အလုပ်သမားများအတွက် တတိယအကြိမ် ထောက်ပံ့ကြေး ၁၀၀၀ ကျပ်
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၃၀-၉-၂၀၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၁၀/၂၀၂၅) အရ အစိုးရဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ထုတ်ပြန်သတ်မှတ်ပြီးနောက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ၁၄-၁၀-၂၀၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၅) အရ ပုဂ္ဂလိကလုပ်ငန်းများရှိ အလုပ်သမားများအတွက် တတိယအကြိမ် အပိုထောက်ပံ့ကြေး ၁,၀၀၀ ကျပ်ကို ထုတ်ပြန်သတ်မှတ်လိုက်ပြီ ဖြစ်ပါသည်။
အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၅)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ
အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၅)
(၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်)
အလုပ်သမားများအတွက် အပိုထောက်ပံ့ကြေးငွေ သတ်မှတ်ကြေညာခြင်း
၁။ အနည်းဆုံးအခကြေးငွေနှုန်းထားများကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ၊ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဃ) နှင့်အညီ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်၍ ဆုံးဖြတ်ခဲ့သည့် “မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ကျပ် ၆၀၀ (ခြောက်ရာကျပ်) နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ကျပ် ၄,၈၀၀ (လေးထောင့်ရှစ်ရာကျပ်)” ကို ပြည်ထောင်အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမျိုးသားကော်မတီမှ ၁၄-၅-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၈) ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့ပါသည်။
၂။ ထိုသို့ အနည်းဆုံးအခကြေးငွေနှုန်း အလုပ်ချိန် (၈) နာရီတစ်ရက်အတွက် ကျပ် ၄,၈၀၀/- သတ်မှတ်ခဲ့ခြင်းအပေါ် ၉-၁၀-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၃) ဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀/- (တစ်ထောင်ကျပ်တိတိ) ကိုလည်းကောင်း၊ ၉-၈-၂-၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၂၄) ဖြင့် လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀/- အပြင် ထပ်မံ၍ ကျပ် ၁,၀၀၀/- ကို အပိုထောက်ပံ့ကြေးအဖြစ် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ ခံစားခွင့်ပြုရန် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
၃။ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများ၏ “လုပ်ခကို အလုပ်ချိန် တစ်နေ့ (၈) နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခကျပ် ၄,၈၀၀/- အပေါ်တွင် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀/- ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ပထမအကြိမ်အဖြစ်လည်းကောင်း၊ ထပ်မံ၍ ကျပ် ၁,၀၀၀/- ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှ စတင်၍ ဒုတိယအကြိမ်အဖြစ်လည်းကောင်း လစဥ်ခံစားခွင့်ပြုခဲ့ပါသည်။ ယခုအခါ လက်ရှိ ထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၂,၀၀၀/- အပြင် ထပ်မံ၍ ကျပ် ၁,၀၀၀/- ကို အပိုထောက်ပံ့ကြေးအဖြစ် ခံစားခွင့်ပြုရန်ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဥ်လုပ်ခ ကျပ် ၇,၈၀၀/- (ကျပ်ခုနှစ်ထောင့်ရှစ်ရာတိတိ) ကို ခွင့်ပြုရန်ဖြစ်ပါသည်” ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၃၀-၉-၂၀၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၁၀/၂၀၂၅) ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့ပါသည်။
၄။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေးကျပ် ၂,၀၀၀/- အပြင် ထပ်မံ၍ ကျပ် ၁,၀၀၀/- ကို အပိုထောက်ပံ့ကြေးအဖြစ် အလုပ်လုပ်သောရက်များနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ ခံစားခွင့်ပြုရန် ဖြစ်ပါသည်။
၅။ ဤသတ်မှတ်ချက်သည် အလုပ်သမား ၁၀ ဦးအောက်ရှိလုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိစေရ။
၆။ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ၉-၈-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄) ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။
English Version (Unofficial Translation)
Republic of the Union of Myanmar
National Committee for Determining the Minimum Wage
Notification No. (1/2025)
(14 October 2025)
Declaration on Additional Allowance for Workers
- In accordance with Section 10, Subsection (d) of the 2013 Minimum Wage Law, and following tripartite discussions and negotiations, the National Committee established with approval of the Union Government the nationwide minimum wage rate—regardless of region or type of enterprise—at MMK 600 per hour and MMK 4,800 per day (8 working hours). This was announced under Notification No. (2/2018), dated 14 May 2018.
- Based on the minimum wage rate of MMK 4,800 per 8-hour workday, Notification No. (2/2023), dated 9 October 2023, granted an additional allowance of MMK 1,000 starting from 1 October 2023. Furthermore, under Notification No. (1/2024), dated 9 August 2024, an additional MMK 1,000 was granted as supplementary allowance, to be enjoyed in accordance with the 1951 Leave and Holidays Act.
- For daily-paid civil servants and daily wage earners employed in government departments and organizations, it was stipulated that starting from October 2023, an additional MMK 1,000 would be granted as the first supplementary adjustment on top of the current daily wage of MMK 4,800, and starting from August 2024, a second additional MMK 1,000 would be granted.
- Now, in addition to the current supplementary allowance of MMK 2,000, a further MMK 1,000 is hereby approved as an additional allowance, bringing the total daily wage for daily-paid workers to MMK 7,800 (seven thousand eight hundred kyats).
- This has been officially set forth by the Ministry of Planning and Finance under Notification No. (110/2025), dated 30 September 2025.
- Effective from 1 October 2025, in addition to the existing supplementary allowance of MMK 2,000, a further MMK 1,000 shall be granted as an additional allowance, to be enjoyed on working days and in accordance with the 1951 Leave and Holidays Act.
- This provision shall not apply to small enterprises with fewer than 10 workers and, family-owned and operated businesses.
- Notification No. (1/2024), dated 9 August 2024 of the National Committee for Determining the Minimum Wage is hereby superseded and revoked by this Notification.
အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၅)
