော်သည့် အလုပ်အကိုင်ရွေးချယ်ရေး၊ အလုပ်အကိုင်ရရှိရေး၊ အလုပ်ခွင်တည်မြဲရေးနှင့် ကျွမ်းကျင်မှုတိုးတက်ရေးတို့တွင် ကူညီရန်သော်လည်းကောင်း၊ လုပ်ငန်းခွင်နှင့် ကိုက်ညီသင့်လျော်သော အလုပ်သမားရရှိရေးအတွက် အလုပ်ရှင်များအား ကူညီရန်သော်လည်းကောင်း လွယ်ကူသော အခွင့်အလမ်းများနှင့် လုပ်ငန်းများကိုစီမံထားရှိရမည်။ |
| ၄။ |
(က) |
ပုဒ်မ ၃ ပါ ကိစ္စတစ်ရပ်ရပ်အလို့ငှာ ဝန်ကြီးဌာနသည်- |
|
|
(၁) |
အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံများကိုလိုအပ်သလို တည်ထောင်ထားရှိနိုင်သည်။ |
|
|
(၂) |
အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ရန်သော်လည်းကောင်း၊ အလုပ်အကိုင်ရှာဖွေသူအား ကူညီရန်နှင့် လုပ်ငန်းခွင်နှင့် ကိုက်ညီသင့်လျော်သော အလုပ်သမားရရှိရေးအတွက် အလုပ်ရှင်အားကူညီပေးရန်သော်လည်းကောင်း၊ အစိုးရအလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများဖွင့်လှစ်ခြင်းဖြင့်ဖြစ်စေ၊ အလုပ်အကိုင်ရှာဖွေနေသူများအား အခမဲ့ဝန်ဆောင်မှုပေးသော ပုဂ္ဂလိကပြည်တွင်းအလုပ်အကိုင် စုဆောင်းရေးအကျိုးဆောင် ကုမ္ပဏီများအား ခွင့်ပြုချက်ပေးခြင်းဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ လိုအပ်သည့်အစီအစဉ်များကို ဆောင်ရွက်နိုင်သည်။ |
|
(ခ) |
အလုပ်အကိုင်ရှာဖွေသူသည် မိမိလုပ်ကိုင်လိုသော အလုပ်အကိုင်တွင်အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုဖြစ်ပွားနေသည်ဟု အကြောင်းပြ၍သော်လည်းကောင်း၊ ရှာဖွေပေးသည့် အလုပ်အကိုင်မှရရှိမည့်အခကြေးငွေသည် ထိုအလုပ်မျိုးတွင် အခြားသူများရရှိနေသော အခကြေးငွေအောက်လျော့နည်းနေသည်ဟု အကြောင်းပြ၍သော်လည်းကောင်း အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးတစ်ခုခုက ရှာဖွေပေးသည့် အလုပ်အကိုင်ကို လက်မခံဘဲငြင်းပယ်ခဲ့လျှင် ထိုသို့ငြင်းပယ်မှုအတွက် အဆိုပါရုံးကပေးသည့် အခွင့်အလမ်းများနှင့် အကျိုးခံစားခွင့်များကို မဆုံးရှုံးစေရ။ |
|
(ဂ) |
ဝန်ကြီးဌာနသည် အလုပ်ရှင်က မိမိ၏လုပ်ငန်းတွင် လစ်လပ်သည့် သို့မဟုတ် လစ်လပ်မည့် အလုပ်အကိုင်နေရာများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ သတ်မှတ်ချက်များနှင့်အညီ အကြောင်းကြားစေရေးအတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်သည်။ |
| ၅။ |
(က) |
(၁) |
အလုပ်ရှင်သည် အလုပ်သမားအား အလုပ်တစ်ခုခုကို လုပ်ကိုင်ရန် ခန့်အပ်ပြီးပါက ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုရမည်။ |
|
|
(၂) |
အလုပ်ခန့်ထားခြင်းမပြုမီ အကြိုသင်တန်းကာလနှင့် အစမ်းခန့်ကာလသတ်မှတ်ပါက ယင်းသင်တန်းသားသည် ပုဒ်မခွဲငယ် (၁)ပါ သတ်မှတ်ချက်နှင့် သက်ဆိုင်ခြင်းမရှိစေရ။ |
|
(ခ) |
အလုပ်ခန့်ထားမှုဆိုင်ရာ သဘာတူညီချက်စာချုပ်တွင် အောက်ပါအချက်များပါဝင်ရမည်- |
|
|
(၁) |
အလုပ်အကိုင်အမျိုးအစား၊ |
|
|
(၂) |
အစမ်းခန့်ကာလ၊ |
|
|
(၃) |
လုပ်ခ၊ လစာ၊ |
|
|
(၄) |
အလုပ်အကိုင်တည်နေရာ၊ |
|
|
(၅) |
စာချုပ်သက်တမ်း၊ |
|
|
(၆) |
အလုပ်ချိန်၊ |
|
|
(၇) |
နားရက်၊ အလုပ်ပိတ်ရက်နှင့် ခွင့်ရက်၊ |
|
|
(၈) |
အချိန်ပိုလုပ်ကိုင်ခြင်း၊ |
|
|
(၉) |
အလုပ်ချိန်အတွင်း အစားအသောက်အစီအစဉ်၊ |
|
|
(၁၀) |
နေရာထိုင်ခင်း |
|
|
(၁၁) |
ဆေးဝါးကုသခြင်း၊ |
|
|
(၁၂) |
အလုပ်ခွင်သို့ကြို၊ ပို့ယာဉ်စီစဉ်ပေးခြင်းနှင့် ခရီးသွားလာခြင်း၊ |
|
|
(၁၃) |
အလုပ်သမားများ လိုက်နာရမည့် စည်းကမ်းချက်များ၊ |
|
|
(၁၄) |
အလုပ်ရှင်စေလွှတ်သည့် သင်တန်းသို့ တက်ရောက်ရပါက ယင်းသင်တန်းတက်ရောက်ပြီး နောက်ဆက်လက်တာဝန်ထမ်းဆောင်ရန် အလုပ်သမားက သဘောတူညီသည့် ကာလသတ်မှတ်ချက်၊ |
|
|
(၁၅) |
အလုပ်မှနုတ်ထွက်ခြင်းနှင့် အလုပ်မှရပ်စဲခြင်း၊ |
|
|
(၁၆) |
စာချုပ်ရပ်စဲခြင်း၊ |
|
|
(၁၇) |
စာချုပ်ပါစည်းကမ်းချက်အတိုင်း တာဝန်ရှိမှုများ၊ |
|
|
(၁၈) |
အလုပ်ခန့်ထားမှု သဘောတူညီချက်စာချုပ်အား အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူဖျက်သိမ်းခြင်း၊ |
|
|
(၁၉) |
အခြားကိစ္စရပ်များ၊ |
|
|
(၂၀) |
စာချုပ်စည်းကမ်းများကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း၊ |
|
|
(၂၁) |
အထွေထွေ။ |
|
(ဂ) |
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် ထည့်သွင်းချုပ်ဆိုသော လုပ်ငန်းခွင်စည်းကမ်းများသည် တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ညီညွှတ်ရမည့်အပြင် အလုပ်သမား၏ အကျိုးခံစားခွင့်များသည်လည်း တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ခံစားခွင့်များအောက်လျော့နည်းခြင်းမရှိစေရ။ |
|
(ဃ) |
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အရ သတ်မှတ်ကာလထက်စော၍ လုပ်ငန်းပြီးဆုံးသွားလျှင်သော်လည်းကောင်း၊ မမျှော်လင့်သောအကြောင်းကြောင့် လုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ၊ လုပ်ငန်းတစ်စိတ်တစ်ဒေသကိုဖြစ်စေ ရပ်စဲလိုက်ရလျှင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရပ်စဲရန်ကိစ္စ ပေါ်ပေါက်လာလျှင်သော်လည်းကောင်း၊ အလုပ်ရှင်က အလုပ်သမားအားသတ်မှတ်ထားသော နစ်နာကြေးပေးရန်ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာထုတ်ပြန်ရမည်။ |
|
(င) |
ပုဒ်မခွဲ (က)အရချုပ်ဆိုသော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်သည် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၌ ယာယီခန့်ထားသည့်နေ့စားအလုပ်သမား၊ ပုတ်ပြတ်အလုပ်သမားများနှင့်လည်း သက်ဆိုင်စေရမည်။ |
|
(စ) |
အလုပ်ရှင်နှင့် အလုပ်သမား သို့မဟုတ် အလုပ်သမားများသည် နှစ်ဖက်သဘောတူညီမှုဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်ပါ လုပ်ငန်းခွင်စည်းကမ်းနှင့် အကျိုးခံစားခွင့်များကို တည်ဆဲဥပဒေနှင့်အညီ လိုအပ်သလိုပြင်ဆင်နိုင်သည်။ |
|
(ဆ) |
အလုပ်ရှင်နှင့်အလုပ်သမားချုပ်ဆိုပြီးသော အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်မိတ္တူကို သက်ဆိုင်ရာ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ သတ်မှတ်ကာလအတွင်း အလုပ်ရှင်က ပေးပို့ပြီး အတည်ပြုချက်ရယူထားရမည်။ |
|
(ဇ) |
ဤဥပဒေအတည်မဖြစ်မီ ချုပ်ဆိုခဲ့သော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်များသည် မူလစာချုပ်သက်တမ်းကုန်ဆုံးသည်အထိ အတည်ဖြစ်စေရမည်။ |
| ၁၁။ |
ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်- |
|
(က) |
အလုပ်အကိုင်များ၏ ကျွမ်းကျင်မှုစံများခွဲခြားသတ်မှတ်ခြင်း၊ ရေးဆွဲခြင်းနှင့် ပြဋ္ဌာန်းခြင်း၊ |
|
(ခ) |
အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစီးပေးမှုများ ခွဲခြားသတ်မှတ်၍ ကျွမ်းကျင်မှုလေ့ကျင့်ရေးဆိုင်ရာမူဝါဒများ ချမှတ်ခြင်း၊ |
|
(ဂ) |
ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဆိုင်ရာ အစီအစဉ်များကို သတ်မှတ်ခြင်း၊ |
|
(ဃ) |
သင်တန်းကျောင်း သို့မဟုတ် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနများအား မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ |
|
(င) |
ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရေးအစီအစဉ်များ ချမှတ်ခြင်း၊ |
|
(စ) |
အလုပ်သမားများအတွက် ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေး ရန်ပုံငွေထူထောင်၍ စီမံခန့်ခွဲခြင်း၊ |
|
(ဆ) |
မိမိဖွဲ့စည်းသော ကော်မတီများနှင့် ဆပ်ကော်မတီများကို ကြီးကြပ်ကွက်ကဲခြင်း။ |
| ၁၂။ |
(က) |
ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲ့သည် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် အောက်ပါကော်မတီများကို ဖွဲ့စည်းထားရှိရမည်- |
|
|
(၁) |
ကျွမ်းကျင်မှုစံ သတ်မှတ်ရေးနှင့် လေ့ကျင့်ရေးကော်မတီ၊ |
|
|
(၂) |
ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီ။ |
|
(ခ) |
ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)ပါ ကော်မတီများအောက်တွင် ဆပ်ကော်မတီများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ |
| ၁၃။ |
ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)အရ ဖွဲ့စည်းသော ကော်မတီအသီးသီး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍- |
|
(က) |
ကျွမ်းကျင်မှုစံသတ်မှတ်ရေးနှင့် လေ့ကျင့်ရေးကော်မတီနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီများသည် သက်ဆိုင်ရာကော်မတီအလိုက် ဖွဲ့စည်းမှုနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းရေးဆွဲသတ်မှတ်ရမည်။ |
|
(ခ) |
ကျွမ်းကျင်မှုစံသတ်မှတ်ရေးနှင့် လေ့ကျင့်ရေးကော်မတီသည် အောက်ပါတို့ကို ဆောင်ရွက်ရမည်- |
|
|
(၁) |
အလုပ်အကိုင်အမျိုးအစားနှင့် အဆင့်အလိုက် မှတ်ကန်တိကျသော ကျွမ်းကျင်မှုစံများကို နိုင်ငံတကာစံများအား မှီငြင်း၍ ရေးဆွဲသတ်မှတ်ခြင်း၊ |
|
|
(၂) |
ကျွမ်းကျင်မှုစံများနှင့်အညီ သင်ရိုးညွှန်းတမ်းများရေးဆွဲခြင်း၊ လေ့ကျင့်ရေးစံများ သတ်မှတ်ခြင်း၊ |
|
|
(၃) |
လေ့ကျင့်ရေးနည်းပြ အရည်အသွေးသတ်မှတ်ခြင်း၊ |
|
|
(၄) |
သင်တန်းကျောင်းများ၏ စက်ပစ္စည်း၊ ကိရိယာနှင့် သင်ကြားရေး အထောက်အကူပြုပစ္စည်းစံချိန်စံညွှန်းများသတ်မှတ်ခြင်း၊ |
|
|
(၅) |
သင်တန်းကျောင်းများမှတ်ပုံတင်ခြင်းနှင့် လေ့ကျင့်ရေးအမျိုးအစားများမှတ်ပုံတင်ခြင်း၊၊ |
|
|
(၆) |
နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်း၊ |
|
|
(၇) |
မှတ်ပုံတင်လက်မှတ် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ စိစစ်ပြီး ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲ့သို့ တင်ပြခြင်း။ |
|
(ဂ) |
ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီသည် အောက်ပါတို့ကို ဆောင်ရွက်ရမည်- |
|
|
(၁) |
အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံသတ်မှတ်ချက်နှင့် အညီ စစ်ဆေးနိုင်ရေးအတွက် စစ်ဆေးမည့်စံသတ်မှတ်ခြင်း၊ |
|
|
(၂) |
ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများ မှတ်ပုံတင်ခြင်းနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးအစီအစဉ်များမှတ်ပုံတင်ခြင်း |
|
|
(၃) |
မှတ်ပုံတင်လက်မှတ်လျှောက်ထားချက်နှင့် စပ်လျဉ်း၍ စိစစ်ပြီး ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲသို့ တင်ပြခြင်း၊ |
|
|
(၄) |
အကဲဖြတ်ပုံစံသတ်မှတ်ခြင်း၊ စစ်ဆေးအကဲဖြတ်သူများနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများ၏ အရည်အသွေးအာမခံချက်ရှိရေးအတွက် အရည်အသွေးထိန်းသိမ်းရေးစနစ်နှင့် တာဝန်ဝတ္တရားများ သတ်မှတ်ခြင်း၊ |
|
|
(၅) |
ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ခြင်း၊ |
|
|
(၆) |
အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်အလိုက်သတ်မှတ်၍ ယှဉ်ပြိုင်ပွဲများပြုလုပ်ခြင်း၊ |
|
|
(၇) |
ပြိုင်ပွဲတွင် ထူးချွန်ပါက ထူးချွန်သူဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း။ |
| ၁၆။ |
(က) |
သင်တန်းကျောင်း သို့မဟုတ် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တည်ထောင်ဖွင့်လှစ်လိုသော အလုပ်ရှင် သို့မဟုတ် ဝန်ဆောင်မှုပေးလိုသူသည် သက်ဆိုင်ရာကော်မတီများမှ တစ်ဆင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်လက်မှတ်ရရှိရန် လျှောက်ထားရမည်။ |
|
(ခ) |
တည်ဆဲဥပဒေများနှင့်အညီ ပြည်ပနိုင်ငံမှ လာရောက်၍ သင်တန်းကျောင်း သို့မဟုတ် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနတစ်ခုခု တည်ထောင်ဖွင့်လှစ်လိုသူသည် သက်ဆိုင်ရာကော်မတီများမှ တစ်ဆင့် ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲ့သို့ သတ်မှတ်ချက်များနှင့် အညီမှတ်ပုံတင်လက်မှတ်ရရှိရန် လျှောက်ထားရမည်။ |
| ၁၇။ |
ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည်- |
|
(က) |
ပုဒ်မ ၁၆ အရ လျှောက်ထားချက်နှင့် စပ်လျဉ်း၍ ပုဒ်မ ၁၂ အရ ဖွဲ့စည်းသော သက်ဆိုင်ရာကော်မတီများကို သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်း ရှိမရှိစိစစ်တင်ပြစေပြီး မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။ |
|
(ခ) |
မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ခွင့်ပြုပါက သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ မှတ်ပုံတင်ကြေးပေးသွင်းစေပြီး လျှောက်ထားသူအား မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမည်။ |
|
(ဂ) |
မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ငြင်းပယ်ပါက ရက်ပေါင်း ၃၀အတွင်း ပြန်လည်လျှောက်ထားခွင့်ပြုနိုင်သည်။ |
| ၁၈။ |
မှတ်ပုံတင်လက်မှတ်ရရှိသော သင်တန်းကျောင်းနှင့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနများသည် မှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီးနောက် သက်ဆိုင်ရာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုပါက သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာကော်မတီမှ တစ်ဆင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သို့ မှတ်ပုံတင်သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားရမည်။ |
| ၁၉။ |
ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်များနှင့်ညီညွှတ်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပါက ယင်းသင်တန်းကျောင်း သို့မဟုတ် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန၏ မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်နိုင်သည်။ |
| ၂၀။ |
မှတ်ပုံတင်ထားသော သင်တန်းကျောင်း၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်- |
|
(က) |
အောက်ဖော်ပြပါ လေ့ကျင့်သင်ကြားရေးအစီအစဉ်များကို ပြုစုပြီးကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ထံ တင်ပြ၍ သဘောတူညီချက်ရယူခြင်း- |
|
|
(၁) |
ကျွမ်းကျင်မှုစံ၊ |
|
|
(၂) |
သင်ရိုးညွှန်းတမ်း၊ |
|
|
(၃) |
သင်တန်းကျောင်း တည်နေရာ၊ အဆောက်အအုံနှင့် အသုံးဆောင် ဖော်ပြချက်၊ |
|
|
(၄) |
သင်တန်းဆရာများ၏ အမည်နှင့်အရည်အချင်း၊ |
|
|
(၅) |
လေ့ကျင့်သင်ကြားမည့် ကာလ၊ |
|
|
(၆) |
သင်တန်းတွင်အသုံးပြုမည့် လေ့ကျင့်သင်ကြားရေးစနစ်၊ လေ့ကျင့်သင်ကြားရေးအထောက်အကူပြု ပစ္စည်းများ၊ |
|
|
(၇) |
သင်တန်းဆင်းလက်မှတ် |
|
|
(၈) |
သင်တန်းကြေး၊ |
|
|
(၉) |
ကျွမ်းကျင်မှုစံ သတ်မှတ်ရေးနှင့် လေ့ကျင့်ရေးကော်မတီက သတ်မှတ်သော အခြားအချက်အလက်များ၊ |
|
(ခ) |
သင်တန်းကျောင်းနှင့် သင်တန်းဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုထားခြင်း၊ |
|
(ဂ) |
သင်တန်းသားများ၏ ကိုယ်ရေးအချက်အလက်များကို ထိန်းသိမ်းထားရှိခြင်း၊ |
|
(ဃ) |
သင်တန်းတစ်ခု ပြီးမြောက်သည့် ၁၅ ရက်အတွင်း သင်တန်းနှင့် ပတ်သက်သော အစီရင်ခံစာကို ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သို့ တင်ပြခြင်း၊ |
|
(င) |
သင်တန်းကျောင်းအား အခြားသင်တန်းကျောင်း တည်ထောင်လိုသူထံ လွှဲပြောင်းလိုပါက လွှဲပြောင်းခြင်းမပြုမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲ့သို့ တင်ပြခြင်း၊ |
|
(စ) |
သင်တန်းကျောင်းကို ရပ်ဆိုင်းလိုပါက သင်တန်းသားများအား လုပ်ငန်းအမျိုးအသားတူညီသော အခြားသင်တန်းကျောင်းတစ်ခုခုသို့ ကျန်ရှိသော သင်တန်းကုန်ကျစရိတ်များနှင့် အတူလွှဲပြောင်းပေးခြင်း၊ |
| ၂၁။ |
မှတ်ပုံတင်ထားသော သင်တန်းကျောင်း တည်ထောင်သူသည်- |
|
(က) |
သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပေးသော အလုပ်လုပ်ခွင့်လက်မှတ်ရရှိသည့် နိုင်ငံခြားသား ကျွမ်းကျင်သူများနှင့် နိုင်ငံခြားသားနည်းပြများအား ခေါ်ယူခန့်ထားခွင့်ရှိသည်။ ယင်းတို့၏ နေထိုင်ခွင့်ကာလသည် တည်ဆဲဥပဒေနှင့်အညီ ဖြစ်စေရမည်။ |
|
(ခ) |
သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို တည်ဆဲဥပဒေများနှင့်အညီပြည်ပမှ တင်သွင်းနိုင်သည်။ |
| ၂၂။ |
မှတ်ပုံတင်ထားသော ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်- |
|
(က) |
အောက်ဖော်ပြပါ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး အစီအစဉ်များကို ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲ့ထံ တင်ပြ၍သဘောတူညီချက်ရယူခြင်း- |
|
|
(၁) |
အသိအမှတ်ပြုထားသော ကျွမ်းကျင်မှုစံများကို အခြေပြုထားသည့် စစ်ဆေးရေးအစီအစဉ်၊ |
|
|
(၂) |
ဌာနတည်နေရာ၊ အဆောက်အအုံနှင့် အသုံးအဆောင်ဖော်ပြချက်၊ |
|
|
(၃) |
စစ်ဆေးအကဲဖြတ်သူများ၏ အမည်နှင့်အရည်အချင်း၊ |
|
|
(၄) |
စစ်ဆေးမည့်ကာလ၊ |
|
|
(၅) |
စစ်ဆေးရေးဌာနတွင် အသုံးပြုမည့်စစ်ဆေးရေး အထောက်အကူပြုပစ္စည်းများ |
|
|
(၆) |
စစ်ဆေးမည့်မွေးခွန်းများ အနေအထား၊ |
|
|
(၇) |
အကဲဖြတ်ရာတွင် အသုံးပြုမည့် ကျွမ်းကျင်မှုစံနှင့် နည်းစနစ်၊ |
|
|
(၈) |
ကျွမ်းကျင်မှု စစ်ဆေးခံသူထံမှ ကောက်ခံရမည့် အခကြေးငွေနှုန်းထား၊ |
|
|
(၉) |
ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးကော်မတီက သတ်မှတ်ထားသော အခြားအချက်အလက်များ၊ |
|
(ခ) |
ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိရန်လျှောက်ထားသော ကျွမ်းကျင်မှုစစ်ဆေးခံသူများအတွက် စည်းကမ်းချက်များသတ်မှတ်ထားရှိခြင်းနှင့် စစ်ဆေးမှုဆိုင်ရာ အစီအစဉ်များ သတ်မှတ်ခြင်း၊ |
|
(ဂ) |
ကျွမ်းကျင်မှုစစ်ဆေးခံသူများ၏ ကိုယ်ရေးအချက်အလက်များကို ထိန်းသိမ်းထားရှိခြင်း၊ |
|
(ဃ) |
ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ပြီးနောက် ၁၅ ရက်အတွင်း အစီရင်ခံစာကို ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သို့ တင်ပြခြင်း၊ |
|
(င) |
ကျွမ်းကျင်မှုစစ်ဆေးခံ၍ အောင်မြင်သူများအား ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ အတည်ပြုချက်ဖြင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း၊ |
|
(စ) |
ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနကို ရပ်ဆိုင်းလိုပါက ကျွမ်းကျင်မှုစစ်ဆေးခံသူများအား လုပ်ငန်းအမျိုးအစားတူညီသော အခြားကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနတစ်ခုခုကို ကျန်ရှိသော ကုန်ကျစရိတ်နှင့်အတူ လွဲပြောင်းပေးခြင်း၊ |
|
(ဆ) |
ကျွမ်းကျင်မှုစစ်ဆေးခံသူများကို အခြားကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနသို့ လွှဲပြောင်းခြင်းမပြုမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ ကျွမ်းကျင်မှု ဖွံဖြိုးတိုးတက်ရေးအဖွဲ့သို့ တင်ပြခြင်း၊ |
| ၂၃။ |
မှတ်ပုံတင်ထားသော ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနသည်- |
|
(က) |
သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပေးသော အလုပ်လုပ်ခွင့်လက်မှတ်ရရှိသည့် နိုင်ငံခြားသား ကျွမ်းကျင်သူများ၊ နိုင်ငံခြားသားအကဲဖြတ်သူများအား ခေါ်ယူခန့်ထားခွင့်ရှိသည်။ ယင်းတို့၏ နေထိုင်ခွင့်ကာလသည်တည်ဆဲဥပဒေနှင့်အညီဖြစ်စေရမည်။ |
|
(ခ) |
စစ်ဆေးရေး အကဲဖြတ်ရေး အထောက်အကူပြုပစ္စည်းများကို တည်ဆဲဥပဒေများနှင့်အညီ ပြည်ပမှ တင်သွင်းနိုင်သည်။ သက်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနသို့ စစ်ဆေးမှုခံယူရန် လျှောက်ထားနိုင်သည်။ |
| ၂၆။ |
ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများမှ အလုပ်သမားများအတွက် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေတစ်ရပ်ထူထောင်ထားရှိပြီး အောက်ပါကိစ္စရပ်များအတွက် သတ်မှတ်ချက်များနှင့်အညီ သုံးစွဲနိုင်သည်- |
|
(က) |
အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်မှုအဆင့်မြှင့်တင်ရေးတို့အတွက် လေ့ကျင့်သင်ကြားပေးခြင်း၊ |
|
(ခ) |
အကြောင်းတစ်ရပ်ရပ်ကြောင့် အလုပ်ရပ်စဲခြင်းခံရပြီး အခြားလုပ်ငန်းတစ်ခုခုသို့ ပြောင်းလဲလုပ်ကိုင်လိုသောအလုပ်များအား လိုအပ်သည့် ကျွမ်းကျင်မှု ပြန်လည်လေ့ကျင့်သင်ကြားပေးခြင်း၊ |
|
(ဂ) |
ပုဒ်မခွဲ(က)နှင့် (ခ)ပါကိစ္စရပ်များအတွက် ငွေကြေးထောက်ပံ့ခြင်း သို့မဟုတ် ငွေချေးခြင်း၊ |
| ၂၇။ |
ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များပါဝင်သော ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းရမည်။ |
| ၂၈။ |
ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်- |
|
(က) |
ရန်ပုံငွေအတွက် ထည့်ဝင်ကြေးများ မှန်မှန်ပေးသွင်းရေးကို ကြပ်မတ်ခြင်း၊ |
|
(ခ) |
ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် ရန်ပုံငွေအား စီမံခန့်ခွဲခြင်း၊ |
|
(ဂ) |
ရန်ပုံငွေမှ ရင်းနှီးမြှုပ်နှံနိုင်သောငွေများကို ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီဘဏ်တစ်ခုခုတွင် အပ်နှံထားခြင်း သို့မဟုတ် အစိုးရငွေစုလက်မှတ်များ ဝယ်ယူစုဆောင်ထားခြင်း၊ |
|
(ဃ) |
ရန်ပုံငွေသို့ အလှူငွေပေးအပ်သူရှိပါက ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးကော်မတီ၏ အတည်ပြုချက်ဖြင့် လက်ခံရယူခြင်း၊ |
|
(င) |
ရန်ပုံငွေထည့်ဝင်ခြင်း၊ သုံးစွဲခြင်းတို့နှင့် စပ်လျဉ်း၍ စာရင်းစစ်ဆေးမှုခံယူခြင်း၊ |
| ၂၉။ |
ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီသည် ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲ့က သတ်မှတ်သော စည်းမျဉ်းစည်းကမ်းနှင့် အညီအောက်ပါကိစ္စရပ်တစ်ခုခုအတွက် ရန်ပုံငွေကို သုံးစွဲခွင့်ပြုနိုင်သည်- |
|
(က) |
အလုပ်သမားများ၏ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်ပြည့်သို့မဟုတ် အချိန်ပိုင်းသင်တန်းတစ်ခုခုသို့ စေလွှတ်ခြင်း၊ သင်တန်းဖွင့်လှစ်ခြင်းနှင့် သင်တန်းအစီအစဉ် တိုးချဲ့ခြင်းများပြုလုပ်မည့် အလုပ်ရှင်များအား ငွေကြေးထောက်ပံ့ခြင်း သို့မဟုတ် ငွေချေးခြင်း၊ |
|
(ခ) |
အလုပ်ရှင်က ယင်း၏ အလုပ်သမားများအတွက် သင်တန်းနှင့် စပ်လျဉ်း၍ ကုန်ကျခဲ့သည့်စရိတ်များကို တင်ပြတောင်းခံလာလျှင် သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ ပြန်လည်ထုတ်ပေးခြင်း၊ |
|
(ဂ) |
ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲ့က သတ်မှတ်သော အခြားကိစ္စရပ်များဆောင်ရွက်ခြင်း။ |
| ၃၀။ |
(က) |
စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း၏ အလုပ်ရှင်သည် ယင်း၏လုပ်ငန်း၌ အလုပ်သမားကြီးကြပ်သူအဆင့်နှင့် ယင်းအဆင့်အောက်ရှိ အလုပ်သမားများအား ပေးချေရသည့် စုစုပေါင်းလုပ်ခ၊ လစာ၏ သုညဒသမ ငါးရာခိုင်နှုန်းအောက်မနည်းသော ငွေကို ရန်ပုံငွေသို့ ထည့်ဝင်ကြေးအဖြစ် လစဉ်မပျက်မကွက်ပေးသွင်းရမည်။ |
|
(ခ) |
ပုဒ်မခွဲ(က)အရ ပေးသွင်းသည့် ထည့်ဝင်ကြေးကို အလုပ်သမားများ၏ လုပ်ခ၊ လစာမှ ဖြတ်တောက်ခြင်းမပြုရ။ |
| ၃၁။ |
ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည်- |
|
(က) |
ပုဒ်မ ၃၀၊ ပုဒ်မခွဲ(က)အလုပ်ရှင်က ရန်ပုံငွေသို့ ပေးသွင်းရမည့် ထည့်ဝင်ကြေးနှင့်စပ်လျဉ်း၍ လုပ်ငန်းကဏ္ဍ၊ လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းအရွယ်အစားနှင့် အလုပ်သမားဦးရေအပေါ်မူတည်ပြီး သတ်မှတ်နိုင်သည်။ |
|
(ခ) |
ခိုင်လုံသော အကြောင်းတင်ပြနိုင်ပါက အလုပ်ရှင်တစ်ဦးဦးအား ရန်ပုံငွေသို့ ထည့်ဝင်ကြေးပေးသွင်းခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။ |
| ၃၂။ |
ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲ့သည် ပြည်ပမှလာရောက်ဖွင့်လှစ်သော သင်တန်းများ၏ ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို တည်ဆဲဥပဒေများနှင့် အညီကြီးကြပ်ရမည်။ |
| ၃၃။ |
ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် အသုံးပြုခြင်းဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ အကြံဉာဏ်များရယူနိုင်ရန် အကြံပေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းနိုင်သည်။ |
| ၃၄။ |
မည်သူမဆို ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ကို အတုပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို (၇)နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။ |
| ၃၅။ |
မည်သူမဆို ဝန်ကြီးဌာန၏ခွင့်ပြုမိန့်မရှိဘဲ အလုပ်အကိုင် စုဆောင်းရေးလုပ်ငန်းကို လုပ်ကိုင်ကြောင်း သို့မဟုတ် အလုပ်သမားထံမှ အခကြေးငွေရယူဆောင်ရွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ |
| ၃၆။ |
မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။ |
| ၃၇။ |
မည်သူမဆို အလုပ်အကိုင် သို့မဟုတ် အလု့ပ်သမားရရှိရန်အလို့ငှာ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး တစ်ခုခုသို့မဟုတ် အဆိုပါရုံးဆိုင်ရာကိစ္စရပ်များအတွက် ကိုယ်စားဆောင်ရွက်နေသူ တစ်ဦးဦးထံ မမှန်ကြောင်းသိလျက်နှင့် မမှန်သောဖော်ပြချက်ကိုဖြစ်စေ၊ မမှန်သောပြောဆိုချက်ကို ဖြစ်စေတင်ပြကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ |
| ၃၈။ |
မည်သည့်အလုပ်ရှင်မဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်- |
|
(က) |
ပုဒ်မ ၅၊ ပုဒ်မခွဲ (က)အရ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ချုပ်ဆိုရန် ပျက်ကွက်ခြင်း၊ |
|
(ခ) |
ပုဒ်မ ၃၀၊ ပုဒ်မခွဲ(က)အရ ပေးသွင်းရမည့် ထည့်ဝင်ကြေးပေးသွင်းရန် ပျက်ကွက်ခြင်း၊ |
| ၃၉။ |
မည်သူမဆို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်ပါအချက် တစ်ရပ်ရပ်ကိုဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ |