Back

What is MGMAemp

Employers’ Package ဆိုတာဘာလဲ?

Employers’ Package ဆိုတာ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ကဆောင်ရွက်တဲ့ အလုပ်ရှင်များအတွက် ဝန်ဆောင်မှုအစု ဖြစ်ပါတယ်။ အထူးသဖြင့် MGMAemp ဟာ လုပ်သားအင်အား အများအပြား လုပ်ကိုင်ရတဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍက လုပ်ငန်းရှင်တွေအတွက် ရည်ရွယ်ပါတယ်။

MGMAemp Trainings 2026 →

ဝန်ဆောင်မှုတွေက ဘာတွေလဲ?

ဝန်ဆောင်မှုတွေက အဓိကအားဖြင့်

  • သတင်းအချက်အလက်နှင့် အကြံပေးခြင်း
  • အငြင်းပွားမှု ကူညီဖြေရှင်းပေးခြင်း
  • ဖွံ့ဖြိုးရေးနှင့် သင်တန်းပို့ချပေးခြင်း

တို့ဖြစ်ပါတယ်။ အသေးစိတ်ကို Services ကြည့်နိုင်ပါတယ်။

ဝန်ဆောင်မှုတွေကို ဘယ်လိုယူရမလဲ?

MGMAemp Member ဖြစ်ဖို့လိုပါတယ်။ Member Registration လုပ်မယ်ဆိုရင် စက်ရုံအနေနဲ့ လုပ်လို့ရသလို လူပုဂ္ဂိုလ်အနေနဲ့လည်း လုပ်လို့ရပါတယ်။ Registration Fees တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

Registration Fees?

တစ်နှစ်စာ
စက်ရုံ/ကုမ္ပဏီ → ၃၀၀,၀၀၀ ကျပ်
လူပုဂ္ဂိုလ် → ၁၀၀,၀၀၀ ကျပ်

ဘာကွာတာလဲ?

စက်ရုံ/ကုမ္ပဏီ အနေနဲ့ဆိုရင်

  • သင်တန်းအားလုံးကို သင်တန်းသား ၅ ဦးစီအထိ တက်ရောက်နိုင်ပြီး
  • MGMAemp App မှာ Gmail Account (၃) ခု တစ်နှစ်စာ Login ဝင်နိုင်ပါတယ်။

လူပုဂ္ဂိုလ် အနေနဲ့ဆိုရင်

  • သင်တန်းအားလုံး တက်ရောက်နိုင်ပြီး
  • MGMAemp App မှာ Gmail Account (၁) ခု တစ်နှစ်စာ Login ဝင်နိုင်ပါတယ်။

ကျန်ဝန်ဆောင်မှုတွေက အတူတူဖြစ်ပါတယ်။ အသေးစိတ်ကို Services မှာ ကြည့်နိုင်ပါတယ်။

ဘယ်လို Registration လုပ်ရမလဲ?

https://mgmaemp.com/register မှာ Registration လုပ်လို့ရပါတယ်။

2026 ခုနှစ်အတွက် သင်တန်းအချိန်ဇယားထွက်ပြီလား?

ဟုတ်ကဲ့ထွက်ပါပြီ။ အောက်ကလင့်မှာကြည့်နိုင်ပါတယ်။
MGMAemp Trainings 2026 →

MGMAemp ပိုသိချင်ရင်
About →
Services →
Trainings →
Register →
ဆက်လက်ဖတ်ရှုပါ။

MGMAemp ကို App အနေနဲ့ install လုပ်ထားချင်ရင်

https://mgmaemp.com သည် Progressive Web App (PWA) ဖြစ်ပါသည်။

ဖုန်း Browser ထဲတွင် https://mgmaemp.com ကို ဝင်ပါ။ Browser က install လုပ်မှာလားမေးရင် လုပ်လိုက်ပါ။ သို့မဟုတ်

  • Chrome on Android
    Settings → Add to Home Screen
  • Safari on iOS
    Share → Add to Home Screen

ကိုနှိပ်၍ install လုပ်နိုင်ပါသည်။

MGMAemp icon

mgmaemp icon