| ၁။ |
(က) |
ဤဥပဒေကို ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ ဟုခေါ်တွင် စေရမည်။ |
|
(ခ) |
ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သည့်နေ့ရက်မှ စတင် အာဏာတည်စေရမည်။ |
|
(ဂ) |
ဤဥပဒေသည် ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေး အက်ဥပဒေအရ အကျုံးဝင် သက်ဆိုင်ခဲ့သည့် အရပ်ဒေသများတွင် ဆက်လက်အကျုံးဝင် သက်ဆိုင်စေရမည်။ ဤဥပဒေ ထပ်မံ အကျုံးဝင်သက်ဆိုင်စေရမည့် အရပ်ဒေသများကို အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်နိုင်သည်။ |
| ၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်- |
|
(က) |
အလုပ်သမားဆိုသည်မှာ လုပ်ငန်းဌာန တစ်ခုခုတွင် အမြဲတမ်းဖြစ်စေ၊ ယာယီဖြစ်စေ ကာယအား သို့မဟုတ် ဉာဏအားကို အသုံးပြုပြီး လုပ်ကိုင်၍ ရရှိသော လုပ်ခဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုနေသူကို ဆိုသည်။ ယင်းစကားရပ်တွင် လုပ်ခရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အလုပ်လုပ်ကိုင်လျက် ရှိသောအလုပ်သင်များ၊ ပညာသင်များလည်း ပါဝင်သည်။ သို့ရာတွင် အလုပ်ရှင်နှင့် အတူနေပြီး အလုပ်ရှင်အပေါ် မှီခိုနေသော အလုပ်ရှင်၏ မိသားစု မပါဝင်။ |
|
(ခ) |
အလုပ်ရှင်ဆိုသည်မှာ အလုပ်သမားအား လုပ်ခပေးရန် တာဝန်ရှိသူ၊ အလုပ်ခန့်ထားမှု သဘောတူညီချက်ဖြင့် အလုပ်သမားအား ခန့်ထားသူ၊ အလုပ်ရှင်၏ ကိုယ်စား စီမံအုပ်ချုပ်သူတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေ၌ အခြားနည်းဖြင့် သီးခြားပြဋ္ဌာန်းထားခြင်း မရှိလျှင် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူ သို့မဟုတ် အကျိုးတူဖက်စပ်လုပ်ငန်း လုပ်ကိုင်သူနှင့် အလုပ်ရှင်သေဆုံးသည့်အခါ ယင်း၏အမေဆက်ခံသူ၊ လုပ်ငန်း ဆက်ခံသူ သို့မဟုတ် တရားဝင်ကိုယ်စားလှယ်တို့လည်း ပါဝင်သည်။ |
|
(ဂ) |
အာမခံထားသူဆိုသည်မှာ ဤဥပဒေနှင့် သက်ဆိုင်သောလုပ်ငန်းဌာန တစ်ခုခုတွင် လုပ်ကိုင်လျက်ရှိပြီး၊ လူမှုဖူလုံရေးစနစ်နှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်တို့တွင် မိမိတို့ဆန္ဒအလျောက် အာမခံထားရှိသူကို သော်လည်းကောင်း ဆိုသည်။ |
|
(ဃ) |
လုပ်ငန်းဌာနဆိုသည်မှာ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က)ပါ အလုပ်ရုံနှင့် အဖွဲ့အစည်းများကိုဆိုသည်။ ယင်းစကားရပ်တွင် အဆိုပါလုပ်ငန်းဌာန၏ အလုပ်ကို လုပ်ကိုင်သော အလုပ်နေရာ တစ်ခုခုလည်း ပါဝင်သည်။ |
|
(င) |
လူမှုဖူလုံရေး ရန်ပုံငွေဆိုသည်မှာ အာမခံထားသူများအတွက် နောင်ရေးစိတ်အေးပြီး ပူပင်သောကမရှိစေရန် စီမံထားရှိသော ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု ရန်ပုံငွေ၊ မိသားစု ထောက်ပံ့မှုရန်ပုံငွေ၊ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေ၊ အလုပ်လက်မဲ့ဖြစ်မှုအတွက် အကျိုးခံစားခွင့်ရန်ပုံငွေ၊ လူမှုဖူလုံရေး အိမ်ရာစီမံကိန်း ရန်ပုံငွေတို့ကို လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲနှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်သော အခြားလူမှုဖူလုံရေး ရန်ပုံငွေတို့ကို လည်းကောင်းဆိုသည်။ |
|
(စ) |
အလုပ်တွင်ထိခိုက်မှုဆိုသည်မှာ အလုပ်သမားသည် အလုပ်ခွင်အတွင်းနှင့် အလုပ်ခွင်ပြင်ပတွင် အလုပ်ကို အကြောင်းပြု၍ဖြစ်စေ၊ အလုပ်တာဝန်နှင့် ဆက်စပ်၍ဖြစ်စေ၊ အလုပ်ရှင်၏ အကျိုးငှာ အခြားလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြစ်စေ၊ အလုပ်တာဝန် ထမ်းဆောင်ရန် အလုပ်ခွင်သို့ အသွား သို့မဟုတ် အလုပ်ခွင်မှအပြန် လမ်းခရီးတွင်ဖြစ်စေ ဖြစ်ပေါ်သော မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု သို့မဟုတ် အလုပ်နှင့်ဆိုင်သည့် ရောဂါရရှိမှုကို ဆိုသည်။ ယင်းစကားရပ်တွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စပ်လျဉ်းသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် တမင်ပျက်ကွက်ခြင်းကြောင့် ရရှိသည့် ထိခိုက်မှု သော်လည်းကောင်း၊ စီမံထားရှိသည့် ဘေးအန္တရာယ် အကာအကွယ်၊ အတားအဆီးပစ္စည်းကိရိယာများကို ဖယ်ရှားခြင်း သို့မဟုတ် အသုံးမပြုခြင်းကြောင့် ရရှိသည့် ထိခိုက်မှု သော်လည်းကောင်း၊ အရက်သေစာ သောက်စားမှု သို့မဟုတ် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ရရှိသည့် ထိခိုက်မှုသော်လည်းကောင်း မပါဝင်။ |
|
(ဆ) |
အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှုဆိုသည်မှာ အလုပ်တွင် ထိခိုက်မှုကြောင့် မဟုတ်ဘဲ မကျန်းမာမှုနှင့် မီးဖွားမှု အပါအဝင် အခြားအကြောင်းတစ်စုံတစ်ရာကြောင့် ရရှိသည့် ထိခိုက်မှု သို့မဟုတ် ရောဂါရရှိမှု ဖြစ်ပေါ်ရာမှ အမြဲတမ်း အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှုကို ဆိုသည်။ |
|
(ဇ) |
အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေဆိုသည်မှာ အလုပ်ရှင်က မိမိ၏ အလုပ်သမားများအတွက် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်များ ရရှိစေရန် ပေးသွင်းသည့် ထည့်ဝင်ကြေးငွေများဖြင့် ထူထောင်ထားရှိသော ရန်ပုံငွေကို ဆိုသည်။ |
|
(ဈ) |
လူမှုဖူလုံရေးနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်ဆိုသည်မှာ အာမခံထားသူများအား လူမှုဖူလုံရေး ရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေတို့မှ ဤဥပဒေအရပေးသော အကျိုးခံစားခွင့်များကို ဆိုသည်။ |
|
(ည) |
လုပ်ခဆိုသည်မှာ အလုပ်ရှင်က ခိုင်းစေသော အလုပ်ကို အလုပ်သမားက လုပ်ကိုင်ဆောင်ရွက်ပေးသည့်အတွက် ရသင့်သော အခကြေးငွေအားလုံးကို ဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခနှင့် ဝင်ငွေအဖြစ် သတ်မှတ်နိုင်သော အခြားအခကြေးငွေများလည်း ပါဝင်သည်။ သို့ရာတွင် ခရီးစရိတ်၊ အငြိမ်းစား လုပ်သက်ဆုငွေ၊ အလုပ်သမားအား နှစ်စဉ်အပိုပေးသော ဆုကြေးငွေနှင့် အလုပ်သမားဝန်ကြီးဌာနက လုပ်ခနှင့် မသက်ဆိုင်ဟု ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်သော အခကြေးငွေတို့ မပါဝင်။ |
|
(ဋ) |
ဆေးသက်သေခံလက်မှတ်ဆိုသည်မှာ ဤဥပဒေပါ အကျိုးခံစားခွင့်ကိစ္စ အလို့ငှာ လူမှုဖူလုံရေးအဖွဲ့က ခန့်ထားသည့် သို့မဟုတ် အသိအမှတ်ပြုသည့် ဆရာဝန်က အာမခံထားသူ သို့မဟုတ် အာမခံထားမည့်သူအား ကျန်းမာရေး စစ်ဆေးပြီး ထုတ်ပေးသော ကျန်းမာရေး စစ်ဆေးချက် ဆေးသက်သေခံလက်မှတ်ကို ဆိုသည်။ |
|
(ဌ) |
မှီခိုသူဆိုသည်မှာ အလုပ်သမားကို မှီခိုနေသော အလုပ်သမား၏ ဇနီး သို့မဟုတ် ခင်ပွန်းကို လည်းကောင်း၊ ထိုအလုပ်သမား၏ အသက် ၁၈နှစ်အောက် သားသမီးနှင့် အချိန်ပြည့် ပညာသင်ကြားနေပြီး အိမ်ထောင်မပြုသေးသော အသက် ၂၁နှစ်နှင့် အောက်ရှိသည့် သားသမီးတို့ကို လည်းကောင်း၊ ထိုအလုပ်သမား၏မိဘကို လည်းကောင်းဆိုသည်။ |
|
(ဍ) |
အလုပ်အမှုဆောင်ကော်မတီဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော လူမှုဖူလုံရေးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတိကို ဆိုသည်။ |
|
(ဎ) |
အလုပ်သမားဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့အလုပ်သမားဝန်ကြီးဌာနကို ဆိုသည်။ |
| ၃။ |
ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်- |
|
(က) |
အလုပ်သမားများ၏ ကျန်းမာရေးနှင့် လူမှုရေး လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်က စုပေါင်းအာမခံပြီး နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်ပြီး နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ |
|
(ခ) |
အများပြည်သူတို့က မိမိတို့၏ ဆန္ဒအလျောက် အာမခံထားရှိနိုင်ပြီး လူမှုဘဝ လုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုရရှိ ခံစားနိုင်စေရန်၊ |
|
(ဂ) |
လက်တွေ့ပကတိ အခြေအနေနှင့် ကိုက်ညီသော အကျိုးခံစားခွင့်များ ပေးခြင်းဖြင့် လူမှုဖူလုံရေးစနစ်အပေါ် အများပြည်သူယုံကြည်ကိုးစားမှုများ ပိုမို တိုးပွားလာစေရန်၊ |
|
(ဃ) |
အလုပ်ရှင်နှင့် အလုပ်သမားတို့က ပေးသွင်းထားသည့် အချို့သောထည့်ဝင်ကြေးငွေများကို စုဆောင်ငွေကဲ့သို့ သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ထုတ်ယူ ခံစားခွင့်ရှိစေရန်၊ |
|
(င) |
အလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့် အလုပ်တွင်ထိခိုက်မှုအတွက် ငွေကြေးအကျိုးခံစားခွင့် တို့အပြင် အငြိမ်းစာယူပြီး နောက် ဆေးဝါးကုသမှု ဆက်လက်ခံယူခွင့်၊ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်၊ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်၊ ကျန်ရစ်သူအကျိုးခံစားခွင့်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့်၊ အိမ်ရာ နေထိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်များကိုပါ ရရှိစေရန်။ |
| ၄။ |
ပြည်ထောင်စုအစိုးရအဖွဲ့သည်- |
|
(က) |
အလုပ်သမားကြီးဌာနနှင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အဖွဲ့အစည်းများမှ သင့်လျော်သော ပုဂ္ဂိုလ်များ၊ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်သူများ ပါဝင်သည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ကို ဖွဲ့စည်းရမည်။ |
|
(ခ) |
ပုဒ်မခွဲ (က)အရ ဖွဲ့စည်းထားသော လူမှုဖူလုံရေးအဖွဲ့ကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းခြင်း ပြုနိုင်သည်။ |
| ၅။ |
လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်- |
|
(က) |
ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ကွပ်ကွဲမှု ပြုခြင်း၊ |
|
(ခ) |
လူမှုဖူလုံရေးအဖွဲ့က လွှဲအပ်ပေးသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် အလုပ်အမှုဆောင် ကော်မတီကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပြီး ယင်းကော်မတီ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊ |
|
(ဂ) |
လူမှုဖူလုံရေးအဖွဲ့ လုပ်ငန်းကို သုတေသနနှင့် ဖွံ့ဖြိုးမှု အစီအစဉ်များ၊ စီမံချက်များ ချမှတ်ပြီး ဆောင်ရွက်စေခြင်းနှင့် တွေ့ရှိချက်ကို တင်ပြစေခြင်း၊ |
|
(ဃ) |
ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့ကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊ |
|
(င) |
ကျန်းမာမှု မြှင့်တင်ရေး လုပ်ငန်းများ လုပ်ငန်းခွင် ကျန်းမာရေးပညာပေး လုပ်ငန်းများနှင့် ကျန်းမာရေးနှင့် ညီညွှတ်သောပတ်ဝန်းကျင် ဖြစ်ပေါ်ရေး လုပ်ငန်းများကို စီစဉ်ဆောင်ရွက်စေခြင်း၊ |
|
(စ) |
အမြဲတမ်း မသန်စွမ်းမှုနှင့် ဆိုင်သည့် အကျိုးခံစားခွင့်များကို သတ်မှတ်ရာ၌ အခြေခံရမည့် လုပ်အားဆုံးရှုံးမှု ရာခိုင်နှုန်းများ ထုတ်ပြန်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး အလုပ်သမားဝန်ကြီးဌာနသို့ အကြံပြုတင်ပြခြင်း၊ |
|
(ဆ) |
အလုပ်နှင့် သက်ဆိုင်သည့် ရောဂါများစာရင်းကို ထုတ်ပြန်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး အလုပ်သမားဝန်ကြီးဌာနသို့ အကြံပြုတင်ပြခြင်း၊ |
|
(ဇ) |
အလုပ်တွင် ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံးသွားသူများအတွက် လစ်လပ်သောအလုပ်များကို ခန့်ထားရန် လုပ်ငန်းဌာနအမျိုးအစားအလိုက် အနည်းဆုံးထားရှိရမည့် အချိုးအစားကိုသတ်မှတ်ခြင်း၊ |
|
(ဈ) |
လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကို ဆောင်ရွက်နိုင်ရန် လိုအပ်ပါက သက်ဆိုင်ရ်ာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး သင့်လျော်သော်ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်အား လွှဲအပ်တာဝန်ပေးခြင်း၊ |
|
(ည) |
လူမှုဖူလုံရေးရုံးချုပ်နှင့် ဒေသဆိုင်ရာ လူမှုဖူလုံရေးရုံး အဆင့်ဆင့်တို့၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့ပိုင် သို့မဟုတ် ယင်းအဖွဲ့နှင့် သဘောတူစာချုပ်ချုပ်ဆိုထားသော ဆေးရုံများ၊ ဆေးခန်းများ၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ လည်းကောင်း လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း၊ |
|
ဋ |
နိုင်ငံတော်ကခွင့်ပြုသော မြေကွက်များတွင် ဖြစ်စေ၊ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေတို့မှ အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဝယ်ယူသော မြေကွက်များတွင် ဖြစ်စေ စီမံကိန်းမျာချမှတ်၍ လူမှုဖူလုံရေး အိမ်ရာများ ထူထောင်ခြင်း၊ |
|
(ဌ) |
လူမှုဖူလုံရေး အိမ်ရာများနှင့် စပ်လျဉ်း၍ သတ်မှတ်သော စည်းကမ်းချက်များနှင့်အညီ နေထိုင်ခွင့်၊ ငှားရမ်းနေထိုင်ခွင့်၊ အသုံးပြုခွင့်၊ ပိုင်ဆိုင်ခွင့်၊ ဝယ်ယူခွင့်၊ ရောင်းချခွင့် သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခွင့်ပြုခြင်းနှင့် ယင်းအိမ်ရာဝယ်ယူနိုင်ရေးအတွက် ငွေချေးခွင့်ပြုခြင်း၊ |
|
(ဍ) |
သတ်မှတ်ထားသော စည်းကမ်းချက်များကို ဖောက်ဖျက်သည့် ပုဒ်မခွဲ (ဌ)ပါ ခွင့်ပြုချက်ရရှိသူများအား အရေးယူဆောင်ရွက်ရေးနှင့် လိုအပ်ပါက ထိုသူတို့အား လူမှုဖူလုံရေးအိမ်ရာမှ သတ်မှတ်ချက်များနှင့် အညီ ဖယ်ရှားရေးတို့အတွက် သက်ဆိုင်ရာ လူမှုဖူလုံရေး အရာရှိအား တာဝန်ပေးအပ်ခြင်း၊ |
|
(ဎ) |
လူမှုဖူလုံရေးနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်များ ပိုမိုထိရောက်စွာ ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ |
|
(ဏ) |
လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ ဆောက်ရွက်မှု အစီရင်ခံစာကို သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခြင်း၊ |
|
(တ) |
ပြည်ထောင်စုအစိုးရအဖွဲ့နှင့် အလုပ်သမားဝန်ကြီးဌာနတို့က ပေးအပ်သော အခြားလုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း။ |
| ၆။ လူမှုဖူလုံရေးအဖွဲ့သည်- |
|
(က) |
၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေး အက်ဥပဒေအရ တည်ထောင်ခဲ့သော လူမှုဖူလုံရေးအဖွဲ့ပိုင် မရွှေ့မပြောင်းနိုင်သော ပစ္စည်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် ရန်ပုံငွေများကို လည်းကောင်း၊ လူမှုဖူလုံရေး လုပ်ငန်းကိစ္စများကို လည်းကောင်း၊ လူမှုဖူလုံရေး ရန်ပုံငွေ တိုးပွားရေးအတွက် လုပ်ကိုင်လျက်ရှိသည့် စီးပွားရေး လုပ်ငန်းများကိုလည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့၏ ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို လည်းကောင်း အသီးသီး ဆက်ခံရမည်။ |
|
(ခ) |
ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲဆိုခြင်း ခံနိုင်ခွင့်တို့ ရှိစေရမည်။ |
| ၇။ |
လူမှုဖူလုံရေးအဖွဲ့၏ အစိုးရဝန်ထမ်းမဟုတ်သော အဖွဲ့ဝင်နှင့် အလုပ်အမှုဆောင် ကော်မတီဝင်တို့သည် ဤဥပဒေအရ လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်သည့် နေ့ရက်များအတွက် သတ်မှတ်ထားသော စရိတ်နှင့် အခကြေးငွေများကို လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေတို့မှ ကျခံသုံးစွဲရမည်။ |
| ၈။ |
(က) |
အလုပ်သမားဝန်ကြီးဌာနသည် လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လိုအပ်သော လုပ်ငန်းတာဝန်များနှင့် လူမှုဖူလုံရေးအဖွဲ့၏ ရုံးလုပ်ငန်းဆိုင်ရာ တာဝန်များကို ဆောင်ရွက်နိုင်ရန် အလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုသော ဝန်ထမ်းဖွဲ့စည်းပုံနှင့်အညီ အောက်ဖော်ပြပါ လူမှုဖူလုံရေးရုံးများ၊ ဆေးရုံများနှင့် ဆေးခန်းများကို လိုအပ်ချက်အရ ဖွဲ့စည်းတည်ထောင်၍ လိုအပ်သော ဝန်ထမ်းများကို ခန့်အပ်တာဝန်ပေးနိုင်သည်- |
|
|
(၁) |
လူမှုဖူလုံရေးရုံးချုပ်၊ |
|
|
(၂) |
တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုဖူလုံရေးရုံးများ၊ |
|
|
(၃) |
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း လူမှုဖူလုံရေးရုံးများ၊
ကိုယ်ပိုင်အုပ်ချုပ်ရဒေသ လူမှုဖူလုံရေးရုံးများ၊ |
|
|
(၄) |
ခရိုင်လူမှုဖူလုံရေးရုံးများ၊ |
|
|
(၅) |
မြို့နယ်လူမှုဖူလုံရေးရုံးများ |
|
|
(၆) |
လူမှုဖူလုံရေးဆေးရုံများ၊ |
|
|
(၇) |
လူမှုဖူလုံရေးဆေးခန်းများ။ |
|
(ခ) |
ပုဒ်မခွဲ (က)အရ ဖွဲ့စည်းသော လူမှုဖူလုံရေးရုံးများတွင် ခန့်အပ်တာဝန်ပေးခြင်းခံရသော ဝန်ထမ်းများသည် အစိုးရဝန်ထမ်းများနှင့် သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့်အညီ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများကို လည်းကောင်း၊ အခြားခံစားခွင့်များကို လည်းကောင်း ခံစားခွင့်ရှိပြီး ဝန်ထမ်းရေးရာ စည်းမျဉ်းများ၊ စည်းကမ်းများနှင့် တာဝန်များကို လိုက်နာဆောင်ရွက်ရမည်။ |
|
(ဂ) |
လူမှုဖူလုံရေးအဖွဲ့သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လိုအပ်သော လုပ်ငန်းတာဝန်များနှင့် လူမှုဖူလုံရေးအဖွဲ့၏ ရုံးလုပ်ငန်းဆိုင်ရာတာဝန်များကို ဆောင်ရွက်နိုင်ရေးအတွက် မိမိ၏ရန်ပုံငွေ အခြေအနေပေါ်မူတည်၍ ပုဒ်မခွဲ(က)ပါ လူမှုဖူလုံရေးရုံးများ၊ ဆေးရုံများနှင့် ဆေးခန်းများကို ဖွဲ့စည်းတည်ထောင်ခြင်း၊ လိုအပ်သော ဝန်ထမ်းများကို ခန့်အပ်တာဝန်ပေးခြင်းတို့နှင့် စပ်လျဉ်း၍ ပုဒ်မခွဲ (ခ)ပါ ခံစားခွင့်များအစား လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများကို လည်းကောင်း၊ အခြားခံစားခွင့်များကို လည်းကောင်း မိမိရန်ပုံငွေဖြင့် ခံစားခွင့်ပြုနိုင်သည်။ |
| ၉။ |
(က) |
အလုပ်သမားဝန်ကြီးဌာနသည် ဤဥပဒေအရ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှု ပေးနိုင်ရန် အလို့ငှာ- |
|
|
(၁) |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆေးကောင်စီ၊ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သူနာပြုနှင့် သားဖွားကောင်စီတို့က ထုတ်ပေးသော ဆေးကုသခွင့်လိုင်စင် သို့မဟုတ် မှတ်ပုံတင် လက်မှတ်ရရှိသည့် ဆရာဝန်များ၊ သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများ၊ သားဖွားများ၊ နည်းပညာ ကျွမ်းကျင်သူများကို လည်းကောင်း၊ တိုင်းရင်းဆေးကောင်စီက ထုတ်ပေးသော မှတ်ပုံတင်လက်မှတ်ရရှိသည့် တိုင်းရင်းဆေးဆရာများကို လည်းကောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ တွဲဖက်တာဝန်ပေးခြင်း၊ လွှဲပြောင်းတာဝန်ပေးခြင်း သို့မဟုတ် ခန့်အပ်တာဝန်ပေးခြင်း ပြုနိုင်သည်။ |
|
|
(၂) |
လိုအပ်ပါက အဆိုပါကောင်စီ အသီးသီးက ထုတ်ပေးသော ဆေးကုသခွင့်လိုင်စင် သို့မဟုတ် မှတ်ပုံတင် လက်မှတ်ရရှိသော ဆရာဝန်များ၊ သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများ၊ သားဖွားများ၊ နည်းပညာကျွမ်းကျင်သူများနှင့် တိုင်းရင်းဆေးဆရာများကိုလည်းကာလ ကန့်သတ်ချက်ဖြင့် ငှားရမ်း၍ဖြစ်စေ၊ သဘောတူစာချုပ် ချုပ်ဆို၍ ဖြစ်စေ ခန့်အပ်ပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးနိုင်သည်။ |
|
(ခ) |
ပုဒ်မခွဲ (က)အရ ခန့်အပ်တာဝန်ပေးခြင်း ခံရသူများသည် သီးခြားသဘောတူညီချက် မရှိလျှင် အစိုးရဝန်ထမ်းများနှင့် သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့်အညီ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများကို လည်းကောင်း၊ လုပ်သက်ဆိုငွေ၊ ပင်စင်နှင့် အခြားခံစားခွင့်များကိုလည်းကောင်း ခံစားခွင့်ရှိပြီး ဝန်ထမ်းရေးရာ စည်းမျဉ်းများ၊ စည်းကမ်းများနှင့် တာဝန်များကို လိုက်နာဆောင်ရွက်ရမည်။ |
| ၁၀။ |
လူမှုဖူလုံရေးရုံးချုပ် ညွှန်ကြားရေးမှူးချုပ်သည်- |
|
(က) |
ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လိုအပ်သော လုပ်ငန်းတာဝန်များကို လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့၏ ရုံးလုပ်ငန်းဆိုင်ရာ တာဝန်များကို လည်းကောင်း တာဝန်ခံ၍ ဆောင်ရွက်ရမည်။ |
|
|
(ခ) |
လူမှုဖူလုံရေးအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ အောက်ဖော်ပြပါ လူမှုဖူလုံရေးများ၊ ဆေးရုံများနှင့် ဆေးခန်းများ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုကို ကြီးကြပ်ရမည်- |
|
|
(၁) |
လူမှုဖူလုံရေးရုံးချုပ်၊ |
|
|
(၂) |
တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုဖူလုံရေးရုံးများ၊ |
|
|
(၃) |
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း လူမှုဖူလုံရေးရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူမှုဖူလုံရေးရုံးများ၊ |
|
|
(၄) |
ခရိုင်လူမှုဖူလုံရေးရုံးများ |
|
|
(၅) |
မြို့နယ်လူမှုဖူလုံရေးရုံးများ၊ |
|
|
(၆) |
လူမှုဖူလုံရေးဆေးရုံများ၊ |
|
|
(၇) |
လူမှုဖူလုံရေးဆေးခန်းများ၊ |
|
|
(၈) |
လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည့် ဆေးရုံများနှင့် ဆေးခန်းများ။ |
သက်ဆိုင်သော လုပ်ငန်းဌာနများ
| ၁၁။ |
(က) |
အောက်ပါလုပ်ငန်းဌာနများသည် အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ သတ်မှတ်ထားသော အနည်းဆုံးအလုပ်သမားဦးရေနှင့် အထက် အလုပ်လုပ်ကိုင်ပါက ဤဥပဒေပါ လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များအတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်- |
|
|
(၁) |
စက်အား သို့မဟုတ် စွမ်းအား တစ်ခုခုကို အသုံးပြု၍ ဖြစ်စေ၊ အသုံးမပြုဘဲ ဖြစ်စေ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သော စက်မှုလက်မှု အလုပ်ဌာနများ၊ ပစ္စည်းထုတ်လုပ်မှု၊ ပြုပြင်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများ သို့မဟုတ် အင်ဂျင်နီယာလုပ်ငန်း လုပ်ကိုင်သော လုပ်ငန်းများ၊ အလုပ်ရုံများ၊ သိုလှောင်ရုံများ၊ ဌာနများ၊ |
|
|
(၂) |
စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ |
|
|
(၃) |
စည်ပင်သာယာရေး အဖွဲ့အစည်းများ၊ |
|
|
(၄) |
ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ |
|
|
(၅) |
စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော ကုမ္ပဏီ၊ အသင်း၊ အဖွဲ့အစည်းများနှင့် ယင်းတို့၏ လက်အောက်ခံလုပ်ငန်းဌာနများနှင့် ရုံးခွဲများ၊ |
|
|
(၆) |
ဆိုင်များ၊ ကုန်သွယ်အလုပ်ဌာနများ၊ အများပြည်သူဖျော်ဖြေရေး အလုပ်ဌာနများ၊ |
|
|
(၇) |
စီးပွားရေးလုပ်ငန်းလုပ်ကိုင်သော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းပိုင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် ယင်းဌာန၊ အဖွဲအစည်း၏ ခွင့်ပြုချက်ဖြင့်ဖြစ်စေ၊ ယင်းဌာန၊ အဖွဲ့အစည်းနှင့် ဖက်စပ်ဖြစ်စေ စီးပွားရေးအရ လုပ်ကိုင်သော သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ |
|
|
(၈) |
အလုပ်ခန့်ထားမှု သဘောတူညီချက်ဖြင့် တစ်နှစ်နှင့် အထက် လုပ်ကိုင်သော ဆောက်လုပ်ရေး လုပ်ငန်းများ၊ |
|
|
(၉) |
နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဖြင့် ဖြစ်စေ၊ နိုင်ငံသား ရင်းနှီးမြှပ်နှံမှုဖြင့် ဖြစ်စေ လုပ်ကိုင်သော လုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းများ၊ |
|
|
၁၀။ |
တည်ဆဲဥပဒေ တစ်ရပ်ရပ်ပါ သတ္တုတွင်းနှင့် ကျောက်မျက် ရတနာဆိုင်ရာ လုပ်ငန်းများ၊ |
|
|
၁၁။ |
တည်ဆဲဥပဒေ တစ်ရပ်ရပ်ပါ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ လုပ်ငန်းများ၊ |
|
|
၁၂။ |
တည်ဆဲဥပဒေ တစ်ရပ်ရပ်ပါ ဆိပ်ကမ်းများနှင့်ပြင်ပဆိပ်ကမ်းများ၊ |
|
|
၁၃။ |
ကုန်တင်ကုန်ချ အလုပ်သမားများဖြင့် လုပ်ကိုင်သော လုပ်ငန်းအဖွဲ့အစည်းများ၊ |
|
|
၁၄။ |
အလုပ်သမားဝန်ကြီးဌာနနှင့် ယင်း၏လက်အောက်ခံဌာန၊ အဖွဲ့အစည်းများ၊ |
|
|
၁၅။ |
ဤဥပဒေပါ လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များ အတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည်ဟု အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့၏ အတည်ပြုချက်ဖြင့် အခါအားလျော်စွာ သတ်မှတ်သော လုပ်ငန်းဌာနများ။ |
|
(ခ) |
ပုဒ်မခွဲ (က)ပါ မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သော လုပ်ငန်းဌာန တစ်ခုခုသည် အောက်ပါအခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်သော်လည်း ထိုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေလျှင် သတ်မှတ်ချက်များနှင့် ဆန့်ကျင်ခြင်းမရှိပါက ဤဥပဒေနှင့် ဆက်လက်၍ သက်ဆိုင်စေရမည်- |
|
|
(၁) |
သတ်မှတ်ထားသော အနည်းဆုံးအလုပ်သမား ဦးရေအောက် လျော့နည်း၍ တစ်ဦးနှင့် အထက်လုပ်ကိုင်ခြင်း၊ |
|
|
(၂) |
အလုပ်ရှင် ပြောင်းလဲခြင်း သို့မဟုတ် လုပ်ငန်းအမျိုးအစားပြောင်းလဲခြင်း။ |
သက်ဆိုင်ခြင်းမရှိသော လုပ်ငန်းဌာနနှင့် အလုပ်သမားများ
| ၁၂။ |
(က) |
အောက်ပါ လုပ်ငန်းဌာနများသည် ဤဥပဒေပါ လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များအတွက် မှတ်ပုံမတင်မနေရပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ- |
|
|
(၁) |
စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်း မရှိသော အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ သို့မဟုတ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ |
|
|
(၂) |
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရ၏ သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများ၊ |
|
|
(၃) |
ရာသီအလိုက် လုပ်ကိုင်သော စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများ၊ |
|
|
(၄) |
အမြတ်အစွန်း မရည်ရွယ်သော ကုမ္ပဏီ၊ အသင်းသို့မဟုတ် အဖွဲ့အစည်းများ၊ |
|
|
(၅) |
သုံးလအောက် နည်းသည့် ကာလအတွက်သာ အလုပ်လုပ်ကိုင်သည့် လုပ်ငန်းဌာနများ၊ |
|
|
(၆) |
အလုပ်သမား မပါရှိဘဲ မိမိ၏မိသားစုဖြင့်သာ လုပ်ကိုင်သော ကိုယ်ပိုင် လုပ်ငန်းဌာနများ၊ |
|
|
(၇) |
စီးပွားရေးလုပ်ငန်းအတွက် မဟုတ်သော အိမ်တွင်း ဝန်ဆောင်မှုလုပ်ငန်းများ၊ |
|
|
(၈) |
ပုဒ်မ ၉၉အရ ကင်းလွတ်ခွင့် ပြုထားသည့် လုပ်ငန်းဌာနများ။ |
|
(ခ) |
လုပ်ငန်းဌာန တစ်ခုခုတွင် အလုပ်လုပ်ကိုင်စေကာမူ အောက်ပါအလုပ်သမားများသည် ဤဥပဒေပါ လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များအတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ- |
|
|
(၁) |
တည်ဆဲဥပဒေအရ အလုပ်လုပ်ကိုင်ခွင့်ရှိသော အသက်မပြည့်သေးသည့် အလုပ်သမားများနှင့် ပုဒ်မ ၃၄အရ သက်ပြည့်အငြိမ်းစား ယူခွင့်ရှိသည့် အသက်ပြည့်သည့် အလုပ်သမားများ၊ |
|
|
(၂) |
ပျံကျလမ်းဘေး စျေးသည်နှင့် စက်ဘီး တွန်းလှည်း စသည်များဖြင့် လှည့်လည်ရောင်းချသူများ၊ |
|
|
(၃) |
ရံဖန်ရံခါ အလုပ်လုပ်ခိုင်းသည့် နေ့စား၊ အချိန်ပိုင်း၊ ပုတ်ပြတ် သို့မဟုတ် ပြင်ပအလုပ်သမားများ၊ |
|
|
(၄) |
ဤဥပဒေပါ လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များအတွက် မှတ်ပုံမတင် မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်း မရှိဟု အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အခါအားလျော်စွာ သတ်မှတ်သည့် အခြားအလုပ်သမားများ။ |
|
(ဂ) |
ဤဥပဒေပါ လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များအတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိသော လုပ်ငန်းဌာနများမှ အလုပ်သမားများသည် မိမိတို့၏ ဆန္ဒအလျောက် မှတ်ပုံတင်ပြီး ထည့်ဝင်ကြေး ပေးသွင်း၍ အာမခံထားလျှင် ဤဥပဒေပါ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိစေရမည်။ |
လူမှုဖူလုံရေးစနစ်
| ၁၃။ လူမှုဖူလုံရေးအဖွဲ့သည် အာမခံထားသူများက လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိခံစားနိုင်ရေးအတွက် အောက်ပါ လူမှုဖူလုံရေးစနစ်များကို သတ်မှတ်ချက်များနှင့်အညီ စီမံထားရှိရမည်- |
|
(က) |
ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်- |
|
|
(၁) |
မကျန်းမာမှုအတွက် ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်၊ |
|
|
(၂) |
ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်၊ |
|
|
(၃) |
အာမခံထားသူများ အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှု ဆက်လက်ခံယူခွင့်၊ |
|
|
(၄) |
မည်သည့် အကြောင်းကြောင့်မဆို သေဆုံးမှုအတွက် နာရေးစရိတ် ခံစားခွင့်။ |
|
(ခ) |
မိသားစု ထောက်ပံ့မှု အာမခံစနစ်- |
|
|
(၁) |
သတ်မှတ်ထားသော ဝင်ငွေ ပမာဏအောက် နည်းသည့်အာမခံထားသူ၏ ပညာသင်ကြားနေသော သားသမီးများအတွက် ပညာသင်စရိတ်ခံစားခွင့်၊ |
|
|
(၂) |
သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့်အခါ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်၊ |
|
|
(၃) |
မှီခိုသူ မိသားစုအတွက် သင့်လျော်သော အကျိုးခံစားခွင့်။ |
|
(ဂ) |
အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် အာမခံစနစ်- |
|
|
(၁) |
အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်၊ |
|
|
(၂) |
သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်၊ |
|
|
(၃) |
အလုပ်ကို အကြောင်းပြု၍ မဟုတ်ဘဲ သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်။ |
|
(ဃ) |
အလုပ်လက်မဲ့ အကျိုးခံစားခွင့် အာမခံစနစ်- |
|
|
(၁) |
အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရှိသူများအား ကျန်းမာရေး စောင့်ရှောက်ခွင့်၊ |
|
|
(၂) |
လုပ်ငန်းခွင်မှ အလုပ်လက်မဲ့ ဖြစ်မှုအတွက် ငွေကြေးအကျိုးခံစားခွင့်။ |
|
(ဂ) |
အခြား လူမှုဖူလုံရေးစနစ်- |
|
|
(၁) |
အိမ်ရာစီမံကိန်းများဖြင့် ထူထောင်ထားသည့် လူမှုဖူလုံရေးအိမ်ရာများတွင် အာမခံထားသူများအား သတ်မှတ်ချက်များနှင့်အညီ နေထိုင်ခွင့်၊ ငှားရမ်းနေထိုင်ခွင့်၊ ဝယ်ယူခွင့်၊ ပိုင်ဆိုင်ခွင့် သို့မဟုတ် အသုံးပြုခွင့်၊ |
|
|
(၂) |
အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သော မှတ်ပုံမတင်မနေရ မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးငွေ ပေးသွင်းရမည့် လူမှုဖူလုံရေးစနစ် သို့မဟုတ် မိမိတို့၏ ဆန္ဒအလျောက် ထည့်ဝင်နိုင်သည့် အခြားလူမှုဖူလုံရေး စနစ်များ။ |
| ၁၄။ အစိုးရဝန်ထမ်းများသည် ပုဒ်မ ၁၃၊ ပုဒ်မခွဲ (ဂ)နှင့် (ဃ)တို့ပါ အာမခံစနစ်များနှင့် သက်ဆိုင်ခြင်း မရှိစေရ။ သို့ရာတွင် အစိုးရဝန်ထမ်းများသည် ပုဒ်မ ၁၃၊ ပုဒ်မခွဲ (ဂ)ပါ အာမခံစနစ်သို့ မိမိတို့၏ ဆန္ဒအလျောက်မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးငွေ ပေးသွင်း၍ အာမခံထားလျှင် သက်ဆိုင်ရာအကျိုးခံစားခွင့်များကို သတ်မှတ်ချက်များနှင့် အညီရထိုက်ခွင့်ရှိစေရမည်။ |
လူမှုဖူလုံရေးရန်ပုံငွေ
| ၁၅။ |
(က) |
လူမှုဖူလုံရေးရန်ပုံငွေတွင် အောက်ပါရန်ပုံငွေများပါဝင်သည်- |
|
|
(၁) |
ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု ရန်ပုံငွေ၊ |
|
|
(၂) |
မိသားစုထောက်ပံ့မှု ရန်ပုံငွေ၊ |
|
|
(၃) |
အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေ၊ |
|
|
(၄) |
အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရန်ပုံငွေ၊ |
|
|
(၅) |
ပုဒ်မ ၁၃၊ ပုဒ်မခွဲ (င)၊ ပုဒ်မခွဲငယ် (၂)အရ အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍မှတ်ပုံမတင်မနေရ မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးငွေပေးသွင်းရမည်ဟု သတ်မှတ်သော လူမှုဖူလုံရေးစနစ် အတွက် အခြားလူမှုဖူလုံရေး ရန်ပုံငွေများ၊ |
|
|
(၆) |
ပုဒ်မ ၁၃၊ ပုဒ်မခွဲ (င)၊ ပုဒ်မခွဲငယ် (၂)အရ မိမိတို့၏ ဆန္ဒအလျောက် မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးငွေပေးသွင်းနိုင်သည့်ဟု သတ်မှတ်သော အခြားလူမှုဖူလုံရေး ရန်ပုံငွေများ၊ |
|
|
(၇) |
လူမှုဖူလုံရေး အိမ်ရာစီမံကိန်း ရန်ပုံငွေ။ |
|
(ခ) |
လုပ်ငန်းဌာနများ၏ အလုပ်ရှင်နှင့် အလုပ်သမားများတို့သည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁)၊ (၃)၊ (၄) နှင့် (၅)တို့ပါ ရန်ပုံငွေများသို့ မှတ်ပုံမတင်မနေရ မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးငွေများ ပေးသွင်းရမည်။ |
|
(ဂ) |
ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)ပါ မိသားစု ထောက်ပံ့မှု အကျိုးခံစားခွင့် ရန်ပုံငွေအတွက် ထည့်ဝင်ကြေးငွေကို သီးခြားသတ်မှတ်ခြင်း မပြုဘဲ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု ရန်ပုံငွေမှ သတ်မှတ်ထားသော အချိုးအစားဖြင့် လွှဲပြောင်းသုံး စွဲရမည်။ |
|
(ဃ) |
လုပ်ငန်းဌာနများ၏ အလုပ်ရှင်နှင့် အလုပ်သမားများတို့သည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၆)နှင့် (၇)ပါ ရန်ပုံငွေများသို့ မိမိတို့ ဆန္ဒအလျောက် ထည့်ဝင်ကြေးငွေများ ပေးသွင်းနိုင်သည်။ |
လူမှုဖူလုံရေးအတွက် မှတ်ပုံတင်ပြီး အာမခံထားရှိခြင်းနှင့် ထည့်ဝင်ကြေးများ
| ၁၆။ |
(က) |
အောက်ဖော်ပြပါ အလုပ်ရှင်များသည် မိမိတို့၏ လုပ်ငန်းဌာနများရှိ အလုပ်သမားများအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိခံစားနိုင်စေရန် သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးတွင် မှတ်ပုံမတင်မနေရ မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးကို ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁)၊ (၃)၊ (၄) နှင့် (၅)တို့ပါ လူမှုဖူလုံရေး ရန်ပုံငွေသို့ သတ်မှတ်ချက်များနှင့် အညီ ပေးသွင်း၍ အာမခံထားရှိရမည်- |
|
|
(၁) |
လုပ်ငန်းဌာနများ၏ အလုပ်ရှင်များ၊ |
|
|
(၂) |
အလုပ်သမား အနည်းဆုံး တစ်ဦးနှင့် အလုပ်ရှင်ကို မှီခိုနေသည့် ဇနီး၊ ခင်ပွန်း၊ သားသမီးနှင့် မိဘတို့မှအပ အလုပ်ရှင်၏ ဆွေမျိုးများ အပါအဝင် ပုဒ်မ ၁၁၊ ပုဒ်မခွဲ(က) အရ သတ်မှတ်ထားသော အလုပ်သမားဦးရေနှင့် အထက် အလုပ်လုပ်ကိုင်သော လုပ်ငန်းဌာနများ၏ အလုပ်ရှင်များ၊ |
|
|
(၃) |
လုပ်ခ မရရှိသော အလုပ်သင်နှင့် ပညာသင်တို့၏ အလုပ်ရှင်များ။ |
|
(ခ) |
လူမှုဖူလုံရေးစနစ်နှင့် သက်ဆိုင်ခြင်းမရှိသော လုပ်ငန်းဌာနများ၏ အလုပ်ရှင်နှင့် အလုပ်သမားများသည် လည်းကောင်း၊ ပုဒ်မ ၂၀ပါ ပုဂ္ဂိုလ်များသည် လည်းကောင်း ဤဥပဒေအရ လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ရရှိခံစားလိုပါက အာမခံစနစ် တစ်ခုချင်းစီအလိုက် သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးတွင် မိမိတို့၏ ဆန္ဒအလျောက် မှတ်ပုံတင်ပြီး ပုဒ်မ ၁၅ပါ ရန်ပုံငွေများသို့ သတ်မှတ်ချက်များနှင့်အညီ ထည့်ဝင်ကြေးများကို ပေးသွင်းရမည်။ |
|
(ဂ) |
ပုဒ်မခွဲ (က)နှင့် (ခ)တို့အရ မှတ်ပုံတင်ပြီး အာမခံထားရှိခြင်းမပြုမီ အာမခံထားမည့်သူသည် ကျန်းမာရေး စစ်ဆေးမှုကို သတ်မှတ်ချက်များနှင့်အညီ ခံယူပြီး အာမခံထားသူအဖြစ် မှတ်ပုံတင်သည့်အခါ ဆေးသက်သေခံလက်မှတ်ကို တင်ပြရမည်။ |
| ၁၇။ အာမခံထားသူများနှင့် ထိုသူတို့ သေဆုံးပြီးနောက် ကျန်ရစ်သော မှီခိုသူများအား ဤဥပဒေအရပေးသည့် အကျိုးခံစားခွင့်များအတွက် လည်းကောင်း၊ စီမံခန့်ခွဲမှုအတွက် လည်းကောင်း ကုန်ကျသည့် စရိတ်များကို ကျခံရန် အလို့ငှာပုဒ်မ ၁၅ပါ လူမှုဖူလုံရေး ရန်ပုံငွေ အသီးသီးသို့ အလုပ်ရှင်နှင့် အလုပ်သမားတို့က အလုပ်သမား၏ တစ်လအတွက် လုပ်ခ အပေါ်မူတည်၍ ပေးသွင်းရမည့် ထည့်ဝင်ကြေးနှုန်းထားများကို အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး သတ်မှတ်ထားရမည်။ |
| ၁၈။ |
(က) |
လူမှုဖူလုံရေးစနစ်နှင့် သက်ဆိုင်သည့် လုပ်ငန်းဌာန အသီးသီးရှိအလုပ်သမားများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အလုပ်သမား၏ လုပ်ခအလိုက် အလုပ်ရှင်နှင့် အလုပ်သမားတို့က ထည့်ဝင်ရမည့် ပုဒ်မ ၁၇ အရ သတ်မှတ်ထားသော နှုန်းထားများနှင့်အညီ ထည့်ဝင်ကြေးကို ပုဒ်မ ၃၄ အရ အငြိမ်းစားယူရမည့် အသက်ပြည့်သည်အထိ သို့မဟုတ် ထိုအငြိမ်းစားယူရမည့် အသက်ပြည်သော်လည်း ဆက်လက်၍ အလုပ်လုပ်ကိုင်နေလျှင် ထိုသို့ လုပ်ကိုင်နေသည့် ကာလအထိသက်ဆိုင်ရာ လူမှုဖူလုံရေး ရန်ပုံငွေသို့ သတ်မှတ်ချက်များနှင့်အညီ ပေးသွင်းကြရမည်။ |
|
(ခ) |
အလုပ်ရှင်သည် ဤဥပဒေအရ မိမိ၏ အလုပ်သမားက ပေးသွင်းရမည့် ထည့်ဝင်ကြေးငွေကို ယင်း၏လုပ်ခထဲမှ နုတ်ယူပြီး မိမိက ပေးသွင်းရမည့် ထည့်ဝင်ကြေးငွေနှင့်အတူ သက်ဆိုင်ရာ လူမှုဖူလုံရေး ရန်ပုံငွေသို့ ပေးသွင်းရမည်။ ထိုသို့ ပေးသွင်းရသည့် ကုန်ကျစရိတ်ကိုလည်း အလုပ်ရှင်ကကျခံရမည်။ |
|
(ဂ) |
လူမှုဖူလုံရေးအဖွဲ့သည် ထည့်ဝင်ကြေးငွေ ပေးသွင်းရန် ပျက်ကွက်သော အလုပ်ရှင်အား ထည့်ဝင်ကြေးငွေအပြင် ပုဒ်မ ၈၈ အရ သတ်မှတ်ထားသော ပျက်ကွက်ကြေးကို ထပ်ဆောင်း၍ ပေးသွင်းရန် ဆုံးဖြတ်နိုင်သည်။ |
လူမှုဖူလုံရေးအတွက် မိမိတို့၏ ဆန္ဒအလျောက် အာမခံထားရှိခြင်း
| ၂၀။ ဤဥပဒေအရ လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ခံစားနိုင်ရန် အလို့ငှာ အောက်ဖော်ပြပါပုဂ္ဂိုလ်များသည် မိမိတို့နှစ်သက်သည့် သက်ဆိုင်ရာ လူမှုဖူလုံရေးရန်ပုံငွေသို့ သတ်မှတ်ထားသည့် ထည့်ဝင်ကြေးငွေကို မိမိတို့၏ ဆန္ဒအလျောက် ထည့်ဝင်စုဆောင်နိုင်ပြီး သက်ဆိုင်ရာ လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို သတ်မှတ်ချက်များနှင့်အညီ ခံစားနိုင်သည်- |
|
(က) |
ဤဥပဒေပါ မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိသည့် လုပ်ငန်းဌာနများရှိ အလုပ်ရှင်များနှင့် အလုပ်သမားများ၊ |
|
(ခ) |
လုပ်ငန်းဌာနများတွင် အလုပ်လုပ်ကိုင်ခြင်း မရှိသော အများပြည်သူများ၊ |
|
(ဂ) |
ကျောင်းသူ ကျောင်းသားများ၊ လုပ်ငန်းခွင်နှင့် ကင်းကွာနေသူများ၊ အိမ်ဖော်များနှင့် နိုင်ငံခြားသို့ သွားရောက်၍ အလုပ်လုပ်ကိုင်နေသူများ၊ |
|
(ဃ) |
ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများ၊ စုပေါင်းလုပ်ငန်း လုပ်ကိုင်သူများ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာလုပ်ငန်း လုပ်ကိုင်သူများနှင့် တောင်သူလယ်သမားများ၊ |
|
(င) |
အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် မိမိတို့၏ ဆန္ဒအလျောက် မှတ်ပုံတင်၍ အာမခံထားနိုင်သည်ဟု အခါအားလျော်စွာ သတ်မှတ်ထားသည့် လုပ်ငန်းဌာနများမှ ပုဂ္ဂိုလ်များ။ |
ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ် အကျိုးခံစားခွင့်များ
| ၂၁။ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ် အကျိုးခံစားခွင့်များနှင့် စပ်လျဉ်း၍- |
|
(က) |
အာမခံထားသူသည် အောက်ပါ အကျိုးခံစားခွင့်များကို သတ်မှတ်ချက်များနှင့် အညီ ခံစားခွင့်ရှိသည်- |
|
|
(၁) |
ကိုယ်တိုင် မည်သည့်အကြောင်းကြောင့်မဆို မကျန်းမာမှုအတွက် ရောဂါအမျိုးအစားကို အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်၊ ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်၊ |
|
|
(၂) |
အမျိုးသမီးဖြစ်ပါက ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့်၊ ဆေးကုသမှု ခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်၊ |
|
|
(၃) |
ဇနီးဖြစ်သူ မီးဖွားသည့်အခါ မွေးကင်းစကလေးအားပြုစုခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်၊ |
|
|
(၄) |
အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှု ဆက်လက်ခံယူခွင့်။ |
|
(ခ) |
အာမခံထားသူ သေဆုံးသည့်အခါ ထိုသူက အမည်စာရင်းပေးသွင်းထားခြင်း ခံရသူက ဖြစ်စေ၊ ထိုသို့ အမည်စာရင်းပေးသွင်းခဲံခြင်း မရှိလျှင် ထိုသူအား မှီခိုသူ သို့မဟုတ် နာရေးစရိတ်ကို စိုက်ထုတ်ပေးသူက ဖြစ်စေ တောင်းခံလာလျှင် ထိုသို့တောင်းခံလာသူသည် ပုဒ်မ ၃၀ပါ ပြဋ္ဌာန်းချက်နှင့်အညီ နာရေးစရိတ်ကို ခံစားခွင့်ရှိသည်။ |
မကျန်းမာမှုအတွက် ဆေးကုသမှုခံယူခွင့်နှင့် ကုန်ကျစရိတ်ကျခံခြင်း
| ၂၂။ ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှုရန်ပုံငွေသို့ ထည့်ဝင်ကြေးပေးသွင်းထားသော အာမခံထားသူ မကျန်းမာသည့် အခါ အာမခံထားသူသည်- |
|
(က) |
ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ ဆေးစတင် ကုသသည့် နေ့မှ ရက်သတ္တပတ် ၂၆ ပတ်အထိ ဆေးကုသမှုခံယူခွင့်ရှိသည်။ သို့ရာတွင် ထပ်တလဲလဲ မကျန်းမာမှု၊ နာတာရှည် ရောဂါနှင့် ရောဂါတစ်မျိုးထက် ပို၍ ဖြစ်ပွားမှု သို့မဟုတ် အထူးအရေးကြီးသော မကျန်းမာမှု အတွက် ရက်သတ္တပတ် ၅၂ပတ် သို့မဟုတ် လူမှုဖူလုံရေးအဖွဲ့က သီးခြား သတ်မှတ်ပေးသည့် ကာလအထိ ဆေးကုသမှုခံယူခွင့်ရှိသည်။ |
|
(ခ) |
လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများတွင် လည်းကောင်း၊ ယင်းအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံတော်ပိုင် သို့မဟုတ် ပုဂ္ဂိုလ်ကပိုင် ဆေးရုံ၊ ဆေးခန်းများတွင် လည်းကောင်း၊ အလုပ်ရှင်က စီမံထားရှိသော ဆေးရုံ၊ ဆေးခန်းများတွင် လည်းကောင်း ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့်နှင့် ဆေးကုသမှု ခံယူခွင့်ရှိသည်။ |
|
(ဂ) |
လူမှုဖူလုံရေးအဖွဲ့ပိုင် သို့မဟုတ် ယင်းအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည့် ဆေးရုံ၊ ဆေးခန်းများသို့ မလာရောက်နိုင်ပါက လူမှုဖူလုံရေးအဖွဲ့၏ စီစဉ်ပေးချက်အရ အာမခံထားသူ၏ အလုပ်လုပ်ကိုင်ရာ လုပ်ငန်းဌာနသို့ လာရောက်၍ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှု ပေးခြင်းကို ခံယူခွင့်ရှိသည်။ |
|
(ဃ) |
ပုဒ်မ ၂၁ နှင့် ဤပုဒ်မတို့အရ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှု ခံယူရာတွင် ကုန်ကျစရိတ်များနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု ရန်ပုံငွေမှ သတ်မှတ်ချက်များနှင့်အညီ ခံစားပိုင်ခွင့်ရှိသည်။ |
မကျန်းမာမှုနှင့် ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်
| ၂၃။ အာမခံထားသူသည်- |
|
(က) |
မကျန်းမာမှုနှင့် ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို မကျန်းမာမှု စတင်ဖြစ်သည့်နေ့ မတိုင်မီ အနည်းဆုံး ခြောက်လမှစတင်၍ လုပ်ငန်းဌာနတွင် လုပ်ကိုင်ခဲ့ပြီး အဆိုပါ ခြောက်လအတွင်း အနည်းဆုံး လေးလအတွက် ထည့်ဝင်ကြေးငွေပေးသွင်းပြီးမှသာ မကျန်းမာမှုနှ်င့ဆိုင်သည့် အကျိုးခံစားခွင့်ရှိသည်။ |
|
(ခ) |
မကျန်းမာကြောင်း ဆေးသက်သေခံလက်မှတ်တင်ပြနိုင်ပြီးအလုပ် မလုပ်နိုင်သဖြင့် ဝင်ငွေလျော့နည်းခြင်း သို့မဟုတ် ဝင်ငွေရပ်စဲခြင်း ဖြစ်လျှင် အလုပ်မလုပ်နိုင်သည့် ကာလအတွက် ပုဒ်မခွဲ (က)ပါ သတ်မှတ်ချက်နှင့်အညီ လွန်ခဲ့သော လေးလအတွင်း ပျမ်းမျှလုပ်ခ၏ ၆၀ ရာခိုင်နှုန်းကို မကျန်းမာမှုနှင့် ဆိုင်သည့် ငွေကြေး အကျိုးခံစားခွင့်အဖြစ် ရက်သတ္တပတ် ၂၆ ပတ်အထ ခံစားခွင့်ရှိသည်။ |
| ၂၄။ မကျန်းမာမှုနှင့် ဆိုင်သည့် ငွေကြေး အကျိုးခံစားခွင့်ကို ခံစားနေသော အာမခံထားသူက အောက်ပါအကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်သည့်အခါ လူမှုဖူလုံရေးအဖွဲ့သည် အဆိုပါ အကျိုးခံစားခွင့်ကို လုံးဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသ ဖြစ်စေ မပေးဘဲ ရပ်ဆိုင်းထားနိုင်သည်- |
|
(က) |
မိမိကိုယ်ကို မိမိ တမင် မကျန်းမာမှု ဖြစ်အောင် ပြုခြင်း၊ |
|
(ခ) |
ပြစ်ဒဏ်ထိုက်သင့်သည့် မိမိ၏ပြုလုပ်မှုကြောင့် မကျန်းမာခြင်း၊ |
|
(ဂ) |
ဆေးကုသမှုခံယူရန် သို့မဟုတ် ဆေးကုသပေးသော ဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာရန် ခိုင်လုံသော အကြောင်းမရှိဘဲ တမင်ပျက်ကွက်ခြင်း၊ |
|
(ဃ) |
မကျန်းမာမှုနှင့် ဆိုင်သည့် ငွေကြေး အကျိုးခံစားခွင့် ရရှိရန် လိမ်လည်၍ တောင်းဆိုခဲ့ခြင်း၊ |
|
(င) |
ပြန်လည်ထူထောင်ရေးကိစ္စများ ဆောင်ရွက်ရန် ခိုင်လုံသော အကြောင်းမရှိဘဲ တမင်ပျက်ကွက်ခြင်း၊ |
|
(စ) |
ပြည်ပသို့ အပြီးအပိုင် ထွက်ခွာသွားခြင်း၊ |
|
(ဆ) |
အလုပ်သမးဝန်ကြီးဌာနက သတ်မှတ်ထားသော အခြားစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း။ |
အာမခံထားသူ အမျိုးသမီး၏ ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် ဆေးကုသမှု ခံယူခွင့်
| ၂၅။ အစိုးရဝန်ထမ်းများနှင့် သက်ဆိုင်သည့်ဥပဒေများ, နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များနှင့် ညွှန်ကြားချက်များတွင် မည်သို့ပင် ပါရှိစေကာမူ အာမခံထားသူ အမျိုးသမီး အလုပ်သမားသည် သတ်မှတ်ချက်များနှင့်အညီ အောက်ပါအကျိုးခံစားခွင့်များကို ခံစားခွင့်ရှိသည်။ |
|
(က) |
ကိုယ်ဝန်ဆောင်နေစဉ်နှင့် မီးဖွားသည့်အခါ ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ အခမဲ့ ဆေးကုသမှု ခံယူခွင့်၊ |
|
(ခ) |
မီးဖွားပြီး တစ်နှစ်အထိ မိမိ၏ကလေးကို ဆေးကုသမှု ခံယူခွင့်၊ |
|
(ဂ) |
မီးမဖွားမီ ရက်သတ္တပတ် ခြောက်ပတ်နှင့် မီးဖွားပြီးနောက် အနည်းဆုံး ရက်သတ္တပတ် ရှစ်ပတ်၊ စုစုပေါင်း အနည်းဆုံး ရက်သတ္တပတ် ၁၄ ပတ်အထိ မီးဖွားခွင့်ကို ခံစားခွင့်ရှိသည်။ ထို့ပြင် အမြွှာ ကလေးမွေးပါက မီးဖွားခွင့် ခံစားပြီးနောက် ကလေးစောင့်ရှောက်ရန် ရက်သတ္တပတ် လေးပတ်ကို ဆက်လက်ခံစားခွင့်၊ |
|
(ဃ) |
ပြစ်ဒဏ် ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်ဘဲ ကိုယ်ဝန်ပျက်သည့် ကိစ္စတွင် အများဆုံး ရက်သတ္တပတ် ခြောက်ပတ်အထိ မီးဖွားခွင့်အဖြစ် ခံစားခွင့်၊ |
|
(င) |
ကိုယ်ဝန်ဆောင်စဉ် ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ စမ်းသပ်စစ်ဆေး ပြသနိုင်ရန်အတွက် တစ်ကြိမ်လျှင် တစ်ရက်နှုန်းဖြင့် အများဆုံး ခုနှစ်ကြိမ်အထိ လုပ်ခ အပြည့်ခံစားခွင့်၊ |
|
(စ) |
တစ်နှစ်အောက် ကလေးကို တည်ဆဲဥပဒေနှင့်အညီ မှတ်ပုံတင်၍ မွေးစားပါက ထိုကလေး တစ်နှစ်ပြည့်သည်အထိ ပြုစုစောင့်ရှောက်ရေးအတွက် ရက်သတ္တပတ် ရှစ်ပတ်ထက်မကျော်သောခွင့်ကို မွေးစားကလေး တစ်ဦးအတွက်သာ ခံစားခွင့်ရှိသည်။ အဆိုပါ ခံစားခွင့်ကာလအတွင်း ပုဒ်မ ၂၆ပါ ပြဋ္ဌာန်းချက်ကို အထောက်အထားပြုလျက် ပုဒ်မ ၂၇၊ ပုဒ်မခွဲ (က)ပါ ငွေကြေး အကျိုးခံစားခွင့်ကို ခံစားခွင့်။ |
မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်များ
| ၂၆။ အာမခံထားသူ အမျိုးသမီးနှင့် အမျိုးသားတို့သည် ပုဒ်မ ၂၇နှင့် ၂၈ တို့အရ မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ခွင့်စတင်ခံစားသည့်နေ့မတိုင်မီ သက်ဆိုင်ရာ လုပ်ငန်းဌာနတွင် အနည်းဆုံး တစ်နှစ်လုပ်ကိုင်ခဲ့သူ ဖြစ်ရမည့်အပြင် အဆိုပါ တစ်နှစ်အတွင်း အနည်းဆုံး ခြောက်လအတွက် ထည့်ဝင်ကြေး ပေးသွင်းပြီးသူ ဖြစ်မှသာ ခံစားခွင့်ရှိစေရမည်။ |
| ၂၇။ အာမခံထားသူ အမျိုးသမီး အလုပ်သမားသည် အောက်ပါတို့ကို ဆေးသက်သေခံ လက်မှတ်အရ သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်- |
|
(က) |
ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဂ)အရ ခံစားခွင့်ရှိသော မီးဖွားခွင့်ကာလအတွက် မီးဖွားမှုနှင့် ဆိုင်သည့် အကျိုးခံစားခွင့်အဖြစ် တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်း၊ |
|
(ခ) |
ကလေးတစ်ဦး မွေးဖွားပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခ တစ်လစာ၏ ၅၀ ရာခိုင်နှုန်း၊ အမြွှာကလေး နှစ်ဦးမွေးပါက မီးဖွားစရိတ် အဖြစ် ပျမ်းမျှလုပ်ခ တစ်လစာ၏ ၇၅ ရာခိုင်နှုန်း၊ အမြွှာကလေး သုံးဦးနှင့်အထက် မွေးပါက မီးဖွားစရိတ် အဖြစ်ပျမ်းမျှလုပ်ခ တစ်လစာ၏ ၁၀၀ ရာခိုင်နှုန်း၊ |
|
(ဂ) |
ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဃ)ပါ ကိုယ်ဝန်ပျက်မှုကြောင့် ခံစားခွင့်ရှိသော မီးဖွားခွင့်ကာလအတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်း။ |
| ၂၈။ အာမခံထားသူ အမျိုးသားသည် ဇနီးမီးဖွားမှုအတွက် ဆေးသက်သေခံလက်မှတ်အရ သတ်မှတ်ချက်များနှင့်အညီ အောက်ပါ ဖခင်ဘဝအကျိုးခံစားခွင့်ရှိသည်- |
|
(က) |
အာမခံထားသူ ဖြစ်သော ဇနီး မီးဖွားသည့်အခါ မွေးကင်းစ ကလေးအား ပြုစုခွင့် ၁၅ ရက် ခံစားခွင့်၊ |
|
(ခ) |
အာမခံထားသူ ဖြစ်သော ဇနီးမီးဖွားသည့်အခါ ပုဒ်မခွဲ (က)ပါ ခွင့်ကာလအတွက် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်အဖြစ် လွန်ခဲ့သော တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်းကို ခံစားခွင့်၊ |
|
(ဂ) |
အာမခံထားသူ မဟုတ်သော ဇနီးဖြစ်သူ မီးဖွားသည့်အခါ ပုဒ်မခွဲ (က)နှင့် (ခ)တို့ပါ အကျိုးခံစားခွင့်များ အပြင်ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ)ပါ မီးဖွားစရိတ် ခံစားခွင့်၏ ထက်ဝက်ခံစားခွင့်။ |
မိသားစု ထောက်ပံ့မှု အာမခံစနစ် အကျိုးခံစားခွင့်များ
| ၃၁။ |
(က) |
ပညာသင်ကြားနေသော သားသမီးအတွက် ပညာသင်စရိတ်ခံစားခွင့်နှင့် စပ်လျဉ်း၍- |
|
|
(၁) |
ထည့်ဝင်ကြေးငွေကို အနည်းဆုံး ၃၆ လ ပေးသွင်းထားပြီး သတ်မှတ်ထားသော ဝင်ငွေပမာဏအောက် နည်းသည့် အာမခံထားသူသည် အချိန်ပြည့် ပညာသင်ကြားနေသော သားသမီးများရှိပါက ပညာသင် စရိတ်ကို မိသားစုထောက်ပံ့မှု ရန်ပုံငွေမှ သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။ |
|
|
(၂) |
သတ်မှတ်ထားသော ဝင်ငွေ ပမာဏအောက် နည်းသည့်အာမခံထားသူ ဇနီးမောင်နှံတို့က မွေးဖွားသော သားသမီးအတွက် ပုဒ်မခွဲငယ် (၁)ပါ ပညာသင်စရိတ်ကို အာမခံထားသူ တစ်ဦးကသာ ခံစားခွင့်ရှိစေရမည်။ |
|
(ခ) |
အာမခံထားသူနှင့် မိသားစုတို့သည် သဘာဝ ဘေးအန္တရာယ်ကြုံတွေ့ရသည့် အခါ အောက်ပါ ကျန်းမာရေး စောင့်ရှောက်မှု၊ ကယ်ဆယ်ရေး ပစ္စည်းနှင့် ငွေကြေးထောက်ပံ့ ကူညီမှုများကို မိသားစု ထောက်ပံ့မှု ရန်ပုံငွေမှ သတ်မှတ်ချက်များနှင့် အညီ ခံစားခွင့်ရှိသည်- |
|
|
(၁) |
သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ခံစားရသည့် အတွက် ကိုယ်နှင့် စိတ်ကို ထိခိုက်ဒဏ်ရာ ရရှိလျှင် ဖြစ်စေ၊ ရောဂါရရှိလျှင် ဖြစ်စေ ဆေးကုသမှု ခံယူခွင့်၊ |
|
|
(၂) |
သဘာဝ ဘေးအန္တရာယ် မကြုံတွေ့မီ ထည့်ဝင်ကြေးငွေကို အနည်းဆုံး ၃၆ လ ပေးသွင်းပြီးနောက် သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ရသည့် အတွက် မိမိပိုင်ပစ္စည်းဥစ္စာများ ဆုံးရှုံးလျှင် ထိုသို့ ကြုံတွေ့ရသော နေ့မတိုင်မီ တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ တစ်လစာ၏ ၄၀ ရာခိုင်နှုန်း ငွေကြေးထောက်ပံ့မှု ခံစားခွင့်နှင့် လူမှုဖူလုံရေးအဖွဲ့က ထောက်ပံ့သည့် ကယ်ဆယ်ရေး ပစ္စည်းများ ခံစားခွင့်။ |
|
(ဂ) |
အာမခံထားသူသည် မိမိအား မှီခိုသူမိသားစုအတွက် လူမှုဖူလုံရေးအဖွဲ့က ခွင့်ပြုသည့် သင့်လျော်သော အကျိုးခံစားခွင့်များကို မိသားစုထောက်ပံ့မှု ရန်ပုံငွေမှ သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။ |
အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု အတွက် ငွေကြေးအကျိုးခံစားခွင့်
| ၃၃။ |
(က) |
အာမခံထားသူသည် ပုဒ်မ ၃၂ နှင့်အညီ အမြဲတမ်းအလုပ်လုပ်ကိုင်နိုင်စွမ်း မရှိသည့်အခါ အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေမှ သတ်မှတ်ချက်များနှင့်အညီ အောက်ပါအကျိုးခံစားခွင့်များကို ခံစားခွင့်ရှိသည်- |
|
|
(၁) |
အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိကြောင်း ဆေးသက်သေခံလက်မှတ်ဖြင့် ခွင့်ပြုသည့်နေ့ မတိုင်မီ ထည့်ဝင်ကြေးငွေကို လပေါင်း ၁၈၀ ပေးသွင်းပြီး ဖြစ်လျှင် ထိုအာမခံထားသူ ထည့်ဝင်ကြေးငွေ ပေးသွင်းခဲ့သော ကာလတွင်ရရှိခဲ့သည့် ပျမ်းမျှလုပ်ခ တစ်လစာ၏ ၁၅ ဆကို ထိုသူ၏ ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ ခံစားခွင့်၊ |
|
|
(၂) |
ထည့်ဝင်ကြေးငွေကို လပေါင်း ၁၈၀ထက်ပို၍ ပေးသွင်းထားပါက ထိုသို့ ပို၍ပေးသွင်းထားသည့် ကာလနှင့် စပ်လျဉ်း၍ ပုဒ်မခွဲငယ် (၁)ပါ ခံစားခွင့်တွင် သတ်မှတ်ချက်များနှင့်အညီ ထပ်ပေါင်း၍ ခံစားခွင့်၊ |
|
|
(၃) |
ထည့်ဝင်ကြေးငွေကို ၁၂ လနှင့် အထက်မှ လပေါင်း ၁၈၀ အောက် ထည့်ဝင်ထားသည့် ကိစ္စတွင်မူ အလုပ်ရှင်က ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၄၀ရာခိုင်နှုန်းနှင့် ထိုအာမခံထားသူက ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ တို့ကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့် တကွ ခံစားခွင့်၊ |
|
|
(၄) |
ထည့်ဝင်ကြေးငွေကို ၁၂လ အောက်နည်း၍ ပေးသွင်းထားသည့်ကိစ္စတွင် ထိုအာမခံထားသူ ပေးသွင်းထားပြီးသော ငွေများကို တစ်လုံးတစ်ခဲတည်း ပြန်လည်ထုတ်ယူခွင့်၊ |
|
(ခ) |
အလုပ်ရှင်သည် အာမခံထားသူက အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့် ရရှိသည့်အခါ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃)ပါ ရန်ပုံငွေသို့ မိမိက ၁၂ လနှင့် အထက်ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ရထိုက်ခွင့်ရှိသည်။ |
သက်ပြည့်အငြိမ်းစားယူရမည့် အသက်နှင့် ငွေကြေး အကျိုးခံစားခွင့်
| ၃၄။ အာမခံထားသူ၏ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့် ရရှိမည့်အသက်သည် အလုပ်သမာဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်သည့် အတိုင်းဖြစ်စေရမည်။ |
|
|
(၁) |
သက်ပြည့်အငြိမ်းစား ခံစားခွင့်ရသည့်နေ့ မတိုင်မီထည့်ဝင်ကြေးငွေကို လပေါင်း ၁၈၀ ပေးသွင်းပြီးဖြစ်လျှင် ထိုအာမခံထားသူ ထည့်ဝင်ကြေးငွေ ပေးသွင်းခဲ့သော ကာလများတွင် ရရှိခဲ့သည့် ပျမ်းမျှလုပ်ခ တစ်လစာ၏ ၁၅ ဆကို ထိုသူ၏ ဆန္ဒအရ အရစ်ကျ ဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ ခံစားခွင့်၊ |
|
|
(၂) |
ထည့်ဝင်ကြေးငွေကို လပေါင်း ၁၈၀ ထက်ပို၍ ပေးသွင်းထားပါက ထိုသို့ ပို၍ပေးသွင်းထားသည့် ကာလနှင့် စပ်လျဉ်း၍ ပုဒ်မခွဲငယ် (၁)ပါ ခံစားခွင့်တွင် သတ်မှတ်ချက်များနှင့် အညီ ထပ်ပေါင်း၍ ခံစားခွင့်၊ |
|
|
(၃) |
ထည့်ဝင်ကြေးငွေကို ၁၂ လနှင့်အထက်မှ လပေါင်း ၁၈၀ အောက် ပေးသွင်းထားသည့် ကိစ္စတွင် အလုပ်ရှင်က ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၄၀ရာခိုင်နှုန်းနှင့် ထိုအာမခံထားသူက ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ တို့ကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ခံစားခွင့်၊ |
|
|
(၄) |
ထည့်ဝင်ကြေးငွေကို ၁၂ လအောက်နည်း၍ ပေးသွင်းထားသည့်ကိစ္စတွင် ထိုအာမခံထားသူ ပေးသွင်းထားပြီးသော ငွေများကို တစ်လုံးတစ်ခဲတည်း ပြန်လည် ထုတ်ယူခွင့်။ |
|
(ခ) |
အလုပ်ရှင်သည် အာမခံထားသူက သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့် ရရှိသည့်အခါ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃)ပါ ရန်ပုံငွေသို့ မိမိက ၁၂လနှင့် အထက်ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ရထိုက်ခွင့်ရှိသည်။ |
အလုပ်တွင် ထိခိုက်မှုကြောင့် မဟုတ်ဘဲ သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်
| ၃၆။ အလုပ်တွင်ထိခိုက်မှုကြောင့် မဟုတ်ဘဲ အခြားအကြောင်းတစ်ခုခုကြောင့် သက်ပြည့်အငြိမ်းစား ယူရမည့် အသက်မပြည့်မီ အာမခံထားသူသေဆုံးသည့်အခါ- |
|
(က) |
အာမခံထားသူက အမည်စာရင်း ပေးသွင်းထားခြင်း ခံရသူသည် ကျန်ရစ်သူ အကျိုးခံစားခွင့်ကို ပုဒ်မ ၃၃ပါ အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်များအတိုင်း ထိုသူ၏ ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံတစ်ခဲတည်း ဖြစ်စေ သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။ |
|
(ခ) |
ပုဒ်မခွဲ (က)ပါ အမည်စာရင်း ပေးသွင်းထားခြင်း ခံရသူ မရှိလျှင် ထိုအာမခံထားသူ၏ လုပ်ခကို မှီခိုနေထိုင်သူများသည် အောက်ပါအစီအစဉ်အလိုက် ကျန်ရစ်သူ အကျိုးခံစားခွင့်ကို ပုဒ်မ ၃၃ပါ အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့် အတိုင်းထိုသူ၏ ဆန္ဒအရ အရစ်ကျ ဖြစ်စေ၊ တစ်လုံး တစ်ခဲတည်းဖြစ်စေ သတ်မှတ်ချက်များနှင့်အညီခံစားခွင့်ရှိသည်- |
|
|
(၁) |
သေဆုံးသူ၏ ဇနီး သို့မဟုတ် ခင်ပွန်း၊ |
|
|
(၂) |
သေဆုံးသူ၏ ဇနီး သို့မဟုတ် ခင်ပွန်း မရှိလျှင် ထိုသူ၏သားသမီးများ၊ |
|
|
(၃) |
သေဆုံးသူ၏ ဇနီး၊ ခင်ပွန်းနှင့် သားသမီးများ မရှိလျှင် ထိုသူ၏ မိခင်နှင့် ဖခင်။ |
|
(ဂ) |
ပုဒ်မခွဲ (က)နှင့် (ခ)တို့ပါ အကျိုးခံစားခွင့်များကို ရထိုက်သူရှိလျှင် အလုပ်ရှင်သည် အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေသို့ မိမိက ၁၂ လ နှင့်အထက် ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၂၅ရာခိုင်နှုန်းကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ရထိုက်ခွင့်ရှိသည်။ |
|
(ဃ) |
ပုဒ်မခွဲ (က)နှင့် (ခ)တို့ပါ အကျိုးခံစားခွင့်များကို ရထိုက်သူမရှိလျှင် အလုပ်ရှင်သည် အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှုအကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေသို့ မိမိက ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ပြန်လည် ထုတ်ယူခွင့်ရှိသည်။ |
အလုပ်လက်မဲ့ အကျိုးခံစားခွင့် ကာလနှင့် အကျိုးခံစားခွင့်များ
| ၃၈။ အာမခံထားသူသည် ပုဒ်မ ၃၇နှင့်အညီ အလုပ်လက်မဲ့ အကျိုးခံစားခွင့်ရသည့်အခါ- |
|
(က) |
ထည့်ဝင်ကြေးငွေကို ၃၆ ထိ ထည့်ဝင်ပြီးသူ ဖြစ်ပါက နောက်ဆုံး တစ်နှစ် အတွင်း ပျမ်းမျှ လုပ်ခ တစ်လစာ၏ ၅၀ ရာခိုင်နှုန်းကို အလုပ်လက်မဲ့ အကျိုးခံစားခွင့်အဖြစ် နှစ်လ အထိ လစဉ်ခံစားခွင့်ရှိသည်။ ထည့်ဝင်ကြေးငွေကို ၃၆ လအထက် ထည့်ဝင်ထားသူဖြစ်ပါက ထည့်ဝင်ကြေးငွေ ၁၂ လ တိုးတိုင်း အလုပ်လက်မဲ့ အကျိုးခံစားခွင့်ကို တစ်လစီ တိုး၍ ခံစားခွင့်ရှိသည်။ သို့ရာတွင် အလုပ်လက်မဲ့ အကျိုးခံစားခွင့် ကာလ စုစုပေါင်းသညည် ခြောက်လ အထိသာခံစားခွင့်ရှိသည်။ |
|
(ခ) |
အလုပ်လက်မဲ့ ဖြစ်ချိန်တွင် အိမ်ထောင်ရှိသူ ဖြစ်ပါက ထိုသူအား မှီခိုသူများ၏ အခြေအနေကို မူတည်၍ လူမှုဖူလုံရေးအဖွဲ့က ထပ်ဆောင်း၍ ချီးမြှင့်သော ပုဒ်မခွဲ (က)ပါ အလုပ်လက်မဲ့ အကျိုးခံစားခွင့်၏ ၁၀ ရာခိုင်နှုန်းထက် မပိုသည့် ငွေကြေးကို အထက်ဖော်ပြပါ သက်ဆိုင်ရာကာလ အတွင်း လစဉ် ခံစားခွင့်ရှိသည်။ |
|
(ဂ) |
မကျန်းမာမှု ဖြစ်လျှင် ပုဒ်မ ၂၁၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁)နှင့် ပုဒ်မ ၂၃၊ ပုဒ်မခွဲ (က)နှင့် (ခ)တို့ပါ ခံစားခွင့်များကို ဤပုဒ်မ၏ ပုဒ်မခွဲ (က)နှင့်အညီ ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့်၊ ဆေးကုသမှု ခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်တို့ရှိသည်။ |
|
(ဃ) |
ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် ပုဒ်မ ၂၁၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)၊ ပုဒ်မ ၂၆၊ ပုဒ်မ ၂၇ နှင့် ပုဒ်မ ၂၈တို့ပါ ခံစားခွင့်များကို ဤပုဒ်မ၏ ပုဒ်မခွဲ (က)နှင့်အညီ အနည်းဆုံး နှစ်လမှ အများဆုံးခြောက်လအထိ ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့်၊ ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေး အကျိုးခံစားခွင့်တို့ ရှိသည်။ |
|
(င) |
လူမှုဖူလုံရေးအဖွဲ့က ခွင့်ပြုသည့် ကျွမ်းကျင်မှု သင်တန်းများသို့ တက်ရောက်သင်ကြားခွင့်ရှိသည်။ |
|
(စ) |
ပုဒ်မခွဲ (က)ပါ အလုပ်လက်မဲ့ အကျိုးခံစားခွင့်ကို ခံစားနေစဉ်ကာလအတွင်း အာမခံထားသူ သေဆုံးပါက နာရေးစရိတ်ကို သတ်မှတ်ချက်များနှင့် အညီ ခံစားခွင့်ရှိသည်။ |
အခြားလူမှုဖူလုံရေး စနစ်များအတွက် အကျိုးခံစားခွင့်များနှင့် တာဝန်
| ၄၂။ |
(က) |
ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၇)ပါ လူမှုဖူလုံရေး အိမ်ရာစီမံကိန်း ရန်ပုံငွေသို့ မိမိ၏ ဆန္ဒအလျောက် ထည့်ဝင်ကြေးငွေ ပေးသွင်းထားသူသည် လူမှုဖူလုံရေးအိမ်ရာများနှင့် စပ်လျဉ်း၍ သတ်မှတ်သော စည်းကမ်းချက်များ နှင့်အညီ နေထိုင်ခွင့်၊ ငှားရမ်းနေထိုင်ခွင့်၊ အသုံးပြုခွင့်၊ ပိုင်ဆိုင်ခွင့်၊ ဝယ်ယူခွင့်၊ ရောင်းချခွင့် သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခွင့်နှင့် ယင်းအိမ်ရ ဝယ်ယူနိုင်ရေးအတွက် ငွေချေးခွင့်တို့ကို ဦးစားပေး ရထိုက်ခွင့်ရှိသည်။ |
|
(ခ) |
ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၇)ပါ လူမှုဖူလုံရေး အိမ်ရာစီမံကိန်းရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေ ပေးသွင်းထားခြင်းမရှိသော အာမခံထားသူသည် သတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် လူမှုဖူလုံရေး အိမ်ရာများနှင့် စပ်လျဉ်း၍ နေထိုင်ခွင့်၊ ငှားရမ်းနေထိုင်ခွင့်၊ အသုံးပြုခွင့်၊ ပိုင်ဆိုင်ခွင့်၊ ဝယ်ယူခွင့်၊ ရောင်းချခွင့် သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခွင့်နှင့် ယင်းအိမ်ရာ ဝယ်ယူနိုင်ရေးအတွက် ငွေချေးခွင့် တို့ကို ခံစားခွင့်ရှိသည်။ |
| ၄၃။ လူမှုဖူလုံရေး အိမ်ရာများတွင် ပုဒ်မ ၄၂ပါ ခံစားခွင့်ရှိသူသည်- |
|
(က) |
သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရမည်။ |
|
(ခ) |
အဆိုပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပါက သတ်မှတ်ချက်များနှင့်အညီ အရေးယူဆောင်ရွက်ခြင်း ခံရမည့် အပြင် လူမှုဖူလုံရေး အိမ်ရာမှ ဖယ်ရှားခြင်း ခံရမည်။ |
| ၄၄။ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၅)နှင့် (၆)တို့ပါ လူမှုဖူလုံရေးရန်ပုံငွေ အသီးသီးသို့ ထည့်ဝင်ကြေးငွေ ပေးသွင်းထားသူများသည် အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ထားသော အကျိုးခံစားခွင့်များကို ရရှိစေရမည်။ |
အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစန်နှင့် မှတ်ပုံတင်ခြင်း
| ၄၇။ လူမှုဖူလုံရေးအဖွဲ့သည် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ကို အလုပ်ရှင်က တစ်ကြိမ်တည်း၊ တစ်လုံတစ်ခဲတည်း ပေးရခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် အောက်ဖော်ပြပါ အကျိုးခံစားခွင့်များကို အလုပ်သမားက ရရှိခံစားနိုင်စေရန် အလို့ငှာ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်ကို သတ်မှတ်ချက်များနှင့်အညီ စီမံထားရှိရမည်- |
|
(က) |
ဆေးကုသမှုခံယူခွင့် |
|
(ခ) |
ယာယီ မသန်စွမ်းမှု အကျိုးခံစားခွင့်၊ |
|
(ဂ) |
အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့်၊ |
|
(ဃ) |
အလုပ်ကို အကြောင်းပြု၍ သေဆုံးမှုကြောင့် ကျန်ရစ်သူ အကျိုးခံစားခွင့်။ |
| ၄၈။ |
(က) |
အလုပ်ရှင်သည် ပုဒ်မ ၄၅ပါ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်အာမခံစနစ်အတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သော အလုပ်သမားများက အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်များ ရရှိစေရန် သက်ဆိုင်ရာ မြို့နယ် လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ပြီး အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေကို သတ်မှတ်ချက်များနှင့်အညီ ထည့်ဝင်၍ အာမခံထားရှိရမည်။ |
|
(ခ) |
အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်အတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်း မရှိသော အလုပ်သမားများအတွက် အလုပ်ရှင်များသည် မိမိတို့၏ ဆန္ဒအလျောက် မှတ်ပုံတင်ပြီး အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေသို့ သတ်မှတ်ထားသော ထည့်ဝင်ကြေးငွေကို ပေးသွင်းပြီး အာမခံထားရှိနိုင်သည်။ |
|
(ဂ) |
ပုဒ်မခွဲ (က)နှင့် (ခ)တို့အရ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံထားရှိရေးအတွက် မှတ်ပုံတင်သည့်အခါ အလုပ်သမားသည် ဆေးသက်သေခံ လက်မှတ်ကိုတင်ပြရမည်။ |
အမြဲတမ်း မသန်စွမ်းမှုနှင့် ဆိုင်သည့်အကျိုးခံစားခွင့်
| ၅၇။ အာမခံထားသူသည် အလုပ်တွင်ထိခိုက်မှုကြောင့် အလုပ်လုပ်နိုင်သည့်အင်အား တစ်စိတ်တစ်ဒေသ အမြဲတမ်း ဆုံးရှုံးနိုင်ဖွယ်ရာ အကြောင်းရှိလျှင် အမြဲတမ်း တစ်စိတ်တစ်ဒေသ မသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေကြေး အကျိုးခံစားခွင့်ကို လည်းကောင်း၊ အလုပ်လုပ်နိုင်သည့် အင်အားလုံးဝ အမြဲတမ်းဆုံးရှုံးနိုင်ဖွယ်ရာအကြောင်း ရှိလျှင် အမြဲတမ်း လုံးဝ မသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို လည်းကောင်း ခံစားခွင့်ရှိသည်။ ထိုခံစားခွင့်အတွက် အလုပ်တွင်ထိခိုက်မှု မဖြစ်မီ လေးလအတွင်း ပျမ်းမျှလုပ်ခ တစ်လစာ၏ ၇၀ ရာခိုင်နှုန်းကို ဆေးဘက်ဆိုင်ရာ အဖွဲ့၏ အမြဲတမ်း လုပ်အားဆုံးရှုံးမှု ရာခိုင်နှုန်း ဆုံးဖြတ်ချက်အပေါ် အခြေပြု၍ တွက်ချက် ရရှိမည့် ငွေကြေး အကျိုးခံစားခွင့်ကို တစ်လအတွက် ခံစားခွင့်ဟု သတ်မှတ်၍ ပုဒ်မ ၅၈နှင့်အညီ ခံစားခွင့်ရှိသည်။ |
| ၅၈။ လုပ်အားဆုံးရှုံးသူသည် ပုဒ်မ ၅၇ပါ ပျမ်းမျှလုပ်ခ တစ်လစာ၏ ၇၀ရာခိုင်နှုန်းအပေါ် လုပ်အားဆုံးရှုံးမှု ရာခိုင်နှုန်းကို အခြေပြု၍ တွက်ချက်ရရှိသော အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ကို အောက်ပါအတိုင်း သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်- |
|
(က) |
လုပ်အားဆုံးရှုံးမှုမှာ ၂၀ ရာခိုင်နှုန်းနှင့် အောက်ဖြစ်ပါက ထိုသူခံစားခွင့်ရှိသော လစဉ် အကျိုးခံစားခွင့်၏ ငါးနှစ် အတွက် ရထိုက်ခွင့်ရှိသော ငွေကြေးကို တစ်လုံးတစ်ခဲတည်း ခံစားခွင့်၊ |
|
(ခ) |
လုပ်အားဆုံးရှုံးမှုမှာ ၂၀ ရာခိုင်နှုန်း အထက်မှ ၇၅ ရာခိုင်နှုန်းအထိ ဖြစ်ပါက ထိုသူ ခံစားခွင့်ရှိသော လစဉ် အကျိုးခံစားခွင့်၏ ခုနစ်နှစ် အတွက် ရထိုက်ခွင့်ရှိသော ငွေကြေးကို ထိုသူ၏ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်း ဖြစ်စေ ခံစားခွင့်၊ |
|
(ဂ) |
လုပ်အားဆုံးရှုံးမှုမှာ ၇၅ ရာခိုင်နှုန်း အထက် ဖြစ်ပါက ထိုသူခံစားခွင့်ရှိသော လစဉ်အကျိုးခံစားခွင့်၏ ကိုးနှစ်အတွက် ရထိုက်ခွင့်ရှိသော ငွေကြေးကို ထိုသူ၏ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်း သို့မဟုတ် လစဉ် အသက်ထက်ဆုံးအထိ ဖြစ်စေ ခံစားခွင့်၊ |
|
(ဃ) |
ပုဒ်မခွဲ (ဂ)ပါ အမြဲတမ်း လုံးဝမသန်စွမ်းသူကို အခြားသူတစ်ဦးတစ်ယောက်က အမြဲမပြတ် ပြုစုရန် လိုအပ်ကြောင်း ဆေးသက်သေခံလက်မှတ် တင်ပြလျှင် ပုဒ်မခွဲ (ဂ)ပါ ခံစားခွင့်အပြင် ထိုသူခံစားခွင့်ရှိသော အကျိုးခံစားခွင့်၏ ၁၀ ရာခိုင်နှုန်းနျင့် ညီမျှသောငွေကို ထိုသူ၏ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်း သို့မဟုတ် လစဉ် အသက်ထက်ဆုံးအထိ ဖြစ်စေ ထပ်ဆောင်း၍ ခံစားခွင့်။ |
| ၅၉။ |
(က) |
အမြဲတမ်း တစ်စိတ်တစ်ဒေသ မသန်စွမ်းမှုနှင့် ဆိုင်သည့် အကျိုးခံစားခွင့်နှင့် အမြဲတမ်း လုံးဝ မသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်တို့၏ အချိုးအစားသည် အလုပ်တွင် ထိခိုက်ဒဏ်ရာရမှုကြောင့် အလုပ်လုပ်နိုင်သော အင်အား ဆုံးရှုံးမှု၏ အချိုးအစားနှင့်ညီမျှရမည်။ |
|
(ခ) |
အမြဲတမ်း တစ်စိတ်တစ်ဒေသ မသန်စွမ်းမှုနှင့် ဆိုင်သည့်အကျိုးခံစားခွင့်ရရှိခဲ့သော အာမခံထားသူသည် အလုပ်တွင် အခြားဒဏ်ရာရမှု တစ်ရပ်ရပ်ဖြစ်ပွားလျှင် ယခင်သတ်မှတ်ထားသည့် လုပ်အားဆုံးရှုံးမှုရာခိုင်နှုန်းကို ထည့်သွင်း စဉ်းစားပြီး ထိုသူ၏ လုပ်အားဆုံးရှုံးမှုရာခိုင်နှုန်းကို အသစ် ထပ်မံသတ်မှတ်ရမည်။ ထိုသို့ နှစ်ကြိမ် သတ်မှတ်ထားသော လုပ်အားဆုံးရှုံးမှု နှစ်ရပ်ပေါင်းသည် ထိုသူ ဆုံးရှုံးခဲ့သော စုစုပေါင်း လုပ်အားဆုံးရှုံးမှု တန်ဖိုးဖြတ် ရာခိုင်နှုန်းထက် မကျော်စေရ။ ထိုသို့ အသစ်ထပ်မံ သတ်မှတ်ခြင်းကြောင့် တိုးလာသော လုပ်အားဆုံးရှုံးမှု ရာခိုင်နှုန်းအတွက် ထိုက်သင့်သော ငွေကြေး အကျိုးခံစားခွင့်ကို သတ်မှတ်ချက်များ နှင့်အညီ ရထိုက်ခွင့်ရှိသည်။ |
အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်
| ၆၂။ |
အလုပ်တွင် ထိခိုက်မှုကြောင့် အာမခံထားသူ သေဆုံးသည့်အခါ- |
|
(က) |
အာမခံထားသူက အမည်စာရင်း ပေးသွင်းထားခြင်း ခံရသူသည် ထိုအာမခံထားသူ မသေဆုံးမီ လေးလအတွင်း ရရှိသော ပျမ်းမျှလုပ်ခအရ ထည့်ဝင်ကြေးငွေ ပေးသွင်းထားသည့် ကာလကို အခြေပြု၍ အောက်ပါအတိုင်း ကျန်ရစ်သူ အကျိုးခံစားခွင့်များကို ထိုသူ၏ ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်း ဖြစ်စေ ရထိုက်ခွင့်ရှိသည်- |
|
|
(၁) |
ထည့်ဝင်ကြေးငွေကို လပေါင်း ၆၀နှင့်အောက်ပေးသွင်းပြီးဖြစ်ပါက ပျမ်းမျှလုပ်ခ တစ်လစာ၏ ၃၀ဆ၊ |
|
|
(၂) |
ထည့်ဝင်ကြေးငွေကို လပေါင်း ၆၀ အထက်မှ လပေါင်း ၁၂၀ နှင့်အောက် ပေးသွင်းပြီးဖြစ်ပါက ပျမ်းမျှလုပ်ခတစ်လစာ၏ ၅၀ ဆ၊ |
|
|
(၃) |
ထည့်ဝင်ကြေးငွေကို လပေါင်း ၁၂၀ အထက်မှ လပေါင်း ၂၄၀ နှင့်အောက် ပေးသွင်းပြီးဖြစ်ပါက ပျမ်းမျှလုပ်ခ တစ်လစာ၏ ၆၀ ဆ၊ |
|
|
(၄) |
ထည့်ဝင်ကြေးငွေကို လပေါင်း ၂၄၀ အထက် ပေးသွင်းပြီး ဖြစ်ပါက ပျမ်းမျှလုပ်ခ တစ်လစာ၏ ၈၀ဆ။ |
|
(ခ) |
ပုဒ်မခွဲ (က)ပါ အမည်စာရင်း ပေးသွင်းထားခြင်း ခံရသူမရှိလျှင် ထိုအာမခံထားသူ၏ လုပ်ခကို မှီခိုနေထိုင်သူများသည် အောက်ပါ အစီအစဉ်အလိုက် ပုဒ်မခွဲ (က)ပါ ကျန်ရစ်သူအကျိုးခံစားခွင့်ကို ထိုသူ၏ ဆန္ဒအရ အရစ်ကျ ဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့် ရှိသည်- |
|
|
(၁) |
သေဆုံးသူ၏ ဇနီး သို့မဟုတ် ခင်ပွန်း၊ |
|
|
(၂) |
သေဆုံးသူ၏ ဇနီး သို့မဟုတ် ခင်ပွန်းမရှိလျှင် ထိုသူ၏ သားသမီးများ၊ |
|
|
(၃) |
သေဆုံးသူ၏ ဇနီး၊ ခင်ပွန်းနှင့် သားသမီးများ မရှိလျှင် ထိုသူ၏ မိခင်နှင့် ဖခင်။ |
ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှုပေးခြင်း
| ၆၇။ |
(က) |
အလုပ်ရှင်သည် အာမခံထားသူ မိမိ၏ အလုပ်သမားများအား ဆေးကုသပေးနိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့၏ ခွင့်ပြုချက်နှင့် စည်းကမ်းချက်များ ရယူပြီးနောက် တည်ဆဲဥပဒေနှင့်အညီ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း တည်ထောင် ဖွင့်လှစ်၍ မိမိခန့်ထားသော ဆရာဝန်များ၊ သူနာပြုများဖြင့် သတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုပေးနိုင်သည်။ |
|
(ခ) |
လူမှုဖူလုံရေးအဖွဲ့သည် အာမခံထားသူ အများအပြားရှိပြီး သတ်မှတ်ထားသည့် ဦးရေနှင့်အထက် ရှိသော လုပ်ငန်းဌာနများတွင် လုပ်သားအင်အား အချိုးအစားအလိုက် ဆေးခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ပေးရမည်။ |
|
(ဂ) |
လူမှုဖူလုံရေးအဖွဲ့သည် ပုဒ်မခွဲ (က)နှင့် (ခ)တို့အရ ဖွင့်လှစ်သော ဆေးရုံ၊ ဆေးခန်းများတွင် လိုအပ်သော ဆေးဝါးပစ္စည်းများနှင့် ဆရာဝန်များ၊ သူနာပြုများအတွက် ကုန်ကျစရိတ်များကို သတ်မှတ်ချက်များနှင့်အညီ ထောက်ပံ့ရမည်။ |
| ၆၈။ |
လူမှုဖူလုံရေးအဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုတို့နှင့် စပ်လျဉ်း၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ- |
|
(က) |
ဆေးဘက်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် ညှိနှိုင်းပြီး လူမှုဖူလုံရေး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှုဆိုင်ရာ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးရမည်။ |
|
(ခ) |
ဤဥပဒေနှင့် သက်ဆိုင်သော လုပ်ငန်းဌာနများရှိ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုဆိုင်ရာ လုပ်ငန်းများကို လည်းကောင်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ ပညာပေးခြင်း၊ စစ်ဆေးခြင်းနှင့် ကြီးကြပ်ကွက်ကဲခြင်းများ ပြုရမည်။ |
|
(ဂ) |
လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများသို့ ဆေးကုသမှုခံယူရန် လာရောက်သော အာမခံထားသူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှုများ ပေးရန်ကြပ်မတ်စီစဉ် ဆောင်ရွက်ပေးရမည်။ |
|
(ဃ) |
လိုအပ်ပါက ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး သဘောတူစာချုပ်များ ချုပ်ဆို၍ နိုင်ငံပိုင် ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသပေးခြင်း သို့မဟုတ် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှုအတွက် ကုန်ကျစရိတ် သတ်မှတ်ချက်များနှင့် အညီ ကျခံခြင်း ပြုနိုင်သည်။ |
|
(င) |
ဌာနဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများ၏ တာဝန်ရှိသူများနှင့် လည်းကောင်း၊ ပုဂ္ဂလိကပိုင် ဆေးရုံ၊ ဆေးခန်းများ၏ လုပ်ငန်းရှင်များနှင့်လည်းကောင်း သဘောတူစာချုပ်များ ချုပ်ဆို၍ သတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှု ပေးခြင်းကို ခွင့်ပြုနိုင်သည်။ |
|
(စ) |
ကျန်းမာရေး အဆင့်မြှင့်တင်ရေး၊ ရောဂါ ကာကွယ်ရေးနှင့် ကျန်းမာရေး ပညာပေး လုပ်ငန်းများကို စီမံချက်များ ချမှတ်၍ ဆောင်ရွက်ရမည်။ |
သက်ဆိုင်ရာ လူမှုဖူလုံရေး ရန်ပုံငွေမှ ပြန်လည်ထုတ်ယူခွင့်
| ၇၀။ |
(က) |
ပုဒ်မ ၃၄ အရ သတ်မှတ်သော သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်ရရှိမည့် အသက်မပြည့်မီ အာမခံထားသူက မိမိဆန္ဒအလျောက် အလုပ်မှ နုတ်ထွက်ခြင်း သို့မဟုတ် ဤဥပဒေနှင့် မသက်ဆိုင်သည့် အခြားလုပ်ငန်းဌာန တစ်ခုခုသို့ ပြောင်းရွှေ့ခြင်း ပြုသောအခါ- |
|
|
(၁) |
အာမခံထားသူသည် အလုပ်လုပ်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေကို လပေါင်း ၁၈၀ အထိ ပေးသွင်းပြီး ဖြစ်လျှင် ထိုအာမခံထားသူ ထည့်ဝင်ကြေး ပေးသွင်းခဲ့သော ကာလတွင် ရရှိခဲ့သည့် ပျမ်းမျှလုပ်ခ တစ်လစာ၏ ၁၂ဆကို ထိုသူ၏ ဆန္ဒအရ အရစ်ကျ ဖြစ်စေ၊ တစ်လုံး တစ်ခဲတည်း ဖြစ်စေ ခံစားခွင့်ရှိသည်။ |
|
|
(၂) |
အာမခံထားသူသည် ထည့်ဝင်ကြေးငွေကို လပေါင်း ၁၈၀ ထက်ပို၍ ပေးသွင်းထားလျှင် ပုဒ်မခွဲငယ် (၁)ပါ ခံစားခွင့်များအပြင် ထိုကာအတွင်း အလုပ်ရှင်က ထည့်ဝင်ခဲ့သည့် ထည့်ဝင်ကြေးငွေ၏ ၄၀ ရာခိုင်နှုန်းနှင့် ထိုသို့ မိမိက ပို၍ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေတို့ကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ထိုရန်ပုံငွေမှ ပြန်လည်ထုတ်ယူခွင့်ရှိသည်။ |
|
|
(၃) |
အာမခံထားသူသည် ပုဒ်မခွဲငယ် (၁)ပါ ရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေကို ၃၆ လ အထက်မှ လပေါင်း ၁၈၀ အောက် ပေးသွင်းပါက အလုပ်ရှင်က မိမိအတွက် အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေသို့ ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၄၀ ရာခိုင်နှုန်းနှင့် ထိုကာလအတွင်း မိမိက ထည့်ဝင်ခဲ့သည့် ထည့်ဝင်ကြေးငွေတို့ကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ထိုရန်ပုံငွေမှ ပြန်လည်ထုတ်ယူခွင့်ရှိသည်။ |
|
|
(၄) |
အလုပ်ရှင်သည် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေသို့ အာမခံထားသူ အတွက် မိမိက ၃၆လနှင့် အထက်ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေများ၏ ၂၅ရာခိုင်နှုန်းကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ထိုရန်ပုံငွေမှ ပြန်လည် ထုတ်ယူခွင့်ရှိသည်။ |
|
(ခ) |
အလုပ်တွင် ထိခိုက်ဒဏ်ရာ ရမှုကြောင့် အာမခံထားသူအမြဲတမ်း လုံးဝမသန်စွမ်းခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်သည့်အခါ- |
|
|
(၁) |
အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေသို့ ၃၆လ နှင့်အထက် အာမခံ ထားသူက ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေကို လည်းကောင်း၊ အလုပ်ရှင်က ပေးသွင်းထားသည့် ထည့်ဝင်ကြေး ငွေ၏ ၄၀ရာခိုင်နှုန်းကို လည်းကောင်း အာမခံထားသူက ဖြစ်စေ၊ ထိုသူ မသေဆုံးမီ အမည်စာရင်းပေးသွင်းခြင်း ခံရသူက ဖြစ်စေ၊ ထိုသို့ အမည်စာရင်း ပေးသွင်းခြင်း မရှိခဲ့လျှင် အာမခံထားသူအား မှီခိုသူက ဖြစ်စေ သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့် တကွပြန်လည် ထုတ်ယူခွင့်ရှိသည်။ |
|
|
(၂) |
အလုပ်ရှင်သည် အာမခံထားသူအတွက် ပုဒ်မခွဲငယ် (၁)ပါ ရန်ပုံငွေသို့ မိမိက ၃၆လ နှင့်အထက်ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ထိုရန်ပုံငွေမှ ပြန်လည်ထုတ်ယူခွင့်ရှိသည်။ |
|
(ဂ) |
အာမခံထားသူက မိမိဆန္ဒအလျောက် အလုပ်မှ နုတ်ထွက်ခြင်း၊ ဤဥပဒေနှင့် မသက်ဆိုင်သည့် အခြားလုပ်ငန်းဌာန တစ်ခုခုသို့ ပြောင်းရွှေ့ခြင်း၊ သက်ပြည့်အငြိမ်းစားယူခြင်း၊ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိခြင်း၊ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းလုံးဝမသန်စွမ်းခြင်း သို့မဟုတ် မည်သည့်အကြောင်းကြောင့် မဆို သေဆုံးခြင်း ဖြစ်သည့်အခါ- |
|
|
(၁) |
ထိုအာမခံထားသူသည် လည်းကောင်း၊ အာမခံထားသူသေဆုံးပြီးနောက် ထိုသူက အမည်စာရင်း ပေးသွင်းခြင်း ခံရသူ သို့မဟုတ် ထိုသို့ အမည်စာရင်း ပေးသွင်းခြင်း မရှိခဲ့လျှင် ထိုသူအား မှီခိုသူသည် လည်းကောင်း အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရန်ပုံငွေသို့ အာမခံထားသူက ၃၆ လ နှင့် အထက် ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ပြန်လည်ထုတ်ယူခွင့်ရှိသည်။ |
|
|
(၂) |
အလုပ်ရှင်သည် ထိုအာမခံထားသူအတွက် အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရန်ပုံငွေသို့ မိမိက ၃၆လ နှင့်အထက် ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ပြန်လည်ထုတ်ယူခွင့်ရှိသည်။ |
|
(ဃ) |
လူမှုဖူလုံရေး အိမ်ရာစီမံကိန်း ရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေ ပေးသွင်းထားသူသည် အိမ်ရာနှင့်စပ်လျဉ်းသည့် အကျိုးခံစားခွင့် တစ်စုံတစ်ရာ မရရှိမီ အောက်ပါအခြေအနေ တစ်ရပ်ရပ်ပေါ်ပေါက်ပါက အာမခံထားသူက ဖြစ်စေ၊ ထိုအာမခံထားသူ သေဆုံးပါက ထိုသူ မသေဆုံးမီ အမည်စာရင်း ပေးသွင်းခြင်း ခံရသူက ဖြစ်စေ၊ ထိုသို့ အမည်စာရင်းပေးသွင်းခဲ့ခြင်း မရှိခဲ့လျှင် အာမခံထားသူအား မှီခိုသူက ဖြစ်စေ ထိုအာမခံထား သူက လူမှုဖူလုံရေး အိမ်ရာစီမံကိန်းရန်ပုံငွေသို့ ပေးသွင်းခဲ့သော ထည့်ဝင်ကြေးငွေ အားလုံးကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ပြန်လည်ထုတ်ယူခွင့်ရှိသည်- |
|
|
(၁) |
သက်ပြည့် အငြိမ်းစားယူခြင်း၊ |
|
|
(၂) |
အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှုဖြစ်ခြင်း၊ |
|
|
(၃) |
အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းလုံးဝ မသန်စွမ်းခြင်း၊ |
|
|
(၄) |
အလုပ်မှ နုတ်ထွက်ခြင်း၊ အလုပ်မှ ထုတ်ပယ်ခံရခြင်း သို့မဟုတ် သေဆုံးခြင်း၊ |
အကျိုးခံစားခွင့်များ တောင်းဆိုရမည့် ကာလ ကန့်သတ်ချက်
| ၇၃။ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေတို့မှ ခံစားခွင့်ရှိသူအား ပေးသည့် အကျိုးခံစားခွင့် တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍- |
|
(က) |
တောင်းဆိုပိုင်ခွင့်ရှိသူသည် အကျိုးခံစားခွင့်အတွက် အရစ်ကျဖြစ်စေ၊ လစဉ်ဖြစ်စေ ပေးရန်ခွင့်ပြုပါက ထုတ်ယူခွင့်ရျိသည့်နေ့မှစ၍ အောက်ပါ ကာလအတွင်း သက်ဆိုင်ရာ မြို့နယ် လူမှုဖူလုံရေးရုံးသို့ အထောက်အထားများ ပူးတွဲ၍ တောင်းဆိုရမည်- |
|
|
(၁) |
သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်ကို အာမခံထားသူပုဒ်မ ၃၄ အရ သတ်မှတ်သော အငြိမ်းစားယူရန် အသက်ပြည့်သည့် နေ့မှစ၍ တစ်နှစ်၊ |
|
|
(၂) |
အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်ကို ဆေးသက်သေခံလက်မှတ် ထုတ်ပေးသည့် နေ့မှစ၍ တစ်နှစ်၊ |
|
|
(၃) |
အလုပ်ကို အကြောင်းပြု၍ မဟုတ်ဘဲ သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ကို အာမခံထားသူ သေဆုံးသည့် နေ့မှစ၍ တစ်နှစ်၊ |
|
|
(၄) |
အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့်ကို အာမခံထားသူ ထိခိုက်သည့်နေ့ သို့မဟုတ် ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့် ကာလကုန်ဆုံးသည့် နေ့မှစ၍ တစ်နှစ်၊ |
|
|
(၅) |
အလုပ်ကို အကြောင်းပြု၍ သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ကို အာမခံထားသူ သေဆုံးသည့်နေ့မှစ၍ တစ်နှစ်၊ |
|
(ခ) |
ပုဒ်မခွဲ (က)ပါ အကျိုးခံစားခွင့်များမှ အပ ဤဥပဒေပါ ကျန်အကျိုးခံစားခွင့်များအတွက် တောင်းဆိုသင့်သည့် နေ့မှ စ၍ သုံးလအတွင်း သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးသို့ အထောက်အထားများ ပူးတွဲ၍ တောင်းဆိုရမည်။ |
|
(ဂ) |
ပုဒ်မခွဲ (က)နှင့် (ခ)တို့အရ သတ်မှတ်ထားသည့် ကာလကျော်လွန်သော်လည်း ခိုင်လုံသော အကြောင်းပြချက်ဖြင့် တင်ပြတောင်းဆိုနိုင်သည်။ ခိုင်လုံသော အကြောင်းပြချက် မရှိပါက တောင်းဆိုခွင့် မရှိစေရ။ |
အလုပ်မှတ်တမ်းနှင့် စာရင်းများထားရှိခြင်း
| ၇၅။ |
ဤဥပဒေနှင့် သက်ဆိုင်သည့် လုပ်ငန်းဌာနများ၏ အလုပ်ရှင်သည်- |
|
(က) |
အောက်ပါ မှတ်တမ်းနှင့် စာရင်းများကို မှန်ကန်စွာ ပြုစုထားရှိပြီး သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးသို့ သတ်မှတ်ချက်များနှင့် အညီ တင်ပြရမည်- |
|
|
(၁) |
အလုပ်သမားများ နေ့စဉ် အလုပ်တက်ဆင်း မှတ်တမ်းနှင့် စာရင်းများ၊ |
|
|
(၂) |
အလုပ်သမား အသစ်ခန့်ထားခြင်း၊ အလုပ်သမားအား အလုပ်ပြောင်းလဲ၍ အလုပ်လုပ်စေခြင်း၊ အလုပ်ရပ်စဲခြင်း၊ အလုပ်မှ ထုတ်ပယ်ခြင်းနှင့် အလုပ်မှ နုတ်ထွက်ခြင်း မှတ်တမ်းများ၊ |
|
|
(၃) |
အလုပ်သမားအား ရာထူးတိုးမြှင့်ပေးခြင်းနှင့် လုပ်ခပေးခြင်း မှတ်တမ်းများ၊ |
|
|
(၄) |
အလုပ်ရှင်၊ မန်နေဂျာနှင့် အုပ်ချုပ်သူတို့၏ မှတ်တမ်းနှင့် စာရင်းများ၊ ယင်းတို့ အပြောင်းအလဲ မှတ်တမ်းများ။ |
|
(ခ) |
အောက်ပါကိစ္စများ ပေါ်ပေါက်ပါက သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးသို့ အကြောင်းကြားရမည်- |
|
|
(၁) |
အလုပ်သမားဦးရေ ပြောင်းလဲခြင်းနှင့် လုပ်ငန်းဌာနနေရပ်လိပ်စာ ပြောင်းလဲခြင်းများ၊ |
|
|
(၂) |
အလုပ်ရှင် ပြောင်းလဲခြင်း၊ လုပ်ငန်းပြောင်းလဲခြင်း၊ အလုပ်ရပ်ဆိုင်းခြင်းနှင့် အလုပ်ပိတ်သိမ်းခြင်းများ၊ |
|
|
(၃) |
အလုပ်တွင် ထိခိုက်မှုကြောင့် ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းနှင့် ရောဂါရခြင်းများ။ |
|
(ဂ) |
အလုပ်မှတ်တမ်းနှင့် စာရင်းများကို ဤဥပဒေအရ လူမှုဖူလုံရေးရုံးချုပ်နှင့် ဒေသဆိုင်ရာ လူမှုဖူလုံရေး အဆင့်ဆင့်တို့က တာဝန်ပေးအပ်သော စစ်ဆေးရေးအဖွဲ့ သို့မဟုတ် အရာရှိက တောင်းဆိုသည့်အခါ တင်ပြရမည်။ |
| ၇၉။ |
(က) |
လူမှုဖူလုံရေးအဖွဲ့သည် ဤဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အလို့ငှာ လူမှုဖူလုံရေး ရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေတို့ကို ထူထောင်၍ ထိန်းသိမ်း |
|
(ခ) |
လူမှုဖူလုံရေးအဖွဲ့သည် မိမိ၏ လူမှုဖူလုံရေး ရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေတို့ဖြင့် ရပ်တည်ရမည်။ |
|
(ဂ) |
လူမှုဖူလုံရေး ရန်ပုံငွေကို အလုပ်ရှင်နှင့် အလုပ်သမားတို့၏ ထည့်ဝင်ကြေးငွေများဖြင့် လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုသည့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ငွေများဖြင့် လည်းကောင်း ထူထောင်ရမည်။ |
|
(ဃ) |
အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေကို အလုပ်ရှင်များ၏ ထည့်ဝင်ကြေးငွေများဖြင့် လည်းကောင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ငွေများဖြင့် လည်းကောင်း ထူထောင်ရမည်။ |
|
(င) |
ထူထောင်ထားသည့် လူမှုဖူလုံရေး ရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေတို့ကို နိုင်ငံတော်ဘဏ်တစ်ခုခုတွင် ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့က ညွှန်ကြားသည့် အခြား ဘဏ်တစ်ခုခုတွင် ဖြစ်စေ သတ်မှတ်ချက်များနှင့်အညီ ဘဏ်စာရင်းဖွင့်၍ အပ်နှံထားရမည်။ |
|
(စ) |
လူမှုဖူလုံရေး ရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေတို့တွင် ပုဒ်မခွဲ (ဂ)နှင့် (ဃ)တို့ပါ ထည့်ဝင်ကြေးငွေနှင့် ထောက်ပံ့ငွေများအပြင် အောက်ပါတို့လည်း ပါဝင်သည်- |
|
|
(၁) |
ရန်ပုံငွေမှ ငွေစုဆောင်းမှု၊ အပ်နှံမှုနှင့် ချေးငှားမှုများမှ ရရှိသော အတိုးငွေများ၊ |
|
|
(၂) |
ဤဥပဒေအရ ချမှတ်သည့် ပျက်ကွက်ကြေးများ၊ |
|
|
(၃) |
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ တိုးပွားငွေများ၊ |
|
|
(၄) |
ပြည်တွင်းပြည်ပမှ စေတနာရှင်များ၏ ထည့်ဝင်လှူဒါန်းသည့် ငွေများ။ |
| ၈၀။ |
လူမှုဖူလုံရေးအဖွဲ့၏ ငွေစာရင်းတွင် အောက်ဖော်ပြပါ အဓိကရန်ပုံငွေ နှစ်ရပ် ပါဝင်ရမည်- |
|
(က) |
လူမှုဖူလုံရေး ရန်ပုံငွေ- |
|
|
(၁) |
ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု ရန်ပုံငွေ၊ |
|
|
(၂) |
မိသားစု ထောက်ပံ့မှု ရန်ပုံငွေ၊ |
|
|
(၃) |
အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေ၊ |
|
|
(၄) |
အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရန်ပုံငွေ၊ |
|
|
(၅) |
လူမှုဖူလုံရေး အိမ်ရာစီမံကိန်း ရန်ပုံငွေ၊ |
|
|
(၆) |
ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၅)နှင့် (၆)တို့ အရ သတ်မှတ်သော အခြား လူမှုဖူလုံရေး ရန်ပုံငွေ။ |
|
(ခ) |
အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေ |
| ၈၁။ |
လူမှုဖူလုံရေးအဖွဲ့သည် ပုဒ်မ ၈၀ အရ ဘဏ်ငွေစာရင်း ဖွင့်လှစ်ထိန်းသိမ်းထားသော ရန်ပုံငွေများကို အာမခံထားသူများ အကျိုးအတွက် လိုအပ်ပါက ရန်ပုံငွေ ခေါင်းစဉ် လွှဲပြောင်းသုံးစွဲခြင်း ပြုနိုင်သည်။ |
| ၈၂။ |
(က) |
လူမှုဖူလုံရေးအဖွဲ့သည် သတ်မှတ်ထားသည့် ငွေစာရင်း လုပ်ထုံးလုပ်နည်းများနှင့် အညီ- |
|
|
(၁) |
မိမိ၏ ရန်ပုံငွေကို ဤဥပဒေပါ လူမှုဖူလုံရေးစနစ်နှင့် အလုပ်တွင် ထိခိုက်မှု အာမခံစနစ်တို့နှင့် သက်ဆိုင်ရာအကျိုးခံစားခွင့်များနှင့် စီမံခန့်ခွဲရေးကိစ္စများ အတွက်သာ သုံးစွဲခွင့်ရှိသည်။ |
|
|
(၂) |
နိုင်ငံခြားသုံးငွေ ရရှိပါက ထိုနိုင်ငံခြားငွေကို သီးခြားဘဏ်စာရင်း ဖွင့်လှစ်ထားရှိ၍ ဤဥပဒေပါ လူမှုဖူလုံရေးစနစ်နှင့် အလုပ်တွင် ထိခိုက်မှု အာမခံစနစ်တို့နှင့် သက်ဆိုင်ရာ အကျိုးခံစားခွင့်များနှင့် စီမံခန့်ခွဲရေး ကိစ္စများအတွက်သာ သုံးစွဲခွင့်ရှိသည်။ |
|
(ခ) |
လူမှုဖူလုံရေး ရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေတို့သည် အာမခံထားသူ အလုပ်သမားများ၏ လူမှုဖူလုံရေးနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အတွက် ထည့်ဝင်စုဆောင်းထားသောငွေ ဖြစ်သဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ရငွေအဖြစ် လွှဲပြောင်းပေးသွင်းခြင်း မပြုရ။ |
| ၈၃။ |
လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေး ရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေတို့ကို နည်းလမ်းတကျ ထိန်းသိမ်းထားရှိနိုင်ရန်နှင့် စစ်ဆေးခြင်း ပြုနိုင်ရန် အလို့ငှာ ငွေစာရင်း လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ညှိနှိုင်း၍ ရေးဆွဲပြီး ယင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ငွေစာရင်းများကို ပြုစုထိန်းသိမ်း ထားရှိရမည်။ |
| ၈၄။ |
လူမှုဖူလုံရေးအဖွဲ့သည် ပုဒ်မ ၇၉ နှင့် ပုဒ်မ ၈၀ တို့အရ ထူထောင်ထားသည့် လူမှုဖူလုံရေး ရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေတို့ကို တိုးပွားစေရေးအတွက် လတ်တလော အသုံးပြုရန် မလိုသေးသည့် ရန်ပုံငွေဖြင့် တည်ဆဲဥပဒေနှင့် ညီညွှတ်ပြီး အကျိုးအမြတ် ရရှိနိုင်မည့် အောက်ပါလုပ်ငန်းကိစ္စတို့ကို ဆောင်ရွက်နိုင်သည်- |
|
(က) |
နိုင်ငံတော်ဘဏ် တစ်ခုခုတွင် ဖြစ်စေ၊ အခြားဘဏ်တစ်ခုခုတွင် ဖြစ်စေ ငွေအပ်နှံခြင်း၊ စုဆောင်းခြင်း၊ ငွေစုလက်မှတ် ဝယ်ယူခြင်းနှင့် ငွေချေးသက်သေခံလက်မှတ် ဝယ်ယူခြင်း၊ |
|
(ခ) |
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုခုကို လုပ်ကိုင်ခြင်းနှင့် အရင်းအနှီး ထည့်ဝင်ခြင်း၊ |
|
(ဂ) |
ထည့်ဝင်ကြေးငွေ ပေးသွင်းထားသူများအား သင့်လျော်သော စည်းကမ်းချက်များဖြင့် အတိုး သတ်မှတ်၍ ချေးငွေများထုတ်ချေးခြင်း၊ |
|
(ဃ) |
စီမံကိန်း ချမှတ်၍ လူမှုဖူလုံရေး အိမ်ရာများ တည်ထောင်ပြီး ရင်းနှီးမြှုပ်နှံခြင်း၊ |
|
(င) |
လူမှုဖူလုံရေးအဖွဲ့ပိုင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ငှားရမ်းခြင်း၊ အသုံးမလိုသည့် ထိုပစ္စည်းတစ်ခုခုကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း |
|
(စ) |
လူမှုဖူလုံရေးအဖွဲ့၏ အကျိုးအတွက် အခြားလုပ်ငန်းတစ်ခုခုကို လုပ်ကိုင်ခြင်း။ |
| ၈၅။ |
လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေး ရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေတို့နှင့် စပ်လျဉ်း၍ လာမည့်ဘဏ္ဍာရေးနှစ်အတွက် ခန့်မှန်းခြေ ရငွေနှင့် သုံးငွေများကို ဖော်ပြသည့် ရသုံးမှန်းခြေ ငွေစာရင်းကို ပြုစုပြီး အလုပ်သမားဝန်ကြီးဌာမှ တဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်။ |
| ၈၆။ |
အလုပ်သမားဝန်ကြီးဌာနသည် လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဝန်ထမ်းဖွဲ့စည်းပုံနှင့်အညီ လူမှုဖူလုံရေးများ၊ ဆေးရုံများနှင့် ဆေးခန်းများတွင် ဝန်ထမ်းများကို ခန့်အပ်တာဝန်ပေးပြီး ၎င်းတို့၏ လစာ၊ စရိတ်၊ ပင်စင်လစာနှင့် အခြားခံစားခွင့်များကို အစိုးရဝန်ထမ်းများနှင့် သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့်အညီ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲခွင့် ပြုရမည်။ |
| ၈၇။ |
(က) |
လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေး ရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေတို့ဖြင့် ရပ်တည်၍ ထိုရန်ပုံငွေတို့မှ အကျိုးခံစားခွင့်များ ပေးရာတွင် လုံလောက်မှု မရှိပါက အကျိုးအကြောင်းဖော်ပြ၍ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ခြင်း၊ ထောက်ပံ့ခြင်း သို့မဟုတ် ချေးငွေများ ထုတ်ချေးခြင်း ပြုနိုင်ရန် အလုပ်သမားဝန်ကြီးဌာနမှ တစ်ဆင့် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြတောင်းခံနိုင်သည်။ |
|
(ခ) |
ပြည်ထောင်စုအစိုးရအဖွဲ့သည် ပုဒ်မခွဲ (က)အရ တင်ပြတောင်းခံချက်နှင့် စပ်လျဉ်း၍ စိစစ်ပြီး သင့်လျော်သော ငွေပမာဏကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ခြင်း၊ ထောက်ပံ့ခြင်း သို့မဟုတ် သင့်လျော်သည့် စည်းကမ်းချက်များဖြင့် ချေးငွေများ ထုတ်ချေးခြင်း ပြုနိုင်သည်။ |
|
(ဂ) |
အလုပ်သမားဝန်ကြီးဌာနသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲသည့်ငွေ၊ ထည့်ဝင်ငွေ၊ ထောက်ပံ့ငွေတို့နှင့် စပ်လျဉ်း၍ နှစ်စဉ် ရသုံးမှန်းခြေ ငွေစာရင်းကို ပြည်ထောင်စု အစိုးရ အဖွဲသို့ တင်ပြ၍ အတည်ပြုချက် ရယူပြီး လူမှုဖူလုံရေးအဖွဲ့အား စီမံခန့်ခွဲစေရမည်။ |
|
(ဃ) |
လူမှုဖူလုံရေးအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲသည့်ငွေ၊ ထည့်ဝင်ငွေ၊ ထောက်ပံ့ငွေတို့နှင့် စပ်လျဉ်း၍ ပုံမှန် စာရင်းစစ်ဆေးမှု ပြုလုပ်ရမည့်အပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးမှုကိုလည်း ခံယူရမည်။ ထို့ပြင် နှစ်စဉ် စာရင်းစစ်ဆေးချက် အစီရင်ခံစာကို အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြရမည်။ |
|
(င) |
ပြည်ထောင်စုအစိုးရအဖွဲ့သည် ပုဒ်မ ၁၃၊ ပုဒ်မခွဲ (င)၊ ပုဒ်မခွဲငယ် (၁)နှင့် ပုဒ်မ ၈၄၊ ပုဒ်မခွဲ (ဃ)တို့အရ အကောင်အထည်ဖော်ဆောင်ရွက်မည့် လူမှုဖူလုံရေး အိမ်ရာစီမံကိန်းများအတွက် မြေနေရာနှင့် စပ်လျဉ်း၍ လူမှုဖူလုံရေးအဖွဲ့၏ တင်ပြတောင်းခံချက်အပေါ် အစိုးရက စီမံခန့်ခွဲသော မြေများမှ သင့်လျော်သည့် မြေကွက်များကို စည်းကမ်းချက်များ သတ်မှတ်၍ သုံးစွဲခွင့် ပြုနိုင်သည်။ ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဖူလုံရေး အိမ်ရာစီမံကိန်းအတွက် နိုင်သည်။ |
အငြင်းပွားမှုများကို ဖြေရှင်း ဆုံးဖြတ်ခြင်း
| ၈၉။ |
(က) |
အောက်ဖော်ပြပါ ကိစ္စတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ပေါ်ပေါက်သော အငြင်းပွားမှုများကို ဖြေရှင်း ဆုံးဖြတ်ပေးရန် သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးသို့ တင်ပြနိုင်သည်- |
|
|
(၁) |
လုပ်ငန်းဌာန တစ်ခုခုသည် ဤဥပဒေနှင့် သက်ဆိုင်ခြင်း ရှိ မရှိ ကိစွ၊ |
|
|
(၂) |
အလုပ်ရှင်နှင့် အလုပ်သမားတို့သည် ဤဥပဒေနှင့် သက်ဆိုင်ခြင်းရှိ မရှိ ကိစ္စ၊ |
|
|
(၃) |
ဤဥပဒေအရ ထည့်ဝင်ကြေးပေးရန် တာဝန်နှင့် ထည့်ဝင်ကြေးငွေ၊ ပျက်ကွက်ကြေးငွေ ပမာဏနှင့် စပ်လျဉ်းသည့် ကိစ္စ၊ |
|
|
(၄) |
အကျိုးခံစားခွင့်များ ရထိုက်ခွင့် ရှိ မရှိ ကိစ္စ၊ |
|
|
(၅) |
အကျိုးခံစားခွင့် အပြည့်အဝ ရ မရနှင့် ငွေကြေးအကျိုးခံစားခွင့် ပမာဏ သို့မဟုတ် ယင်းအကျိုးခံစားခွင့်ပေးသည့် နည်းလမ်းတို့နှင့် စပ်လျဉ်းသည့် ကိစ္စ၊ |
|
|
(၆) |
အလုပ်ရှင်က ပုဒ်မ ၆၆၊ ပုဒ်မခွဲ (က)ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်သည့်အတွက် ထိခိုက်နစ်နာမှုနှင့် စပ်လျဉ်း၍ အာမခံထားသူက တင်ပြသည့် ကိစ္စ။ |
|
(ခ) |
ပုဒ်မခွဲ (က)ပါ အငြင်းပွားမှုအနက် လူမှုဖူလုံရေးနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် တစ်ရပ်ရပ်နှင့် သက်ဆိုင်သော အငြင်းပွားမှုကို လည်းကောင်း၊ အလုပ်ရှင်က ပုဒ်မ ၆၆၊ ပုဒ်မခွဲ (က)ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်သည့်အတွက် ထိခိုက်နစ်နာမှုနှင့် သက်ဆိုင်သော အငြင်းပွားမှုကို လည်းကောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိသည် အငြင်းပွားသူများကို ဆင့်ခေါ်၍ သတ်မှတ်ချက်များနှင့်အညီ ဦးစွာစေ့စပ်ညှိနှိုင်းပြီး နှစ်ဖက်သဘောတူ ဖြေရှင်းပေးရမည်။ |
|
(ဂ) |
မြို့နယ် လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိသည် ပုဒ်မခွဲ (ခ)အရ စေ့စပ်ညှိနှိုင်းပြီး နှစ်ဖက်သဘောတူ ဖြေရှင်းပေးသော်လည်း ပြေလည်မှုမရရှိသည့် ကိစ္စကို လည်းကောင်း၊ ပုဒ်မခွဲ (က)ပါ အငြင်းပွားမှုကိစ္စ တစ်ရပ်ရပ်ကို လည်းကောင်း၊ သတ်မှတ်ချက်များနှင့်အညီ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး သင့်လျော်သည့် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို ချမှတ်နိုင်ရန် ထိုစုံစမ်းစစ်ဆေးချက်များကို သဘောထားမှတ်ချက်နှင့်အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူမှုဖူလုံရေးရုံးသို့ တင်ပြရမည်။ |
|
(ဃ) |
ပုဒ်မခွဲ (က)ပါ အငြင်းပွားသည့် ကိစ္စများနှင့် စပ်လျဉ်း၍ မည်သည့် တရားရုံးတွင်မျှ တရားမကြောင်းအရ တရားစွဲဆိုခွင့် မရှိစေရ။ သို့ရာတွင် ကျန်ရစ်သော မှီခိုသူများမှာ တရားဝင် အမွေဆက်ခံသူများ ဟုတ် မဟုတ်ကို လည်းကောင်း၊ ထိုသူတို့က တရားဝင် အကျိုးခံစားခွင့် ရှိ မရှိကို လည်းကောင်း အငြင်းပွားမှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ချက်အတိုင်း ဖြစ်စေရမည်။ |
| ၉၀။ |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လူမှုဖူလုံရေးရုံးသည်- |
|
(က) |
ပုဒ်မ ၈၉၊ ပုဒ်မခွဲ (ဂ)အရ တင်ပြချက်ကို စိစစ်ပြီး လိုအပ်ပါက စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်ခြင်း သို့မဟုတ် ထပ်မံပြုလုပ်စေခြင်း ပြုနိုင်သည်။ |
|
(ခ) |
ပုဒ်မခွဲ (က)အရ ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာ အငြင်းပွားသူများအား ထုချေဖြေရှင်းခွင့်ပေးခြင်းနှင့် နှစ်ဖက်ကြားနာခြင်းများပြုပြီး အငြင်းပွားမှုနှင့် စပ်လျဉ်း၍ သင့်လျော်သည့် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို ချမှတ် နိုင်သည်။ |
| ၉၃။ |
ပုဒ်မ ၉၂ အရ တရားစွဲဆိုခြင်း ခံရသော မည်သည့် အလုပ်ရှင်မဆို ထည့်ဝင်ကြေးငွေနှင့် ပျက်ကွက်ကြေးများကို ပေးသွင်းရန် တမင်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။ |
| ၉၄။ |
(က) |
မည်သည့် အလုပ်ရှင်မဆို ပုဒ်မ ၁၆၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မ ၄၈၊ ပုဒ်မခွဲ (က)တို့ပါ မှတ်ပုံတင်၍ အာမခံထားရန် တာဝန်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။ |
|
(ခ) |
မည်သည့် အလုပ်ရှင်မဆို ပုဒ်မ ၅၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ၇၇နှင့် ပုဒ်မ ၇၈၊ ပုဒ်မခွဲ (ဂ)တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။ |
|
(ဂ) |
မည်သူမဆို ပုဒ်မ ၇၁ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။ |
|
(ဃ) |
မည်သည့် အလုပ်ရှင်မဆို ပုဒ်မ ၅၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မခ ၇၄နှင့် ပုဒ်မ ၇၅ တို့ပါ လိုက်နာရမည့် တာဝန် တစ်ရပ်ရပ်ကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ |
|
(င) |
မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းနှင့် အမိန့်တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။ |
| ၉၆။ ဤဥပဒေအရ ပေးအပ်သော လုပ်ငန်းတာဝန်များကို သဘောရိုးဖြင့် ဆောင်ရွက်သော မည့်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုမဆို ပြစ်မှုကြောင်းအရ သော်လည်းကောင်း၊ တရားမကြောင်းအရ သော်လည်းကောင်း တရားစွဲဆိုခွင့် မရှိစေရ။ |
| ၉၇။ အစိုးရဝန်ထမ်း မဟုတ်သော လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်၊ အလုပ်အမှုဆောင် ကော်မတီဝင်၊ လူမှုဖူလုံရေး အယူခံခုံအဖွဲ့၏ အဖွဲ့ဝင်၊ ဆေးဘက်ဆိုင်ရာ အကြံပေးအဖွဲ့၏ အဖွဲ့ဝင်နှင့် ဤဥပဒေအရ တာဝန်ပေးအပ်သည့် အခြားအဖွဲ့ဝင် တစ်ဦးဦး သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးသည် ဤဥပဒေအရ ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေချိန်တွင် ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။ |
| ၉၈။ ဤဥပဒေအရ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေနှင့် ပျက်ကွက်ကြေးများပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဤဥပဒေအရ ထုတ်ပေးသော အကျိုးခံစားခွင့်များနှင့် စပ်လျဉ်း၍ လည်းကောင်း တံဆိခေါင်းခွန်နှင့် ဝင်ငွေခွန် ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရှိစေရမည်။ |
| ၉၉။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အကျိုးငှာ ဤဥပဒေပါ ပြဋ္ဌာန်းချက် အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်အရ လတ်တလောဆောင်ရွက်ရန် မလိုအပ်သေးသော ဒေသများကို သော်လည်းကောင်း၊ ဤဥပဒေနှင့် သက်ဆိုင်သည့် လုပ်ငန်းဌာန တစ်ခုခုကို သော်လည်းကောင်း၊ အလုပ်ရှင်နှင့် အလုပ်သမား အမျိုးအစားကို သော်လည်းကောင်း၊ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုနိုင်သည်။ |
| ၁၀၀။ အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ္ဍာရန်ပုံငွေ ဖူလုံမှုနှင့် လုပ်ငန်းဌာနများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို လည်းကောင်း၊ ပြောင်းလဲလာသည့် လူမှုရေးလိုအပ်ချက်များကို လည်းကောင်း၊ နယ်မြေ ဒေသအလိုက် ဇုန်အလိုက် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို လည်းကောင်း အခြေပြု၍ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေအတွက် သတ်မှတ်ထားသည့် ထည့်ဝင်ကြေးနှုန်းထားများနှင့် အကျိုးခံစားခွင့်များကို ပြင်ဆင်ခြင်းနှင့် အာမခံစနစ်များ အဆင့်ဆင့် အကောက်အထည်ဖော်ခြင်းကို လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဆောင်ရွက်နိုင်သည်။ |
| ၁၀၁။ |
(က) |
၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေး အက်ဥပဒေအရ သတ်မှတ်ထားသော အာမခံစနစ်အတွက် ထည့်ဝင်ကြေးငွေ ပေးသွင်းခဲ့သည့် အလုပ်ရှင်နှင့် အလုပ်သမားတို့သည် ဤဥပဒေနှင့်အညီ တည်ထောင်ထားသော လူမှုဖူလုံရေး ရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေများကို သတ်မှတ်ချက်များနှင့်အညီ ဆက်လက် ပေးသွင်းရမည်။ |
|
(ခ) |
ဤဥပဒေ အာဏာတည်ပြီးနောက် တောင်းဆိုခွင့်ရှိသော အကျိုးခံစားခွင့် အားလုံးနှင့် စပ်လျဉ်း၍ ဤဥပဒေအရ သတ်မှတ်ထားသည့် ထည့်ဝင်ကြေးကာလ ပြည့်မီမှသာလျှင် ဤဥပဒေအရ ခွင့်ပြုထားသော အကျိုးခံစားခွင့်များကို သတ်မှတ်ချက်များနှင့် အညီ ခံစားခွင့်ရှိစေရမည်။ |
|
(ဂ) |
၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေး အက်ဥပဒေအရ ပေးရန်ရှိသည့် အထွေထွေအရပ်ရပ် အာမခံစနစ်အတွက် အကျိုးခံစားခွင့်များကို ဤဥပဒေပါ ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု ရန်ပုံငွေမှ ကျခံသုံးစွဲရမည်။ |
|
(ဃ) |
၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေး အက်ဥပဒေအရ ပေးရန်ရှိသည့် အလုပ်တွင်ထိခိုက်မှု အာမခံစနစ်အတွက် အကျိုးခံစားခွင့်များကို ဤဥပဒေပါ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေမှ ကျခံသုံးစွဲရမည်။ |
| ၁၀၂။ အာမခံထားသူသည် လုပ်ခကို နိုင်ငံခြားသုံးငွေဖြင့် ရရှိပါက လူမှုဖူလုံရေး ရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေတို့သို့ ထည့်ဝင်ကြေးငွေများကို သတ်မှတ်ထားသော နှုန်းထားများအတိုင်း နိုင်ငံခြားသုံးငွေဖြင့် ပေးသွင်းရမည်ဖြစ်ပြီး လူမှုဖူလုံရေးနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အသီးသီးကိုလည်း သတ်မှတ်ချက်များနှင့်အညီ နိုင်ငံခြားသုံးငွေဖြင့် ခံစားခွင့် ရှိစေရမည်။ |
| ၁၀၃။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်- |
|
(က) |
အလုပ်သမားဝန်ကြီးဌာနသည် လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်နိုင်သည်။ |
|
(ခ) |
အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့ တို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။ |
| ၁၀၄။ ဤဥပဒေ စတင် အာဏာတည်သည့် နေ့မှစ၍ ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေး အက်ဥပဒေသည် အာဏာတည်ခြင်းမှ ရပ်စဲစေရမည်။ |