Back

အစိုးရဝန်ထမ်းများအတွက် တတိယအကြိမ် အပိုထောက်ပံ့ကြေး

အစိုးရဝန်ထမ်းများ၊ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများအတွက် အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့်ပြုထားသော ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၁၀/၂၀၂၅) အရ -

  • အစိုးရဝန်ထမ်းများသည် လက်ရှိခံစားလျက်ရှိသော အပိုထောက်ပံ့ကြေး ကျပ် ၆၀,၀၀၀/- အပြင် ထပ်မံ၍ ကျပ် ၃၀,၀၀၀/- တိတိ
  • အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားဝန်ထမ်းနှင့် နေ့စားအလုပ်သမားများသည် လက်ရှိသတ်မှတ်ထားသော လုပ်ခ ၄,၈၀၀ ကျပ်နှင့် လက်ရှိခံစားလျက်ရှိသော အပိုထောက်ပံ့ကြေး ၂,၀၀၀ ကျပ်အပြင် ထပ်မံ၍ ကျပ် ၁,၀၀၀/- (စုစုပေါင်း ၇,၈၀၀ ကျပ်) တိတိ

ခံစားခွင့်ပြုသည်ဟု ထုတ်ပြန်ကြေငြာထားပါသည်။

Members READMORE →